အမှတ်စဉ် ၇၉။

ဗုဒ္ဓဘာသာကို မယုံကြည်လို့ မေးမြန်းလာသောမေးခွန်းများကို တိကျသော ဖြေကြားချက်များ-၃

(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူကကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင် ပါသလဲ။

ဖြေ - လျှပ်စစ်ဓါတ်ကို တွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေးဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကိုတွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင်အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့လီယိုနာဒို ဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲသူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင်ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အ ကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင်ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွားပေါ်လာပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကိုအခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက်ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်ဒီလိုစွမ်းအားများ ရှိနေနိုင် တာ ဖြစ်ပါတယ်။

[ဘုရားရှင်ရဲ့တရားတော်တွေက အ ကောင်း၊အဆိုး၊အမှား၊အမှန်၊အ ကြောင်း အကျိုးတွေကို သေချာခွဲခြား သိရှိ နိုင်စေပါတယ်။လောက အမှန်တရားတွေကို သိရှိခွင့် ရပါတယ်။

ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကိုနာကြားခွင့် ရရုံနဲ့၊ဖတ်ရှုခွင့် ရရုံနဲ့ ကြီးစွာသောအကျိုးကျေးဇူးတွေကို ခံစားရမှာပါ။တရားတော်တွေကို လက်တွေ့ ကျင့်သုံးမယ် ဆို ရင် တော့ကျင့်သုံးနိုင် ရင် ကျင့်သုံးနိုင် သလောက် အကျိုးကျေးဇူးတွေ ပိုပီးတော့ ရရှိမှာပါ။

ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကို(သူများပြောလို့၊ဘုရားဟောလို့ သိတာမျိုးမဟုတ်ဘဲ) လက်တွေ့ ကျင့်သုံးမယ်ဆိုရင်၊ကိုယ်တိုင်လက်တွေ့ သိအောင် ကျိုးစားအားထုတ်မယ်ဆိုရင်၅မိနစ် ကျင့်သုံးရင်၊၅မိနစ် အားထုတ်ရင် ၅မိနစ်စိတ်အေးချမ်းခြင်း အကျိုးကို လက်တွေ့ လက်ငင်းရရှိမှာပါ။၁နာရီ အားထုတ် ရင် တနာရီ စိတ်အေးငြိမ်းပါတယ်။အာမခံချက် အပြည့်အဝ ပေးနိုင် တဲ့ ဗုဒ္ဓတရားတော်တွေ ဖြစ်ပါတယ်။ဒီလို အာမခံချက်ပေးနိုင် တာဟာ လောကမှာ ဗုဒ္ဓဘာသာ တခုပဲရှိပါတယ်။လာခဲ့ပါ၊ရှုကြည့်၊ကျင့်သုံး ကြည့်ပါ လို့ ရဲရဲ ရင့် ရင့်အာမခံချက် ပေးနိုင် ပါတယ်။ မယုံဘူးဆိုရင်သင် ကိုယ် တိုင် ကျင့်သုံးကြည့်လိုက်ပါ မိတ်ဆွေ။အ ပြော မဟုတ် ပါဘူး။လက်တွေ့မှ လက်တွေ့ စစ်စစ်ပါ။

လက်တွေ ကျင့်ကြံလို့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် ရရှိပီး နိဗ္ဗာန် ဝင် စံတဲ့အခါမှာလည်း သာမာန် ဆင်းရဲသားက ရဟန္တာဖြစ်ပီး ပရိနိဗ္ဗာန်ပြုလို့ ဝင် စံတဲ့ နိဗ္ဗာန်နဲ့ဘုရားရှင် တွေ၊ပ စ္စေက ဗုဒ္ဓါ တွေ ပရိနိဗ္ဗာန်ပြုလို့ဝင် စံတဲ့ နိဗ္ဗာန်ဟာ တခုတည်းပါပဲ။ဘုရားရှင် မို့လို့၊ဆင်းရဲသား မို့လို့ ဆိုပီး ဝင် စံတဲ့ နိဗ္ဗာန်ဟာ မတူဘူးရယ်လို့ မရှိပါဘူး။အဆင့်အတန်း မခွဲခြားပါဘူး။နိဗ္ဗာန်ဝင် စံသူ မှန် သမျှ တတန်းတည်း အတူတူပါပဲ။နိဗ္ဗာန်မှာ အေးငြိမ်း ချမ်းသာမှုချင်းလည်း အတူတူပါပဲ။]

(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။

ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ ဖြစ်စေ၊ထာဝရဘုရားရဲ့ သားတော်လို့ ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားရင်ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။

[ဘုရားရှင် ကပဲ ဘုရားရှင် ဖြစ်ခွင့် ရှိတယ်ရယ်လို့မရှိပါဘူး။ဘုရားဆု ပန်ပီး ဘုရားအ လောင်းတော်များဖြည့်ကျင့်တဲ့ ပါရမီတော်တွေကို ဖြည့်ကျင့်မယ်ဆိုရင်၊ဘုရားအ လောင်းတော်များ ပေးဆပ် သလိုပေးဆပ် နိုင် တဲ့ မဟာ ကရုဏာတော် ရှိပီးပေးဆပ်မယ် ဆိုရင် ဘယ်သူမဆို ဘုရားဖြစ်နိုင်ပါတယ်။ပေးဆပ်နိုင် ဖို့၊ကျင့်ကြံနိုင် ဖို့တော့ လိုပါတယ်။]

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင်ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။

ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့ကတစ်စုံတစ်ခုသော တန်ခိုးရှင် ဘုရား (God) ကိုကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာတောင်းကြတယ်။ အဲဒီလို လုပ်ကြတာက တော့မိမိတို့ရဲ့ ချီးကျူး ထောပနာသံကို အဲဒီဘုရားကကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကိုလက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကိုဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။

ဗုဒ္ဓဘာသာဝင်တွေ က တော့ ဒီလို ကိုးကွယ်ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။

တခြား ကိုးကွယ် ဆည်းကပ်မှု တစ်မျိုးက တော့မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦးသို့မဟုတ် တစ်စုံတစ် ရာကို ရိုသေသမှု ဂါရ၀ပြုကြတယ်။ဆရာအခန်းထဲ ၀င် လာရင် နေရာကထ ပေးကြတယ်။ ဂုဏ်သ ရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်းတီးရင် မတ်တပ် ရပ် အ လေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေ လေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာဖြစ်ပါတယ်။

ဒီလို အရိုအ သေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင် ခွင် ထက်မှာလက်နှစ်ဖက်ကို ရွရွ က လေး ချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အ မွှေးတိုင်ရဲ့ အ မွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေ စေဖို့ သတိပေးနေပါတယ်။ဆီမီးက တော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သ ဘောကကျွန်ုပ်တို့အား အနိစ္စတရားကို သတိရ စေပါတယ်။ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းကကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်းဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။[ကျေးဇူးရှင် ကို ကျေးဇူးတင် လွန်းလို့ ကန်တော့တာပါ။ဘုရားရှင် ရဲ့ ကျေးဇူးတော် အနန္တကို ရည်မှန်းပီးကန်တော့တာပါ။တန်ခိုးတော် အနန္တ ရှိလို့၊ဥာဏ်တော်အနန္တ ရှိနေလို့၊ဘုန်းတော် အနန္တ ရှိနေလို့ ဘုရားရှင်ကို ကန်တော့တာ မဟုတ်ပါဘူး။ဆင်းတုတော်၊စေတီတော်၊ရုပ်ပွားတော်၊ပုံတော်၊ဓါတု စေတီ၊ဓမ္မစေတီ၊ပရိဘောဂ စေတီတို့ကို ကန်တော့ခြင်းဟာလည်းအဲဒိတွေကို ကန်တော့တာမျိုး မဟုတ်ပါဘူး။ဘုရားရှင်ရဲ့ ကျေးဇူးတော်ကိုသာ ရည်မှန်းပီး ကန်တော့ခြင်းသာဖြစ်ပါတယ်။(ဗုဒ္ဓဘာသာ အ ကြောင်းသေချာ ကျနစွာ၊အတွင်းကျကျ မသိဘဲ)ပန်းချီကား၊ဓါတ်ပုံ၊အုတ်ပုံ၊ဆင်းတုတော်၊ရုပ်ပွားတော်တွေကို ဗုဒ္ဓဘာသာဝင်တွေက ကိုးကွယ် ကန်တော့ နေကြတယ်လို့ ဘာသာခြား တချို့က ပြောတတ်ကြပါတယ်။ဗုဒ္ဓ ဘုရားရှင် ရဲ့ကျေးဇူးတော်ကိုသာ ရည်မှန်းပီး ဗုဒ္ဓဘာသာဝင် တွေက ကန်တော့ ကြတာပါ။ဗုဒ္ဓဘာသာဆိုတာ ရုပ်တု၊ပန်းချီကား၊ပုံတော်၊အုတ်ပုံတွေကို ကိုးကွယ်တဲ့ဝါဒ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ အဆုံးအမ တွေကိုလိုက်နာ၊ကျင့်သုံးကြတာပါ။အဆုံးအမ ပေးတတ်တဲ့ဘုရားရှင် ကို ကျေးဇူးတင်လွန်းလို့ ကျေးဇူးတင်ပီး၊ကျေးဇူး သိပီး ကန်တော့ တာပါ။အရိုအ သေ ပေးတဲ့အ နေနဲ့ ကန်တော့တာပါ။]

Copy by Ven S Dhammika

မှတ်ချက်။ ။[]ထဲက စာတွေက ပိုမို ရှင်းလင်း ပြည့်စုံစွာ နားလည် သိရှိကြ စေဖို့ ကျွန်တော် ထပ်ဖြည့်ပေးထားတာပါ။တရားတော်များကို Shareလိုပါကခွင့်တောင်းရန် မလိုပါ။

စာအရမ်းရှည်နေရင် စာဖတ်ပျင်းသူတွေ မဖတ်ကြရင်မသိကြ၊ကုသိုလ် မရကြမှာ စိုးလို့ နည်းနည်းစီခွဲပီး တင်ပေးနေတာပါ။

ဗုဒ္ဓဘာသာကို မယုံကြည်လို့ မေးမြန်းလာသောမေးခွန်းများကို သြစ တြေးလျ နိုင် ငံသား ဗုဒ္ဓဘာသာဘုန်းတော်ကြီး Ven Shravasti Dhammika အရှင်ဓမ္မိက က တိကျစွာ ဖြေကြားတော်မူပါတယ်။စာအုပ်လည်း ထုတ်ဝေထားပီး စာအုပ် အမည်မှာGood Question Good Answerဖြစ်ပါတယ်။က နေဒါနိုင် ငံ၊ဗန်ကူးဗားမြို့တွင် ကျေးဇူးရှင် ချမ်းမြေ့ဆရာတော်က ထိုစာအုပ်ကို ၁၉၉၂ခုနှစ်၊ဇူလိုင် လမှာဘာသာပြန်ဆိုခြင်းကို စတင်တော် မူခဲ့ပီး ၁၉၉၃၊နွေရာသီ ဟော်လန် တရားစခန်းတွင် ဘာသာပြန်ခြင်းကို အပီးသတ်တော် မူပါတယ်။