စစ်အာဏာရှင်စနစ်

စစ်တပ်မှအုပ်ချုပ်သောအာဏာရှင်စနစ်

စစ်အာဏာရှင်စနစ် ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို စစ်တပ်မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော စစ်အစိုးရနှင့် အာဏာရှင်စနစ်တစ်မျိုးဖြစ်သည်။ ထိုစနစ်၏အာဏာရှင်မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ထိုစနစ်၏ဆန့်ကျင်ဖက်မှာ ပြည်သူများက စစ်ရေးရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။

တစ်ခါတစ်ရံတွင် စစ်အာဏာရှင်စနစ်ကို ခါကီစတိုကရေစီ (khakistocracy) ဟုခေါ်ဆိုကြသည်။[၁][၂][၃] ထိုစကားလုံးသည် ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနှင့် ကာကီ (ခါကီ) (khaki) ခေါ် စစ်သားများဝတ်ဆင်သောအရောင် ဟူသောစကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။

ဖြစ်ပေါ်လာပုံ

စစ်အာဏာရှင်စနစ်သည် "coup d'état" ခေါ် အစိုးရကိုဖြုတ်ချခြင်းမှ ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် အရပ်သားအစိုးရရှိလျက်နှင့်ပင် စစ်တပ်ကိုယ်တိုင်အုပ်ချုပ်မှုများလည်း ရှိနိုင်သည်။ ထိုကဲ့သို့သောအခြေအနေများတွင် အစိုးရသည် စစ်တပ်၏အလိုကိုလိုက်ပေးရခြင်း သို့မဟုတ် အစိုးရ၏အာဏာမှေးမှိန်ခြင်းတို့ဖြစ်တတ်သည်။ သာဓကအားဖြင့် ပထမကမ္ဘာစစ်ကာလ ဂျာမန်အင်ပါယာတွင် ဂျာမန်စစ်ဗိုလ်ချုပ်များသည် ဘုရင် ဝီလ်ဟမ် (Kaiser Wilhelm II) ထက်ပင် အာဏာပို၍ကြီးမားလာခဲ့သည်။ ၁၉၃၁ နောက်ပိုင်း ဂျပန်အင်ပါယာတွင်လည်း စစ်တပ်သည်အစိုးရအားဖြုတ်ချမှုမရှိသော်လည်း ဗီတိုအာဏာကိုအသုံးပြုနိုင်ခဲ့သည်။

စစ်အာဏာရှင်များသည် အရပ်သားအစိုးရကို ပြန်လည်ဖွဲ့စည်းပေးသော်လည်း အစိုးရ၏အကြီးအကဲအဖြစ် ဆက်လက်လုပ်ဆောင်ကြသည်။ ပါကစ္စတန်နိုင်ငံ၏ ဗိုလ်ချုပ်များဖြစ်ကြသော Muhammad Zia-ul-Haq (၁၉၇၇–၁၉၈၈) နှင့် Pervez Musharraf (၁၉၉၉–၂၀၀၈) တို့သည် မိမိ၏သမ္မတရာထူးကို တိုးချဲ့နိုင်ကြသည်။

အကြောင်းပြုခြင်း

စစ်အာဏာရှင်အစိုးရများသည် ထိုသို့အုပ်ချုပ်ရကြောင်းကို နိုင်ငံတော်တည်ငြိမ်စေလိုခြင်း၊ ပြည်သူများအတွက် အန္တရာယ်ရှိသောဝါဒများမှ ကာကွယ်စေလိုခြင်း စသည်တို့ကိုအကြောင်းပြုကြသည်။ စစ်အာဏာရှင်များအားလုံးသည် နိုင်ငံတော်၏အရေးပေါ်အခြေအနေတွင် Martial law ခေါ် စစ်တပ်မှခေတ္တအုပ်ချုပ်ခြင်းကို အကြောင်းပြုပြီးအာဏာသိမ်းခဲ့ကြသည်။

ဘုရင်စနစ်ဖြင့်နှိုင်းယှဉ်ခြင်း

စစ်အာဏာရှင်စနစ်နှင့် ဘုရင်စနစ်တို့မှာ ဆင်တူမှုများရှိသည်။ စနစ်နှစ်ခုလုံး၏ခေါင်းဆောင်များမှာ စစ်ဖက်ရေးရာတွင် အတွေ့အကြုံရှိကြသူများ သို့မဟုတ် စစ်တပ်၏ဦးဆောင်သူများ ဖြစ်ကြသည်။ ထို့အပြင် နောက်ဆက်ခံမည့်သူများကိုလည်း စစ်ပညာကိုသင်ကြားစေသည်။

အဓိကကွာခြားချက်မှာ ‌ဘုရင်စနစ်တွင် မိမိ၏သားများကို နောက်ဆက်ခံမည်သူအဖြစ် တင်မြှောက်နိုင်သည်။ စစ်အာဏာရှင်စနစ်တွင်မူ ထိုကဲ့သို့တင်မြောက်နိုင်စွမ်းမရှိပေ။ ထိုကဲ့သို့မြှောက်တင်ပါကလည်း အာဏာမှာမှေးမှိန်လာခဲ့လေသည်။ သာဓကအားဖြင့် နပိုလီယန်သည် ပြင်သစ်အစိုးရကိုဖြုတ်ချပြီးနောက် ပြင်သစ်နိုင်ငံ၏ဘုရင်အဖြစ်ခံယူလေသည်။ သို့သော် ပြင်သစ်ဘုရင်စနစ်ထောက်ခံသူများနှင့် ဥရောပဘုရင်များသည် နပိုလီယန်ကိုဘုရင်အဖြစ် အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။

လက်ရှိစစ်အာဏာရှင်နိုင်ငံများ

နိုင်ငံယခင်အစိုးရစနစ်ရက်စွဲရက်စွဲ
 ဘင်္ဂလားဒေ့ရှ်Unitary parliamentary constitutional republic၃၀ ဒီဇင်ဘာ ၂၀၁၈၂၀၁၈ ရွေးကောက်ပွဲ
 ဆူဒန်Federal dominant-party presidential republic၁၁ ဧပြီ ၂၀၁၉2019 Sudanese coup d'état
 မာလီUnitary semi-presidential republic၁၉ ဩဂုတ် ၂၀၂၀2020 Malian coup d'état
2021 Malian coup d'état
 မြန်မာUnitary assembly independent constitutional republic၁ ဖေဖော်ဝါရီ ၂၀၂၁၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း
 ချဒ်Unitary dominant-party presidential republic၂၀ ဧပြီ ၂၀၂၁Northern Chad offensive

ယခင်စစ်အာဏာရှင်နိုင်ငံများ

အာဖရိက

အီသီယိုးပီးယား စစ်အာဏာရှင်များ- Mengistu Haile Mariam၊ Aman Mikael Andom နှင့် Atnafu Abate
  1.  အယ်လ်ဂျီးရီးယား (1965–1976; 1992–1994; 2019)
  2.  ဘီနင် (1963–1964; 1965–1968; 1969–1970; 1972–1975)
  3.  ဘာကီးနားဖားဆို (1966–1980; 1980–1982; 1982–1983; 1983–1987; 1987–2014)
  4.  ဘူရွန်ဒီ (1966–1974; 1976–1979; 1987–1992)
  5.  ဗဟိုအာဖရိကသမ္မတနိုင်ငံ (1966–1979; 1981–1986; 2003–2005; 2013–2014)
  6.  ချဒ် (1975–1979; 1982–1990)
  7. Ciskei (1990–1994)
  8.  ကိုမိုရို (1999–2002)
  9. ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (1965–1997)
  10.  ကွန်ဂို (1968–1969; 1977–1979)
  11.  အိုင်ဗရီကို့စ် (1999–2000)
  12.  အီဂျစ် (1953–1956; 1981–2011; 2011–2012; 2013–2015)
  13.  အီကွေတာဂီနီ (1979–1992)
  14.  အီသီယိုးပီးယား (1974–1991)
    Zairean President Mobutu Sese Seko
  15.  ဂမ်ဘီယာ (1994–1996)
  16.  ဂါနာ (1966–1969; 1972–1975; 1975–1979; 1981–1993)
  17.  ဂီနီ (1984–1990; 2008–2010)
  18.  ဂီနီ-ဘီစော (1980–1984; 1999; 2003; 2012)
  19.  လီဆိုသို (1986–1991; 1991-1993; 2014)
  20.  လိုက်ဘေးရီးယား (1980–1986; 1990–1994; 1994-1995; 1995-1996; 1996-1997; 2003–2006)
  21.  လစ်ဗျား (1969–1977)
  22.  မဒါဂတ်စကား (1972–1975)
  23.  မာလီ (1968–1991; 1991-1992; 2012; 2020; 2020–present)
  24.  မော်ရီတေးနီးယား (1978–1979; 1979–1992; 2005–2007; 2008–2009)
  25.  နိုင်ဂျာ (1974–1987; 1987-1989; 1996; 1999; 2010–2011)
  26.  နိုင်ဂျီးရီးယား (1966–1979; 1983–1999)
  27.  ရဝမ်ဒါ (1973–1975)
  28.  ဆောင်တူမေးနှင့် ပရင်စီပီ (1995; 2003)
  29.  ဆီရာလီယွန် (1967–1968; 1992; 1992–1996; 1996; 1997–1998)
  30.  ဆိုမာလီယာ (1969–1991)
  31.  ဆူဒန် (1958–1964; 1969–1971; 1985–1986; 1989–1993; 2019-present)
  32.  တိုဂို (1967–1979)
  33. Transkei (1987–1994)
  34.  တူနီးရှား (1987–2011)
  35.  ယူဂန်းဒါး (1971–1979; 1985; 1985–1986)
  36. Venda (1990–1994; 1994)
  37.  ဇင်ဘာဘွေ (2017–2018)

အမေရိက

Augusto Pinochet၊ ချီလီနိုင်ငံကို ၁၉၇၃ မှ ၁၉၉၀ အထိ အုပ်ချုပ်ခဲ့သူ
  1.  အာဂျင်တီးနား (1835–1852; 1930–1932; 1943–1946; 1955–1958; 1966–1973; 1976–1983)
  2.  ဘိုလီးဗီးယား (1839–1843; 1848; 1857–1861; 1861; 1864–1871; 1876–1879; 1899; 1920–1921; 1930–1931; 1936–1940; 1943–1946; 1951–1952; 1964–1969; 1969–1979; 1980–1982)
  3.  ဘရာဇီး (1889–1894; 1930; 1964–1985)
  4.  ချီလီ (1924–1925; 1925; 1927–1931; 1932; 1973–1990)
  5.  ကိုလံဘီယာ (1854; 1953–1958)
  6.  ကော့စတာရီကာ (1868–1870; 1876–1882; 1917–1919)
  7.  ကျူးဘား (1933; 1952–1959)
  8.  ဒိုမီနီကန်သမ္မတနိုင်ငံ (1899; 1930–1961; 1963–1966)
  9.  အီကွေဒေါ (1876–1883; 1935–1938; 1947; 1963–1966; 1972–1979; 2000)
  10.  အယ်ဆာဗေဒို (1885–1911; 1931–1979; 1979–1982)
  11.  ဂွါတီမာလာ (1931–1944; 1944–1945; 1954–1957; 1957–1966; 1970–1986)
  12.  ဂရီနေဒါ (1983)
  13.  ဟေတီ (1950–1956; 1956–1957; 1986–1990; 1991–1994)
  14.  ဟွန်ဒူးရပ်စ် (1933–1949; 1956–1957; 1963–1971; 1972–1982; 2009–2010)
  15.  မက္ကဆီကို (1821–1822; 1835–1846; 1876–1880; 1884–1911; 1913–1914; 1964–1982)
  16.  နီကာရာဂွါ (1937–1979; 1979–1985)
  17.  ပနားမား (1903–1904; 1968–1989)
  18.  ပါရာဂွေး (1940–1948; 1954–1989)
  19.  ပီရူး (1842–1844; 1865–1867; 1872; 1879–1881; 1914–1915; 1930–1939; 1948–1956; 1962–1963; 1968–1980; 1992–2000)
  20.  ဆူရာနမ် (1980–1991)
  21.  ဥရုဂွေး (1865–1868; 1876–1879; 1933–1938; 1973–1985)
  22.  ဗင်နီဇွဲလား (1858–1859; 1859–1861; 1861–1863; 1908–1935; 1948–1958)

အာရှ

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (၂၀၁၄)
တရုတ်အမျိုးသားရေးခေါင်းဆောင် ချန်ကေရှိတ် (၁၉၄၀)
အင်ဒိုနီးရှားသမ္မတ ဆူဟာတို (၁၉၉၃)
  1. အာဖဂန်နစ္စတန် (1978)
  2.  မြန်မာ (၁၉၆၂- ၁၉၈၈၁၉၈၈- ၂၀၁၁၂၀၂၁- လက်ရှိ)
  3. ကမ္ဘောဒီးယား (1970–1975)
  4.  ထိုင်ဝမ် (1928–1975)
  5.  အင်ဒိုနီးရှား (1967–1998)
  6. အီရန် (1953–1957; 1978–1979)
  7.  အီရတ် (1933–1934; 1937–1938; 1934-1935; 1949-1950 1936; 1941; 1952–1953; 1958–1963; 1963–1968; 1968–1979)
  8. ဂျပန် (1185–1868;[၄] 1931-1940; 1940–1945[၅])
  9. မြောက်ကိုရီးယား (1170–1270)
  10.  တောင်ကိုရီးယား (1170–1270; 1961–1963; 1963-1972; 1981–1987)
  11. လာအို (1959–1960)
  12.  လက်ဘနွန် (1988–1990)
  13.  မော်လဒိုက် (1988–1989)
  14. မွန်ဂိုးလီယား (1939–1952)
  15.  ပါကစ္စတန် (1958–1969; 1969–1971; 1977–1988; 1999–2008)
  16. ဖိလစ်ပိုင် (1898, 1972–1981)
  17.  ဆီးရီးယား (1949; 1951–1953; 1953-1954; 1961–1963; 1963; 1963-1966; 1966-1970; 1970–2000)
  18.  ထိုင်း (1933; 1947–1957; 1959–1963; 1963–1973; 1977–1979; 2006–2008; 2014–2019)
  19.  တောင်ဗီယက်နမ် (1963-1967)
  20. မြောက်ယီမန် (1962–1967; 1974–1977; 1977–1978; 1978; 1978–1982)

ဥရောပ

စပိန်ခေါင်းဆောင် ဖရန်စစ္စကို ဖရန်ကို (၁၉၇၅)
  1. ဘူဂေးရီးယား (1923–1926; 1934–1935; 1944–1946)
  2.  ဆိုက်ပရပ်စ် (1974)
  3. ယူနိုက်တက်ကင်းဒမ်း (1653–1659)
  4.  ပြင်သစ် (1799–1814; 1852–1870; 1870–1871; 1940-1942)
  5.  ဂျော်ဂျီယာ (1992)
  6.  ဂျာမန်အင်ပါယာ (1916–1918; 1945)
  7.  ဂရိ (1925–1926; 1936–1941; 1967–1974)
  8.  ပိုလန် (1926–1935; 1981–1983)
  9.  ပေါ်တူဂီ (1926–1933; 1974–1975)
  10.  ရိုမေးနီးယား (1941–1944)
  11.  အီတလီ (1922–1943; 1943–1945)
  12.  ရုရှား (1918–1920; 1991)
  13.  ဆန်မာရီနိုနိုင်ငံ (1957)
  14.  စပိန် (1808–1810; 1923–1930; 1936–1975)
  15.  တူရကီ (1913–1918; 1921–1927; 1960–1961; 1971-1973; 1980–1983; 1997-1999)

အိုရှင်းနီးယား

  1.  ဖီဂျီ (၁၉၈၇-၁၉၉၉၊ ၂၀၀၆-၂၀၁၄)

ကိုးကားချက်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ