ဆိဖရိ

ဂျာမန်လူမျိုး ကဗျာနှင့် ဂီတဆရာ ဗားဂနားသည် တေးသံစုံဇာတ်ထုပ် လေးထုပ်ကိုရေး၍၊ ၁၈၇၆ ခုနှစ်တွင် လေးညဆက်ကာ ကပြစေခဲ့သည်။ ယင်းတေးသံစုံဇာတ်ထုပ် များအနက် ဇာတ်ထုပ်နှစ်ထုပ်တွင် ဆိဖရိသည် အဓိက ဇာတ်ဆောင်သူတစ်ဦး ဖြစ်ပေသည်။

ဆိဖရိ၏ ဇာတ်လမ်းအတိုချုပ်မှာ ဤသို့ဖြစ်၏။ ဆိဖရိသည် သူ၏ ဖခင်ထံမှ ကျိုးပဲ့လျက်ရှိသော သန်လျက်တစ်ခုကို ရရှိလေသည်။ ထိုအခါ ထိုသန်လျက်ကို သန်လျက်အသစ်တစ်ခုဖြစ်အောင် ပြန်လည်သွန်းလုပ်ပြီးလျှင်၊ ဆိဖရိသည် နဂါးရန်ကိုနှိမ်၍၊ လက်စွပ်နှင့် ဝတ်ရုံကို အရသိမ်းပိုက်လိုက်သောအခါ ကာယသိဒ္ဓိပြီးသော သူရဲကောင်းယောက်ျားဖြစ်လာလေသည်။ ထိုမှစ၍ ဆိဖရိသည် စစ်ပွဲအသီးအသီးတို့ကို အောင်နိုင်ကာ၊ ဂွန်တာဘုရင်၏ နှစ်မတော်ကရင်ဟီးနှင့် ထိမ်းများလက်ထပ်လေသည်။ ဆိဖရိသ် ဂွန်တာဘုရင်နှင့် မိန်းမသူရဲကောင်း ဗရွန်ဟီးတို့ သင့်မြတ်ထိမ်းများသည့် အရေး၌လည်း ကူညီခဲ့၏။ သို့သော် ကရင်ဟီးနှင့် ဗရွန်ဟီးတို့ မိန်းမချင်းမတည့်ရာမှစပြု၍၊ ဆိဖရိကို အကောက်ကြံသော ဟာဂင်သည် ဆိဖရိကို လုပ်ကြံရန်အတွက် အကွက်ရလာလေသည်။ ဆိဖရိသည် ကာယသိဒ္ဓိပြီးသည် မှန်သော်လည်း၊ ကျောပြင်ရှိနေရာတစ်ကွက်ကား၊ ကာယသိဒ္ဓိမပြီးချေ။ ထို့ကြောင့် တစ်နေ့သောအခါ ဆိဖရိကို ဟာဂင်သည် နောက်ကျောမှနေ၍ ဓားဖြင့်ထိုးကာ အဆုံးစီရင်လိုက်လေသည်။ ထိုပုံပြင်မှာ ဂျာမန်စာပေတွင် ထင်ရှားသော ၁၂ ရာစုနှစ် ကုန်ခါနီးခေတ်၏ အဲပစ်ကဗျာ များမှ မှီးယူထားသော ပုံပြင်ဖြစ်လေသည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား