ဝီကီပီးဒီးယား

အခမဲ့ လွတ်လပ် စွယ်စုံကျမ်း

ဝီကီပီးဒီးယား ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ပရဟိတ အဖွဲ့အစည်း ဝီကီမီဒီယာဖောင်ဒေးရှင်းမှ ဦးဆောင်လှုပ်ရှားနေသော ဘာသာစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သည့် အခမဲ့ အင်တာနက် စွယ်စုံကျမ်း ပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယား ဆိုသောအမည်မှာ လူအများပူးပေါင်းပါဝင်ရေးသားနိုင်သော ဝက်ဘ်ဆိုဒ်နည်းပညာဖြစ်သည့် ဝီကီ (ဟာဝေယံစကားဖြစ်ပြီး မြန်မြန်ဟု အဓိပ္ပာယ်ရသည်။)နှင့် စွယ်စုံကျမ်းဟု အဓိပ္ပာယ်ရသော အင်ဆိုင်ကလိုပိဒိယ ဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဂျင်မီဝေး နှင့် လာရီဆန်ဂါ တို့က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဘာသာစကားမျိုးစုံတို့မှ လူတို့၏ ဗဟုသုတများကို အကျဉ်းရုံး စုစည်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဝီကီပီးဒီးယား
A white sphere made of large jigsaw pieces, with letters from several alphabets shown on the pieces
Wikipedia wordmark
ဝီကီပီးဒီးယား လိုဂို
အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယား၏ ပင်မစာမျက်နှာ
အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယား၏ ပင်မစာမျက်နှာ
ဝဘ်ဆိုဒ် အမျိုးအစား
အင်တာနက် စွယ်စုံကျမ်း
ဖတ်ရှုရရှိနိုင်မှုဘာသာစကား ၂၈၇ မျိုး[၁]
ပိုင်ဆိုင်သူဝီကီမီဒီယာ ဖောင်ဒေးရှင်း
ဖန်တီးသူဂျင်မီဝေးလာရီဆန်ဂါ[၂]
ဝဘ်ဆိုဒ်wikipedia.org
Alexa အဆင့်[၃](ဧပြီ ၂၀၁၅)
စီးပွားရေးမဟုတ်
မှတ်ပုံတင်ခြင်းOptional[notes ၁]
အသုံးပြုသူတက်ကြွသည့် တည်းဖြတ်သူများ ၇၂,၅၉၂ ဦး(မေ ၂၀၁၅)[၄] စုစုပေါင်းအသုံးပြုသူ ၁၁၉၆၈၅
အသုံးပြုထားသည့် ပရိုဂရမ်းမင်းPHP[၅]

ဝီကီပီးဒီးယားတွင် ဘာသာစကား (၂၈၈)မျိုးဖြင့်ရေးသားထားသော ဆောင်းပါးပေါင်း ၃၅ သန်းကျော်ရှိနေပြီဖြစ်သည်။[၆] ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဝင်ရောက်ကြည့်ရှုသည့်အကြိမ်ပေါင်း ၁၈ ဘီလီယံ ခန့်ရှိကာ၊ လစဉ် ဝင်ရောက်ဖတ်ရှုသူ သန်းငါးရာခန့်ရှိသည်။[၇] တစ်ကမ္ဘာလုံးအနေဖြင့်ဆိုလျှင် ဝီကီပီးဒီးယား အသုံးပြုသူ အကောင့်ပေါင်း ၁၉ သန်းခန့်ဖြစ်ကာ[၈] ၂၀၁၄ ခုနှစ် နိုဝင်ဘာလ စာရင်းများအရ တက်ကြွသည့် တည်းဖြတ်သူပေါင်း ၆၉,၀၀၀ ခန့်ရှိသည်။[၄]


ကိုးကား

ပြင်ပလင့်ခ်များ


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအောင်ဆန်းအန်ကောဝပ်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်မင်းအောင်လှိုင်ပဋ္ဌာန်းသင်္ကြန်ပရိတ်ကြီး ၁၁ သုတ်ထိုင်းနိုင်ငံမောရသုတ်ဂျပန်နိုင်ငံအော်ကာတပ်မတော်မဟာသမယသုတ်လွတ်လပ်ရေးကြေညာစာတမ်းကဏ္ဍ:မြန်မာစကားပုံများမြန်မာနိုင်ငံရှိ မြို့များဘုရားဂုဏ်တော်တပ်မတော် (ကြည်း)တစ်ကိုယ်ရည်အာသာဖြေခြင်းမြန်မာသရုပ်ဆောင်များစာရင်းပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထူးအိမ်သင်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များရန်ကုန်မြို့မိန်းမ မျိုးပွားအင်္ဂါစုန်းကဝေအတတ်လာအိုနိုင်ငံပုဂံမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းစိန်စစ်မှုထမ်းခြင်းကံ့ကော်ပင်နယူးယောက်မြို့ရွှေတိဂုံစေတီတော်