သီဟစည်သူ (ဂိုးသမား)

သီဟစည်သူသည် မြန်မာလက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှ လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်သည်။

သီဟစည်သူ
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံသီဟစည်သူ
မွေးသက္ကရာဇ် (1987-02-10) ၁၀ ဖေဖော်ဝါရီ၊ ၁၉၈၇ (အသက် ၃၇)[၁]
မွေးရပ်ဇာတိရန်ကုန်မြို့မြန်မာနိုင်ငံ
အရပ်အမြင့်၁၇၆ cm (၅ ft ၉ in)
ကစားသည့်နေရာဂိုးသမား
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရှမ်းယူနိုက်တက် FC
အင်္ကျီနံပါတ်၂၉
လူငယ်ဘဝကလပ်များ
၂၀၀၁–၂၀၀၈ရန်ကုန် လူငယ် ဘောလုံးအကယ်ဒမီ
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းကစားပွဲ(သွင်းဂိုး)
၂၀၀၉–၂၀၁၃ဧရာဝတီယူနိုက်တက်၆၀(၀)
၂၀၁၃–၂၀၁၅ရတနာပုံ၂၀(၀)
၂၀၁၅-လက်ရှိရှမ်းယူနိုက်တက် FC၁၀(၀)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၉–မြန်မာ၂၃(၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ကစားသမားဘဝ

သီဟစည်သူသည် မြန်မာနေရှင်နယ်လိဂ်မှ အသင်းတစ်သင်းဖြစ်သော ဒယ်တာယူနိုက်တက် ဘောလုံးအသင်းနှင့် ကစားခဲ့ပြီး ထိုအသင်းနှင့်အတူ ၂၀၁၀ အာရှ ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သီဟစည်သူသည် ဒယ်တာယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် သူအား ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ အလွန်မြင့်သော လစာကြေးဖြင့် ပြောင်းရွေ့ရန် ဖိတ်ခေါ်ခဲ့သော်လည်း သူသည် ထိုကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းတွင်သာ ကစားရန်ဆုံးဖြတ်ခဲ့သည်။ သီဟစည်သူသည် ဧရာဝတီယူနိုက်တက်အသင်းဖန်များ၏ အကြိုက်ဆုံးကစားသမားတစ်ဦးလည်း ဖြစ်သည်။ သူအား ကလပ်အသင်းတွင်ဖြစ်စေ၊ နိုင်ငံလက်ရွေးစင်အသင်းတွင်ဖြစ်စေ အမြဲ စိတ်ပါဝင်စားစွာဖြင့် ကြိုးကြိုးစားစားကစားနေသည်ကို တွေ့ရသည်။[၂] သီဟစည်သူသည် ပြောင်းရွေ့ကြေး ဒေါ်လာ ၁ သိန်းလောက်ဖြင့် ဧရာဝတီယူနိုက်တက်အသင်းမှ ရတနာပုံအသင်းသို့ ပြောင်းရွေ့ခဲ့သည်။

နိုင်ငံတကာ အားကစားသမားဘဝ

သီဟစည်သူသည် မြန်မာလက်ရွေးစင်အသင်းတွင် ကစားခဲ့ပြီး[၃] မြန်မာ ယူ-၂၃ အသင်းအတွက် လက်ရွေးစင်ဂိုးသမားအဖြစ် အချိန်အကြာကြီး ကစားခဲ့သည်။


ဂုဏ်ပြုဆုများ


ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား