ရန်ကုန်မြို့

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။

ရန်ကုန်မြို့ (အင်္ဂလိပ်:  Yangon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊မတ်လ မှ စတင်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နအဖ (SPDC) သည်ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊[၂] လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။

ရန်ကုန်မြို့တော်
Yangon City
မဟာရန်ကုန်
တိုင်းဒေသကြီးမြို့တော်
ရန်ကုန်
ရန်ကုန်မြို့တော် မြင်ကွင်းအစုံစုံ
ရန်ကုန်မြို့တော်၏ အလံတော်
အလံတော်
ရန်ကုန်မြို့တော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရန်ကုန်မြို့တော်
ရန်ကုန်မြို့တော်
ရန်ကုန်မြို့တော် သည် အာရှတိုက် တွင် တည်ရှိသည်
ရန်ကုန်မြို့တော်
ရန်ကုန်မြို့တော်
ရန်ကုန်မြို့တော် သည် ကမ္ဘာဂြိုဟ် တွင် တည်ရှိသည်
ရန်ကုန်မြို့တော်
ရန်ကုန်မြို့တော်
ရန်ကုန်မြို့တည်နေရာ
ကိုဩဒိနိတ်: 16°51′N 96°11′E / 16.850°N 96.183°E / 16.850; 96.183 96°11′E / 16.850°N 96.183°E / 16.850; 96.183
နိုင်ငံ မြန်မာ
ဒေသအောက်မြန်မာပြည်
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
တည်ထောင်၆ ရာစု
အစိုးရ
 • အမျိုးအစားရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
ဧရိယာ
 • မြို့ပေါ်၅၉၈.၇၅ စတုရန်းကီလိုမီတာ (၂၃၁.၁၈ စတုရန်းမိုင်)
 • မြို့ပြကြီး၁၀၁၇၀ စတုရန်းကီလိုမီတာ (၃၉၃၀ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း)
 • မြို့ပေါ်၅,၁၆၀,၅၁၂
 • မြို့ပေါ် သိပ်သည်းမှု၈၆၀၀/km (၂၂၀၀၀/sq mi)
 • ကျေးလက်၂,၂၀၀,၁၉၁
 • မြို့ပြကြီး[၁]၇,၃၆၀,၇၀၃
 • မြို့ပြကြီး သိပ်သည်းမှု၇၂၀/km (၁၉၀၀/sq mi)
 • လူမျိုးများဗမာ၊ အိန္ဒိယမြန်မာ၊ ချင်းရခိုင်မွန်ကရင်ရှမ်းကယားကချင်၊တခြား
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ ၉၁%
အစ္စလာမ်ဘာသာ ၄.၇%
ခရစ်ယာန် ၃.၂%
ဟိန္ဒူ ၁.၀%
အခြား ၀.၁%
အချိန်ဇုန်အာရှ/ရန်ကုန် (UTC+6:30)
ဧရိယာကုဒ်(များ)၀၁
ယာဉ်မှတ်ပုံတင်YGN
ဝက်ဘ်ဆိုဒ်ycdc.gov.mm

ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။[၃] လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။

ဝေါဟာရရင်းမြစ်

ရန်ကုန်မြို့သည် ရှေးယခင်က ဒဂုံဟုခေါ်သော ရွာကြီးတရွာဖြစ်သည်။ ဒဂုံဟူသော အမည်သည် မွန် ဝေါဟာရ ဒဂုင်(မြန်မာအသံထွက်-ဒဂုန်)၊ လဂုင်(မြန်မာအသံထွက်-လဂုန်) တို့က ဆင်းသက်လာပြီး ဒဂုံဖြစ်လာသည်ဟု ယူဆကြသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့မည်တော်ဖြစ်သည်။ ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ ကျာ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပာယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တိဂုံ၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပာယ်ရသည်။ [၄] ခရစ်နှစ် ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ရန်အပေါင်းကုန်စင်ပြီဟုအဓိပ္ပာယ်ဖြင့် ရန်ကုန်မြို့ဟု အမည်ပေးခဲ့သည်။

တည်နေရာ

မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်(ခေါ်)လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်းပဲခူးမြစ်တို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပင်လယ်ဝမှ ၂၁-မိုင်သာ ဝေးသည်။ ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာဌာနလည်း ဖြစ်လေသည်။

သမိုင်း

ရန်ကုန်မြို့ မပေါ်ခင်က ဥက္ကလာပမင်းကြီး စိုးစံရာ ဥက္ကလာပတိုင်း၊ ဥက္ကလာပမြို့ကြီးဟု သိခဲ့ကြသည်။ (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈)) လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ အထက်ကစ၍ မြတ်စွာဘုရား၏ ဆံတော်ဓာတ်မြတ်များကို ရွှေတိဂုံစေတီတော်တွင် တဖုဿနှင့် ဘလ္လိက ကုန်သယ်ညီနောင်မှာ ဌာပနာသည့်သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သည်။[၅] ဟူ၍ မြန်မာတို့က ယုံကြည်ကြသော်လည်း အထောက်အထားမရှိပေ။

အေဒီ ၆ မှ ၁၈ ရာစု

ရန်ကုန်မြို့အား အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့သော မွန်လူမျိုးများက ဒဂုံအဖြစ် အေဒီ ၆ ရာစုတွင် စတင်တည်ထောင်ခဲ့သည်။ မွန်တို့၏ ဟံသာဝတီခေတ် မဂဒူးမင်းဆက် ခေါ် (ဝါရီရူးမင်းဆက်)တွင် (၈) ဆက်မြောက်မင်းဖြစ်သော ဗညားဦးသည် အစ်မတော် မွေ့န ခေါ် (မဟာဒေဝီ)အား ဒဂုံကို စားစေသည်။ မွန်မင်းသမီး မဟာဒေဝီသည် ခရစ်နှစ် ၁၃၆၄ မှ ၁၃၉၂ အထိ ဒဂုံကိုအုပ်ချုပ်ခဲ့သည်။[၆] မဂဒူးမင်းဆက် တွင် (၁၅) ဆက်မြောက်မင်းဖြစ်သော ဘုရင်မကြီး ရှင်စောပု ခေါ် (ဗညားထောဝ်) သည် သူမ၏ ဟံသာဝတီပဲခူးထီးနန်းကို သားမက်တော် ဓမ္မစေတီမင်းအားအပ်နှံ၍ ၁၄၆၀ ခုနှစ်တွင် ဒဂုံရှိ ရွှေတိဂုံစေတီအနီးတွင် နန်းတော်ငယ်တည်ကာ ဟံသာဝတီပဲခူးထီးနန်းကို အဝေးမှထိန်းကွပ်ပေးရင်း တရားဓမ္မဖြင့် သူမဘဝ၏ နောက်ဆုံးလက်ကျန်နေ့ရက်များကို ဖြတ်သန်း စံနေတော်မူခဲ့သည်။[၇]

အေဒီ ၁၈ မှ ၁၉ ရာစု

၁၇၅၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ထူထောင်သော အလောင်းမင်းတရား သည် ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”ဟု အမည်သတ်မှတ်ခဲ့ပြီး ဒဂုံမြို့ပတ်လည်တွင် တိုးမြင့်၍ အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့သည်။

ဗြိတိသျှပိုင်အရှေ့အိန္ဒိယ ကုမ္ပဏီ သည် ၁၇၉၀ ခုနှစ်များတွင် စက်ရုံ တည်ဆောက်ခဲ့သည်။[၈] ၁၈၂၃ ခုနှစ်တွင် လူဦးရေ ၃၀၀၀၀ နေထိုင်ခဲ့သည်။[၉]

ကုန်းဘောင်မင်းဆက် (၇) ဆက်မြောက်မင်းဖြစ်သော ဘကြီးတော်ဘုရား လက်ထက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၂၆) တွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း၊ စစ်ပြီးသည့်နောက် ရန္တပိုစာချုပ် အရ ရန်ကုန်မြို့ကို မြန်မာတို့လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ မြန်မာဘုရင် သာယာဝတီမင်း လက်ထက် ၁၈၄၁ ခုနှစ်တွင် ရန်ကုန်မြို့ သည် မီးသင့်ပြီး ပျက်စီးခဲ့သည်။

ကိုလိုနီခေတ် ရန်ကုန် (၁၈၅၂ မှ ၁၉၄၈)

ဗြိတိသျှတို့ သည် ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကို ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်မြန်မာစစ် တွင် သိမ်းယူချုပ်ကိုင်နိုင်ခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မြို့သည် ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့ကို ဗြိတိသျှဘားမား၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာကျသော မြို့တစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဗြိတိသျှများသည် ဂရစ်စီမံချက်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှတို့သည် ရန်ကုန် ကောလိပ် (ယခု ရန်ကုန် တက္ကသိုလ်)ကို ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတား တက္ကသိုလ် လက်အောက်ခံ အဖြစ် စတင် တည်ထောင် ခဲ့သည်။

အတွင်းဝန်များရုံး (ခရစ်နှစ် ၁၉၁၀ခုနှစ်)

၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာစစ် တွင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းယူခဲ့ပြီးနောက် ရန်ကုန်မြို့သည် အားလုံးသော ဗြိတိသျှဘားမားတို့၏ မြို့တော်အဖြစ် တည်ရှိလာခဲ့သည်။ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့၏ တိုးပွားလာသည့် လူဦးရေများနှင့် ကုန်သွယ်မှုတို့သည် တော်ဝင်ကန်(ယခု ကန်တော်ကြီး)နှင့် အင်းယားကန် တို့၏ မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများကို မွေးဖွားပေးခဲ့သည်။ ဗြိတိသျှတို့သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံ အပါအဝင် ဆေးရုံများနှင့် ကောလိပ်များကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကိုလိုနီခေတ်ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီက၊ ရန်ကုန်မြို့ရှိ လူဦးရေ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယ သို့မဟုတ် တောင်အာရှသားများဖြစ်၍ သုံးပုံတစ်ပုံခန့်သည် မြန်မာ၊ ကရင်၊ တရုတ်၊ အင်္ဂလိပ်-မြန်မာကပြားနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ပထမ ကမ္ဘာစစ်ပြီးနောက်၊ ရန်ကုန်သည် လက်ဝဲစွန်းရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ၏ ဗဟိုအချက်အချာနေရာ ဖြစ်လာခဲ့သည်။ ၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်တို့တွင် ဗြိတိသျှအစိုးရအား သုံးကြိမ်တိုင် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်သည် (၁၉၄၂ - ၄၅) တွင် ဂျပန်လက်အောက်သို့ ကျရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း ကြီးမားသော ပျက်စီးယိုယွင်းမှုများ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအင်ပါယာထံမှ နိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်နှင့် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့သည်။

လက်ရှိ ရန်ကုန် (၁၉၄၈ မှ ယခု)

၁၉၄၈ ခုနှစ် ဗမာ့လွတ်လပ်ရေးကို ရရှိပြီးလျှင်ပြီးခြင်း၊ ကိုလိုနီအမည်များဖြင့် ခေါ်ဝေါ်ခဲ့သည့်လမ်းများ၊ ပန်းခြံများတို့သည် အမျိုးသားရေးအသွင် ပိုမိုဆောင်သည့် မြန်မာအမည်များသို့ ပြောင်းလဲလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့အား နယ်ချဲ့အင်္ဂလိပ်တို့၏ အမည်နာမများကို အစွဲပြု၍ခေါ်ဝေါ်ထားသော မြန်မာအမည်များအဖြစ်ပြောင်းလဲခဲ့သည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြို့တော်၏ အင်္ဂလိပ်အမည်ကို “Yangon” ဟု ပြောင်းလဲခေါ်ဝေါ်စေခြင်းနှင့်အတူ အခြားသော အင်္ဂလိပ်အခေါ်အဝေါ်များကိုလည်း မြန်မာအမည်များသို့ ပြောင်းလဲခဲ့သည်။

မြို့လယ်ခေါင်ရှိ မဟာဗန္ဓုလတံတား

လွတ်လပ်ရေးရသည့် အချိန်မှစတင်၍ ရန်ကုန်မြို့ကို ပြင်ပသို့ချဲ့ထွင်ခဲ့သည်။ အဆက်ဆက်သော အစိုးရများသည် ၁၉၅၀ ခုနှစ်များ၌ သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို လည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ကို လည်းကောင်း တိုးချဲ့ မြို့နယ်သစ်များကို တည်ဆောက်ခဲ့ကြသည်။ ယနေ့ ရန်ကုန်မြို့ကြီးသည် ဧရိယာ စတုရန်းကီလိုမီတာ ၆၀၀ ခန့် ကျယ်ဝန်းသည်။

ဗိုလ်ချုပ်နေဝင်း၏ အခြားနိုင်ငံများတို့၏အရေး၌ မစွက်ဖက်ရေးဝါဒဖြင့် အုပ်ချုပ်မှု (၁၉၆၂ - ၁၉၈၈) အတွင်း၊ ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံ သည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ တိုးပွားလာသည့် လူဦးရေနှင့်အညီ မြှင့်တင်နိုင်မှုမရှိခြင်းတို့ကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် စစ်အစိုးရ၏ ပိုမိုတံခါးဖွင့်လာသည့်ဈေးကွက် မူဝါဒများသည် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု ရှိလာခဲ့ပြီး၊ မြို့တော်၏ အခြေခံအဆောက်အအုံကိုလည်း ခေတ်မှီသစ်လွင်မှု၏ မျှတသည့်ပမာဏသို့ ဆောင်ယူလာနိုင်ခဲ့သည်။ မြို့တော်၏ အတွင်းပိုင်းတွင် နေထိုင်သူများကိုလည်း တိုးချဲ့မြို့များသို့ အတင်းအကြပ် လွှဲပြောင်းနေရာ ချထားပေးခဲ့သည်။ များပြားသော ကိုလိုနီခေတ် အဆောက်အအုံများကိုလည်း ဖျက်ဆီးစေ၍၊ မြင့်မားသော ဟိုတယ်များ၊ ရုံးအဆောက်အအုံများ၊ ဈေးရောင်းဆိုင်ခန်းများအတွက် နေရာပေးစေခြင်းဖြင့် မြို့တော်အုပ်ချုပ်သူများသည် ကျော်ကြားထင်ရှားသော ကိုလိုနီခေတ် အဆောက်အအုံ ၂၀၀ ခန့်ကိုလည်း ရန်ကုန်မြို့တော်၏ အမွေအနှစ် စာရင်းသို့ ထည့်သွင်းစေခဲ့သည်။ အဓိက ဆောက်လုပ်မှု အစီအစဉ်များသည် မြို့တော်နှင့် စက်မှုမြစ်ကမ်းပါးဒေသများကို ဆက်သွယ်ပေးသည့် တံတားအသစ်ခြောက်စင်းနှင့် လမ်းမကြီး အသစ် ငါးခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့တိုင်အောင် ရန်ကုန်၏ များစွာသော နေရာတို့တွင် အခြေခံ စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုဖြစ်သည့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားနှင့် ပုံမှန်အမှိုက်သိမ်းယူမှုတို့ မရှိသေးပဲ ရှိနေခဲ့သည်။

ရန်ကုန်သည် လွတ်လပ်ရေးရပြီးသည်မှ မျိုးနွယ်စုပြုမှုအရ တိုင်းရင်းသားဒေသခံ မြန်မာလူမျိုးများ ပိုမိုရှိလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် များစွာသော တောင်အာရှသားများနှင့် အင်္ဂလိပ်-မြန်မာကပြားများ ထွက်ခွါသွားခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များအတွင်း ဗိုလ်ချုပ်နေဝင်းအစိုးရ၏ နိုင်ငံခြားသားများကို ဖိအားပေးသောကြောင့် များပြားသော တောင်အာရှသားများကို ထွက်ခွာသွားစေခဲ့သည်။ သို့သော်လည်း များပြားသော တောင်အာရှသားများနှင့် တရုတ်လူမျိုးစုများသည် ရန်ကုန်၌ ဆက်လက်နေထိုင်လျက် ရှိနေသည်။ နိုင်ငံမှ ထွက်ခွါသွားခြင်း သို့တည်းမဟုတ် အခြားသော မြန်မာအုပ်စုတို့ဖြင့် မျိုးမတူသူများလက်ထပ်မှုပြုခြင်း တို့ကြောင့် အင်္ဂလိပ်-မြန်မာကပြားများသည် သိသာစွာပျောက်ကွယ်သွားခဲ့ကြသည်။

ရန်ကုန်မြို့သည် ၁၉၇၄၊ ၁၉၈၈နှင့် ၂၀၀၇ ခုနှစ်များတွင် အစိုးရဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုများ၏ ဗဟိုအချက်အချာဖြစ်ခဲ့သည်။ ဆန္ဒပြသူများအား အစိုးရမှ ပစ်ခတ်မှုပြုတိုင်း သွေးမြေကျမှုများကို မြို့တော်၏ လမ်းများပေါ်တွင် မြင်တွေ့ခဲ့ရသည်။ မေလ ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းနာဂစ်သည် ရန်ကုန်မြို့ ကိုတိုက်ခတ်ခဲ့သည်။ မြို့တော်၌ လူအသေအပျောက် အနည်းငယ်ရှိခဲ့ပြီး လေးပုံသုံးပုံသော ရန်ကုန်မြို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတို့ ဖျက်ဆီးခံရ၍၊ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရသည် ရန်ကုန်မြောက်ဘက် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) အကွာရှိ နေပြည်တော် ကို အုပ်ချုပ်မှုမြို့တော်အသစ်အဖြစ် သတ်မှတ်၍၊ တပြိုင်နက်တည်းမှာပင် များစွာသော အစိုးရဌာနများကို အသစ်တည်ဆောက်ပြီးသည့် မြို့တော်သို့ ပြောင်းရွှေ့စေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ရန်ကုန်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့တော်နှင့် အရေးကြီးဆုံးစီးပွားရေးဗဟိုအချက်အချာ အဖြစ် ဆက်လက်တည်ရှိနေသည်။

ပထဝီဝင်အနေအထား

ရန်ကုန်မြို့ပြဧရိယာ

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ စီးဝင်ရာ မုတ္တမပင်လယ်ကွေ့မှ ၃၀ ကီလိုမီတာ (၁၉ မိုင်)ကွာဝေးသည်။

ရာသီဥတု

ရန်ကုန်မြို့ဟာ ကိုပင်၏ ဥတုရာသီ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းစနစ်အရ အပူပိုင်းမုတ်သုံရာသီဥတုအတွင်း တည်ရှိသည်။[၁၀] မြို့တော်တွင် မိုးရာသီကာလသည် ရှည်ကြာလေ့ရှိပြီး မေလမှ အောက်တိုဘာလအထိရှိတက်ကာ မိုးရေအများအပြား ရရှိသည်။ နိုဝင်ဘာလမှ ဧပြီလတိုင်အောင် ခြောက်သွေ့သောရာသီပင် မိုးဖွဲ့များ ကျတက်သေးသည်။ များသောအားဖြင့် ရန်ကုန်၌ မိုးများ သည်းထန်စွာရွာသွန်းခြင်းကို မုတ်သုံရာသီကာလအတွင်း တွေ့ရသည်။ တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းလာသည်နှင့် ရန်ကုန်မြို့၏ အပူချိန်သည် အနည်းငယ်ခြားနားလာတက်ကာ ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၂၉ to ၃၆ ဒီဂရီ စင်တီဂရိတ် (၈၄ to ၉၇ ဒီဂရီ ဖာရင်ဟိုက်) ထိ ရှိတက်ပြီး ပျမ်းမျှအနိမ့်ဆုံးအပူချိန်သည် ၁၈ to ၂၅ ဒီဂရီ စင်တီဂရိတ် (၆၄ to ၇၇ ဒီဂရီ ဖာရင်ဟိုက်) ထိ ရှိတက်သည်။

ရန်ကုန်မြို့ (၁၉၆၁—၁၉၉၀) အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီဖေဖော်ဝါရီမတ်ဧပြီမေဇွန်ဇူလိုင်ဩဂုတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာနှစ်
စံချိန်တင် အမြင့်ဆုံး °C (°F)37.8
(100)
38.3
(100.9)
39.4
(102.9)
41.1
(106)
40.6
(105.1)
36.7
(98.1)
33.9
(93)
33.9
(93)
34.4
(93.9)
35.0
(95)
35.0
(95)
35.6
(96.1)
41.1
(106)
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F)32.2
(90)
34.5
(94.1)
36.0
(96.8)
37.0
(98.6)
33.4
(92.1)
30.2
(86.4)
29.7
(85.5)
29.6
(85.3)
30.4
(86.7)
31.5
(88.7)
32.0
(89.6)
31.5
(88.7)
32.3
(90.1)
နေ့စဉ် ပျမ်းမျှ °C (°F)25.1
(77.2)
26.9
(80.4)
28.8
(83.8)
30.7
(87.3)
29.2
(84.6)
27.4
(81.3)
26.9
(80.4)
26.9
(80.4)
27.3
(81.1)
27.9
(82.2)
27.2
(81)
25.3
(77.5)
27.5
(81.5)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F)17.9
(64.2)
19.3
(66.7)
21.6
(70.9)
24.3
(75.7)
25.0
(77)
24.5
(76.1)
24.1
(75.4)
24.1
(75.4)
24.2
(75.6)
24.2
(75.6)
22.4
(72.3)
19.0
(66.2)
22.6
(72.7)
စံချိန်တင် အနိမ့်ဆုံး °C (°F)12.8
(55)
13.3
(55.9)
16.1
(61)
20.0
(68)
20.6
(69.1)
21.7
(71.1)
21.1
(70)
20.0
(68)
22.2
(72)
21.7
(71.1)
16.1
(61)
12.8
(55)
12.8
(55)
ပျှမ်းမျှ မိုးရေချိန် mm (inches)5
(0.2)
2
(0.08)
7
(0.28)
15
(0.59)
303
(11.93)
547
(21.54)
559
(22.01)
602
(23.7)
368
(14.49)
206
(8.11)
60
(2.36)
7
(0.28)
၂၆၈၁
(၁၀၅.၅၅)
ပျမ်းမျှ မိုးရွာသွန်းရက်များ0.20.20.41.612.625.326.226.119.512.24.80.2129.3
Average relative humidity (%)62666966738586878578716574
Mean monthly sunshine hours30027229029218180779297203280288၂၄၅၂
Source #1: World Meteorological Organization,[၁၁] Sistema de Clasificación Bioclimática Mundial (extremes)[၁၂]
Source #2: Danish Meteorological Institute (sun and relative humidity)[၁၃]

မြို့တော်မြင်ကွင်း

ရန်ကုန်မြို့တိုးတက်လာခြင်း ၁၉၆၃ - ၂၀၀၃

၁၉၉၀ ခုနှစ် အလယ်နှစ်များတိုင်အောင် ရန်ကုန်သည် ပဲခူး၊ ရန်ကုန်နှင့် လှိုင်မြစ်တို့အကြား ရှေးရိုးကျွန်းဆွယ် နှင့်တူသော အသွင်သဏ္ဌာန်ဖြင့် ပင်ကိုအတိုင်း တည်ရှိနေခဲ့သည်။ လူအများအပြား ပြောင်းရွှေ့ဝင်ရောက်လာ ကြသော်လည်း မြို့တော်မှာ အပြင်ဘက်သို့ အနည်းငယ်မျှသာ ပြောင်းရွှေ့မှုရှိသည်။ ၁၉၄၄ ခုနှစ်၏ မြေပုံအနေအထားအရ အင်းယားကန်၏ မြောက်ဘက်တွင် အနည်းငယ်မျှသော ဖွံ့ဖြိုးတိုးတက်မှုသာရှိခဲ့ပြီး၊ ယခုဘိလပ်မြေဖြင့် ဖုံးလွှမ်းထားသော ဧရိယာများ၊ ပြည့်သိပ်နေသော နေအိမ်များသည် ယခင်က ခြုံနွယ် ပိတ်ပေါင်းတို့ဖြင့် ရှိနေခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းနှစ်များမှ စတင်၍ မြို့တော်သည် မြောက်ဘက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိနေသည့် နေရာအထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။ သို့ရာတွင် ထွက်ပေါ်လာသည့် အဖြေမှာ မြို့တော်ကို နောက်ပိုင်းသို့ ဖြန့်ချခြင်းဖြစ်၍၊ မြို့လယ်ခေါင် ဧရိယာကို ပထဝီဝင်အရ ဗဟိုနေရာမှ ရွှေ့ပြောင်းယူခြင်း ဖြစ်သည်။ မြို့တော်၏ ဧရိယာအကျယ်အဝန်းသည် ၁၉၀၁ ခုနှစ်တွင် ရ၂.၅၂ စတုရန်းကီလိုမီတာမှ ၁၉၄၀ ခုနှစ်တွင် ၈၆.၂ စတုရန်းကီလိုမီတာ၊ ၁၉၇၄ ခုနှစ်တွင် ၂၀၈.၅၁ စတုရန်းကီလိုမီတာ၊ ၁၉၈၅ ခုနှစ်တွင် ၃၄၆.၁၃ စတုရန်းကီလိုမီတာနှင့် ၂၀၀၈ ခုနှစ်တွင် ၅၉၈.၇၅ စတုရန်းကီလိုမီတာသို့ တစ်ဖြည်းဖြည်း တိုးမြှင့်လာသည်။

နှစ်အလိုက်ပြောင်းလဲလာသည့် ရန်ကုန်မြို့ပြဧရိယာ အနေအထား
ခုနှစ်ခေတ်ဧရိယာ(စတုရန်းမိုင်)
၁၇၅၅ရန်ကုန်မြို့စတင်တည်ထောင်စဉ်(အလောင်းမင်းတရားလက်ထက်)နှစ်မိုင်ခန့်(စတုရန်းမိုင်၏ ရှစ်ပုံတစ်ပုံ)
၁၈၅၃အင်္ဂလိပ်လက်အောက်ကျရောက်စဉ်၀.၈
၁၉၅၃ဖဆပလအစိုးရ၄၇.၅၇
၁၉၇၃မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၈၀.၅၅
၂၀၀၇နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၃၅၂
လက်ရှိ၃၅၀ ကျော်

ရန်ကုန်မြို့ပြလူဦးရေ

ခုနှစ်ခေတ်လူဦးရေ
၁၇၅၅ရန်ကုန်စတင်တည်ထောင်စဉ်ကာလ၁၀,၀၀၀
၁၈၅၃အင်္ဂလိပ်တို့ဝင်ရောက်လာချိန်၄၀,၀၀၀
၁၉၅၃ဖဆပလအစိုးရ၈၂၅,၀၀၀
၁၉၇၃-၁၉၈၈မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၂,၀၁၅,၂၃၀
၁၉၈၈-၂၀၁၁နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၆,၆၀၀,၀၀၀
၂၀၁၁-၂၀၁၆သမ္မတ ဦးသိန်းစိန် အစိုးရ၇,၀၀၀,၀၀၀
၂၀၁၆-၂၀၁၈သမ္မတ ဦးထင်ကျော် အစိုးရ
၂၀၁၈-၂၀၂၁သမ္မတ ဦးဝင်းမြင့် အစိုးရ
၂၀၂၁-ယနေ့ထိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ

[၁၄]

အုပ်ချုပ်ရေး

ရန်ကုန်မြို့တော်ခန်းမ

ရန်ကုန်မြို့တော် စီမံခန့်ခွဲခြင်းကိစ္စရပ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Yangon City Development Committee) (YCDC) မှ တာဝန်ယူဆောင်ရွက်သည်။ ရန်ကုန်မြို့တော်၏ မြို့ပြစီမံကိန်းများကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထိန်းကြောင်းဆောင်ရွက်သည်။[၁၅] ရန်ကုန်မြို့တော်ကို ခရိုင်လေးခုအဖြစ် ခွဲခြားထားသည်။ ထိုခရိုင်လေးခုတွင် မြို့နယ်ပေါင်း ၃၃ ခု ပါဝင်သည်။ လက်ရှိ ရန်ကုန်မြို့တော်ဝန်မှာ ဦးဗိုလ်ဌေးဖြစ်သည်။ (၂၀၂၁)ခုနှစ်အထိ ရန်ကုန်တိုင်း‌ဒေသကြီးအား ခရိုင် (၄)ခုခွဲ၍ အုပ်ချုပ်သည်။ (၂၀၂၂)ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အောက်ပါအတိုင်း ခရိုင်အသစ်များခွဲကာ စီမံအုပ်ချုပ်လျက်ရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ခရိုင်များနှင့်မြို့နယ်များ
ခရိုင်ပါဝင်သည့်မြို့နယ်
သင်္ဃန်းကျွန်းခရိုင်
သင်္ဃန်းကျွန်းမြို့နယ်တောင်ဥက္ကလာပမြို့နယ်တာမွေမြို့နယ်ရန်ကင်းမြို့နယ်
ဗိုလ်တထောင်ခရိုင်
ဗိုလ်တထောင်မြို့နယ်ဒေါပုံမြို့နယ်မင်္ဂလာတောင်ညွန့်မြို့နယ်ပုဇွန်တောင်မြို့နယ်သာကေတမြို့နယ်
ဒဂုံမြို့သစ်ခရိုင်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ကျောက်တံတားခရိုင်
ကျောက်တံတားမြို့နယ်ပန်းဘဲတန်းမြို့နယ်လမ်းမတော်မြို့နယ်လသာမြို့နယ်ဒဂုံမြို့နယ်
အလုံခရိုင်
အလုံမြို့နယ်ကြည့်မြင်တိုင်မြို့နယ်စမ်းချောင်းမြို့နယ်
မရမ်းကုန်းခရိုင်
မရမ်းကုန်းမြို့နယ်လှိုင်မြို့နယ်မြောက်ဥက္ကလာပမြို့နယ်
ကမာရွတ်ခရိုင်
ကမာရွတ်မြို့နယ်ဗဟန်းမြို့နယ်
မင်္ဂလာဒုံခရိုင်
မင်္ဂလာဒုံမြို့နယ်ရွှေပြည်သာမြို့နယ်
အင်းစိန်ခရိုင်
အင်းစိန်မြို့နယ်လှိုင်သာယာအရှေ့ပိုင်းမြို့နယ်လှိုင်သာယာအနောက်ပိုင်းမြို့နယ်

[၁၆]

ပညာရေး

ဆေးတက္ကသိုလ် (၁) ရန်ကုန်

အခြေခံပညာ

ရန်ကုန်မြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၀၀ ခန့် (ခန့်မှန်း) တည်ရှိသည်။[၁၇]

အဆင့်မြင့်ပညာ

  • ရန်ကုန်တက္ကသိုလ်
  • မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
  • ရန်ကုန်နည်းပညာတက္ကသိုလ်
  • ရန်ကုန် စီးပွားရေး တက္ကသိုလ်၊
  • ဆေးတက္ကသိုလ် (၁) ရန်ကုန်
  • ဆေးတက္ကသိုလ်(၂) ရန်ကုန်
  • ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊
  • ရန်ကုန်ပညာရေးတက္ကသိုလ်၊
  • ရန်ကုန်အဝေးသင်တက္ကသိုလ်၊
  • သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊
  • သူနာပြုတက္ကသိုလ်(ရန်ကုန်)၊
  • ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၊
  • ဒဂုံတက္ကသိုလ်၊
  • ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊
  • ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊
  • နည်းပညာတက္ကသိုလ်(မှော်ဘီ)၊
  • နည်းပညာတက္ကသိုလ်(သံလျှင်)၊
  • ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊
  • ဆေးဝါးတက္ကသိုလ်၊
  • ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊
  • အခြေခံကျန်းမာရေးတက္ကသိုလ်၊
  • သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊
  • သမဝါယမတက္ကသိုလ်(သံလျှင်)၊
  • အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊
  • တပ်မတော်ဆေးတက္ကသိုလ်၊
  • တပ်မတော်သူနာပြုနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်၊
  • ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)၊
  • မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊
  • ရန်ကင်းပညာရေးဒီဂရီကောလိပ်၊
  • သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၊
  • လှည်းကူးပညာရေးဒီဂရီကောလိပ်၊
  • အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်၊
  • သမဝါယမကောလိပ်(ဖောင်ကြီး)

အစရှိသော အစိုးရပိုင်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များစွာ တည်ရှိသည်။

ကျန်းမာရေး

အစိုးရဆေးရုံများ

အစိုးရ အထွေထွေရောဂါကု ဆေးရုံများ

  • ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (ရန်ကုန်ပြည်သူ့ဆေးရုံကြီး)
  • ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး
  • မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး
  • သင်္ဃန်းကျွန်း စံပြ အထွေထွေရောဂါကု ဆေးရုံကြီး
  • အင်းစိန် အထွေထွေရောဂါကု ဆေးရုံ
  • ရန်ကုန် အရှေ့ပိုင်း အထွေထွေရောဂါကု ဆေးရုံ
  • ရန်ကုန် အနောက်ပိုင်း အထွေထွေရောဂါကု ဆေးရုံ
  • တက္ကသိုလ်များ ဆေးရုံ[၁၈] ခေါ် ရန်ကုန်တက္ကသိုလ် ဆေးရုံ(ခုတင်-၁၀၀)
  • ဒဂုံတက္ကသိုလ်ဆေးရုံ (ခုတင်-၅၀)[၁၉]
  • လှိုင်သာယာ မြို့နယ်ဆေးရုံ
  • သာကေတ မြို့နယ်ဆေးရုံ
  • သန်လျင် အထွေထွေရောဂါကုဆေးရုံကြီး

အစိုးရ အထူးကု ဆေးရုံများ

  • ရန်ကုန် ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး
  • ရန်ကုန် ကလေး ဆေးရုံကြီး
  • ရန်ကင်း ကလေး ဆေးရုံကြီး
  • ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီး (ယခင်ကိုလိုနီခေတ် Dufferin Maternity ဆေးရုံ)
  • ဗဟန်း အမျိုးသမီး ဆေးရုံ ခေါ် (ဒေါ်ခင်ကြည်ဆေးရုံ)[၂၀][၂၁]
  • တောင်ဥက္ကလာပ မိခင်နှင့်ကလေး ဆေးရုံ
  • ရန်ကုန် အလုပ်သမား ဆေးရုံကြီး
  • ရန်ကုန် နား နှာခေါင်း လည်ချောင်း ဆေးရုံကြီး
  • ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီး ခေါ် (ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီး)
  • ရန်ကုန် အရိုး ဆေးရုံကြီး
  • ရန်ကုန် မျက်စိ အထူးကု ဆေးရုံကြီး
  • ရန်ကုန် ကူးစက်ရောဂါကု ဆေးရုံ
  • ရန်ကုန် တိုင်းရင်းဆေး ဆေးရုံ
  • အင်းစိန် အောင်ဆန်း တီဘီရောဂါ အထူးကု ဆေးရုံ

အားကစား

သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း

နိုင်ငံတွင်းနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးနှင့် အခြားအားကစား ပြိုင်ပွဲများ ကျင်းပလေ့ရှိသော သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းပဒုမ္မာ အားကစားကွင်းစလင်း အားကစားကွင်း တည်ရှိသည်။ ၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် နှင့် ၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း တွင် ကျင်းပခဲ့သည်။

မြို့ခံအသင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်သည်။ အိမ်ကွင်းမှ ရန်ကုန်ယူနိုက်တက် အားကစားကွန်ပလပ် ဖြစ်သည်။[၂၂]

အထင်ကရနေရာများ

ညီအစ်မမြို့တော်

ရန်ကုန်မြို့သစ်

ရန်ကုန်မြို့သစ်စီမံကိန်း ( New Yangon City ) လှိုင်သာယာ-တွံတေး မြစ်ကြောင်းလမ်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်အကြား

ရန်ကုန်ဆိပ်ကမ်းမြို့သစ် ( New Yangon Port City ) ရန်ကုန်တိုင်းဒေသကြီး တောင်ဘက်အစွန်း

ဒလမြို့သစ်စီမံကိန်း ( Yangon Eco City ) ဒလမြို့နယ်

ရန်ကုန်မြို့၏ အမြင့်ဆုံး အဆောက်အအုံများ

  • Daimond Inya Palace
  • M Tower
  • Golden City
  • တိုင်းမ်စီးတီး

ဓာတ်ပုံများ

အခြားကြည့်ရန်

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ