One-China policy |
တရုတ်တစ်ပြည်ပေါ်လစီပြမြေပုံ ပီအာစီကိုသာ အသိမှတ်ပြုသောနိုင်ငံများ ပီအာစီကို အသိအမှတ်ပြုသော်လည်း အာအိုစီနှင့်ဆက်ဆံရေးရှိသော နိုင်ငံများ အာအိုစီကိုသာ အသိမှတ်ပြုသောနိုင်ငံများ အဆိုတင်သွင်းမှုမရှိသေး |
ရိုးရာ တရုတ် | 一個中國政策 |
---|
ရိုးရှင်းသော တရုတ် | 一个中国政策 |
---|
Transcriptions |
---|
Standard Mandarin |
---|
Hanyu Pinyin | Yīgè Zhōngguó zhèngcè |
---|
Wade–Giles | I-ko Chungkuo Chengts'e |
---|
IPA | [ǐkɤ ʈʂʊ́ŋkwǒ ʈʂɤnktsʰɤ̂] |
---|
|
One China principle |
---|
ရိုးရာ တရုတ် | 一個中國原則 |
---|
ရိုးရှင်းသော တရုတ် | 一个中国原则 |
---|
Transcriptions |
---|
Standard Mandarin |
---|
Hanyu Pinyin | Yīgè Zhōngguó yuánzé |
---|
Wade–Giles | I-ko Chungkuo yüantse |
---|
IPA | [ǐkɤ ʈʂʊ́ŋkwǒ yǎntsɤ̌] |
---|
|
တရုတ်တစ်ပြည်ပေါ်လစီ (အင်္ဂလိပ်: One China policy) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) ဟူသောနှစ်နိုင်ငံအနက် တရုတ်တစ်နိုင်ငံကိုသာ အသိအမှတ်ပြုရန်ချမှတ်ထားသော ပေါ်လစီတစ်ခုဖြစ်သည်။ နိုင်ငံအများစုသည် ထိုပေါ်လစီကို ကျင့်သုံးကြသော်လည်း သဘောထားများ ကွဲလွဲကြသည်။ ပီအာစီသည် ပြောဆိုဆက်ဆံရာ၌ "တရုတ်တစ်ပြည်ထောင်စည်းမျဉ်း" (One China principle) ဟူ၍ခေါ်ဆိုသည်။[၁][၂]
ထိုပေါ်လစီသည် "၁၉၉၂ နားလည်မှု" (1992 consensus) မှ တရုတ်ပြည်မနှင့် ထိုင်ဝမ်ကျွန်းတို့ကိုအုပ်ချုပ်သော တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိသည် ဟူသောအချက်ကို အခြေခံသည်။ သို့သော် ထိုသို့အုပ်ချုပ်သော တရားဝင်အစိုးရမှာမူ မည်သည့်အစိုးရဖြစ်သည်ကို နှစ်ဖက်လုံးမှ အငြင်ပွားလျက်ရှိကြသည်။
ထိုင်ဝမ်ပြည်တွင်းမှအမြင်များ
ထိုင်ဝမ်၏နိုင်ငံရေးပါတီများဖြစ်ကြသော ကူမင်တန်ပါတီနှင့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီတို့၏ အမြင်များသည် အလွန်ကွဲပြားကြသည်။
ကူမင်တန်တို့သည် တရုတ်တစ်ပြည်ပေါ်လစီကို လက်ခံသဘောတူလျက် ရှိသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရုတ်ပြည်မနှင့်ထိုင်ဝမ်ကို အာအိုစီကသာအုပ်ချုပ်ခဲ့သည်။ ပြည်တွင်းစစ်၌ ကွန်မြူနစ်တို့ကို စစ်ရှုံးခဲ့၍ ထိုင်ဝမ်သို့တိမ်းရှောင်ခဲ့ရသော်လည်း နှစ်နေရာလုံးကို ဆက်လက်အုပ်ချုပ်လျက် ရှိကြောင်း ခံယူသည်။[၃]
ဒီမိုကရက်တစ်တိုးတက်ရေးပါတီကမူ ထိုပေါ်လစီကို လက်မခံရုံသာမက တရုတ်နှစ်ပြည်ရှိခြင်းကိုလည်း ငြင်းပယ်သည်။ ထိုပါတီ၏အဓိကသဘောထားမှာ "တရုတ်" ဟူဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုသာ ရည်ညွှန်းစေလို၍ ထိုင်ဝမ်ကို "ထိုင်ဝမ်သမ္မတနိုင်ငံ" ဟူ၍သီးခြားနိုင်ငံအနေဖြင့် ရပ်တည်လိုကြသည်။[၄] သမ္မတဆိုင်အင်းဝမ်သည်ပင် "၁၉၉၂ နားလည်မှု" မှ အချက်အလက်များကို ငြင်းပယ်ခဲ့သည်။ တရုတ်တစ်ပြည်ပေါ်လစီ၏ဖိအားကြောင့် ထိုင်ဝမ်လွတ်လပ်ရေးလှုပ်ရှားမှု၏ အရှိန်အဟုန်မှာ ပိုမိုကြီးမားလာရာ "ထိုင်ဝမ်သမ္မတနိုင်ငံ" အဖြစ်ပြန်လည်တည်ထောင်လိုကြသည်။
ဥပဒေအရသုံးသပ်မှု
ပီအာစီအစိုးရနှင့် အာအိုစီအစိုးရတို့သည် တစ်ဦးခြင်းစီ၏ တရားဝင်အုပ်ချုပ်မှုကို အသိအမှတ်ပြုခြင်း မရှိကြပေ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ)
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ နိဒါန်း:
ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရေးပါသောနယ်နမိတ်ဖြစ်သည်။ မိခင်နယ်မြေကို ပြန်လည်စည်းရုံးရမည့်တာဝန်ကို ပြီးဆုံးအောင်ဆောင်ရွက်ရန်မှာ တရုတ်နိုင်ငံသားများအားလုံးသာမက ထိုင်ဝမ်ရှိမျိုးချစ်ပြည်သူများ၏ တာဝန်ပင်ဖြစ်သည်။[၅]
- ခွဲထွက်ခြင်းဆန့်ကျင်ရေးဥပဒေ (Anti-Secession Law):
အခန်း (၂):
ဤကမ္ဘာတွင်တရုတ်ဟူသည် တစ်နိုင်ငံတည်းသာရှိသည်။ တရုတ်ပြည်မနှင့်ထိုင်ဝမ်တို့ကို တရုတ်တစ်နိုင်ငံသာပိုင်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတို့တွင် ကွဲနေမှုမရှိစေရ။ ထိုအချုပ်အခြာအာဏာနှင့် နယ်မြေသိက္ခာတို့ကို စောင့်ထိန်းရန်မှာ တရုတ်နိုင်ငံသားများအားလုံးသာမက ထိုင်ဝမ်ရှိမျိုးချစ်ပြည်သူများ၏ တာဝန်ပင်ဖြစ်သည်။ ထိုင်ဝမ်သည် တရုတ်နယ်မြေဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းသူများသည် ထိုင်ဝမ်ကိုတရုတ်ပြည်မှ ခွဲထွက်ရန်ဆောင်ရွက်ခြင်းကို ခွင့်ပြုခြင်းမရှိစေရ။
[၆]အခန်း (၅):
တရုတ်တစ်ပြည်ထောင်စည်းမျဉ်းကို လက်ခံထားခြင်းသည် နိုင်ငံကိုငြိမ်းချမ်းစွာ ပြန်လည်စည်းရုံးခြင်း၏ အခြေခံမူဖြစ်သည်။
ထိုသို့ငြိမ်းချမ်းစွာ ပြန်လည်စည်းရုံးခြင်းသည် ရေလက်ကြားတစ်ဖက်တစ်ချက်ရှိ မျိုးချစ်ပြည်သူများ၏ ဆန္ဒကိုဖြည့်စည်းခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းစွာပြန်လည်စည်းရုံးမှုကို ရရှိစေရန် အတတ်နိုင်ဆုံးဆောင်ရွက်ရမည်။
နိုင်ငံတော်ကို ငြိမ်းချမ်းစွာပြန်လည်စည်းရုံးပြီးနောက် ထိုင်ဝမ်သည်တရုတ်ပြည်မနှင့် မတူညီသောစနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရရှိရမည်။
[၆]
တရုတ်သမ္မတနိုင်ငံ (အာအိုစီ)
- တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၈ မှ ၂၀၀၀ အထိ အကျုံးဝင်) မှ ဥပဒေပုဒ်မ (၄):
အမျိုးသားလွှတ်တော်၏ အတည်ပြုရယူမှုမပါဘဲ တရုတ်သမ္မတနိုင်ငံ၏ နယ်မြေနှင့်နယ်နမိတ်တို့ကို ပြောင်းလဲနိုင်ခြင်းမရှိစေရ။
- ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ခြောက်ကြိမ်မြောက် ဖြည့်စွက်ခြင်း (၂၀၀၀ မှ ၂၀၀၅ အထိ အကျုံးဝင်) မှ အခန်း (၄):
ဥပဒေပြုရေးယွမ်မှ အနည်းဆုံးလူလေးပုံတစ်ပုံတို့မှ အဆိုတင်သွင်းမှုမပါဘဲ၊ ထိုဥပဒေပြုရေးယွမ်မှ လူလေးပုံသုံးပုံမှ အတည်ပြုခြင်းမပါဘဲ၊ အမျိုသားလွှတ်တော် အထူးအစည်းအဝေးမှ ကိုယ်စားလှယ် လေးပုံသုံးပုံ၏ အတည်ပြုမှုမပါဘဲ တရုတ်သမ္မတနိုင်ငံ၏ နယ်မြေနှင့်နယ်နမိတ်တို့ကို ပြောင်းလဲနိုင်ခြင်းမရှိစေရ။
- ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ခုနှစ်ကြိမ်မြောက် ဖြည့်စွက်ခြင်း (၂၀၀၅ မှ ယနေ့အထိ အကျုံးဝင်) မှ အခန်း (၄):
ဥပဒေပြုရေးယွမ်မှ အနည်းဆုံးလူလေးပုံတစ်ပုံတို့မှ အဆိုတင်သွင်းမှုမပါဘဲ၊ ထိုဥပဒေပြုရေးယွမ်မှ လူလေးပုံသုံးပုံမှ အတည်ပြုခြင်းမပါဘဲ၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးမှ ကိုယ်စားလှယ် လေးပုံသုံးပုံ၏ အတည်ပြုမှုမပါဘဲ၊ ထိုအဆိုပြုတင်သွင်းမှုကို အများသိအောင်ကြေညာပြီး ခြောက်လမျှကာလာအတွင်း တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာအတွင်း အများပြည်သူများ၏ ထက်ဝက်ကျော်သောမဲကို မရရှိဘဲ တရုတ်သမ္မတနိုင်ငံ၏ နယ်မြေနှင့်နယ်နမိတ်တို့ကို ပြောင်းလဲနိုင်ခြင်းမရှိစေရ။
အမေရိကန်ပြည်၏သဘောထား
အမေရိကန်နိုင်ငံသည် ၁၉၇၂ မှစ၍ တရုတ်တစ်ပြည်ပေါ်လစီကို လက်ခံခဲ့သည်။ ၁၉၇၂ အမေရိကန် မှတ်တမ်းအရ ဝါရှင်တန်အစိုးရအနေဖြင့် တရုတ်ပြည်မနှင့်ထိုင်ဝမ်တို့သည် တရုတ်တစ်ပြည်တည်းသာဖြစ်သည် ဟူသောအဆိုကိုလက်ခံထားသည်ဟု ဖော်ပြထားသည်။ ထိုပေါ်လစီကိုလက်ခံထားသည်နှင့်တစ်ပြိုင်နက် "တရုတ်နိုင်ငံ"ကို ပေကျင်းနှင့်ထိုင်ပေအစိုးရ အနက်မည်သည့်အစိုးရက ကိုယ်စားပြုသည်ကို ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပေ။[၇]
၁၉၇၉ တွင် သမ္မတဂျင်မီ ကာတာသည် အာအိုစီနှင့်အဆက်အသွယ် ဖြတ်တောက်တော့မည်အခါတွင် ကွန်ဂရတ်လွှတ်တော်သည် ထိုင်ဝမ်ပြည်ဆက်ဆံရေးအက်ဥပဒေ (Taiwan relations act) ကို ပြဋ္ဌာန်းစေခဲ့ရာ ထိုင်ဝမ်နှင့်ဆက်ဆံရေးကို ဆက်လက်ထားရှိစေခဲ့သည်။ သို့သော်ထိုင်ဝမ်ပြည်ကို "တရုတ်နိုင်ငံ"အဖြစ် အသိအမှတ်ပြုခြင်းမရှိတော့ပေ။ ၁၉၈၂ တွင် သမ္မတရော်နယ် ရေဂင်သည် ထိုင်ဝမ်ကိုပီအာစီက အုပ်ချုပ်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။
ကွန်ဂရတ်သုသေတနအဖွဲ့ (Congress Research Service) ၏ သုသေတနအရ အမေရိကန်ပြည်၏သဘောထားမှာ အောက်ပါအတိုင်းဖြစ်သည်။[၉]
- အမေရိကန်သည် ၁၉၇၂၊ ၁၉၇၉၊ ၁၉၈၂ ခုနှစ်တို့မှ မှတ်တမ်းများတွင် ထိုင်ဝမ်၏ကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိမှတ်ပြုထားခြင်းမရှိခဲ့ပေ။
- အမေရိကန်သည် တရုတ်ပြည်မနှင့်ထိုင်ဝမ် နှစ်ဖက်လုံး၏ "တရုတ်တစ်ပြည်ပေါ်လစီ" သဘောထားကို လက်ခံသည်။
- အမေရိကန်ပေါ်လစီအရ ထိုင်ဝမ်ကို ပီအာစီမှ အုပ်ချုပ်မှုမရှိကြောင်း မှတ်ယူထားသည်
- အမေရိကန်သည် ထိုင်ဝမ်ကို လွတ်လပ်သည့်နိုင်ငံအဖြစ် အသိအမှတ်မပြုရသေးပေ။
- အမေရိကန်သည် ထိုင်ဝမ်အခြေအနေကို မဖြေရှင်းရသေး ဟူ၍သာ မှတ်ယူထားသည်။
၂၀၁၆ ဒီဇင်ဘာ ၂ ရက်နေ့တွင် သမ္မတဒေါ်နယ် ထရန့်သည် ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်နှင့် ဖုန်းပြောဆိုခဲ့ကြပြီး ဆက်ဆံရေးကောင်းမွန်ရန်အတွက် ဆွေးနွှေးခဲ့ကြသည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထရန့်သည် အမေရိကန်နိုင်ငံအနေဖြင့် "တရုတ်တစ်ပြည်ပေါ်လစီ" ကို လိုက်နာရန်မလိုကြောင်း ပြောဆိုခဲ့သည်။[၁၀][၁၁][၁၂] ၂၀၁၇ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ဒေါ်နယ်ထရမ့်နှင့် ဖုန်းပြောဆိုခဲ့ပြီး "တရုတ်တစ်ပြည်ပေါ်လစီ" ကို လိုက်နာရန်ပြောဆိုခဲ့သည်။[၁၃]
ကိုးကားချက်များ
ပြင်ပလင့်ခ်များ