ကင်ဂျုံဟွန်း (အဆိုတော်)

ကင်ဂျုံဟွန်း (၈ ဧပြီ ၁၉၉၀[၁] – ၁၈ ဒီဇင်ဘာ ၂၀၁၇)[၂] သည် ဂျုံဟွန်းဟု အမည်ဖြင့် ကောင်းစွာ သိကြပြီး၊ တောင်ကိုရီးယား အဆိုတော်၊ သီချင်းရေးဆရာ၊ ရေဒီယို တင်ဆက်သူ နှင့် စာရေးဆရာ ဖြစ်သည်။ တောင်ကိုရီးယား ယောက်ျားလေးအဆိုအဖွဲ့ ရှင်းနီး၏ အဆိုရှင် ဖြစ်ပြီး S.M. အင်တာတိန်းမင့် ၏ ပရောဂျက် အုပ်စု S.M. ဘောလက်အဖွဲ့တွင် ဆက်လက်ပါဝင်သည်။ ဂျုံဟွန်းသည် Base ဟု အမည်ပေးသော သူ့ ပထမဆုံး အီးပီနှင့်အတူ ၂၀၁၅ ဇန်နဝါရီ ၁၂ တွင် တစ်ကိုယ်တော် အဆိုတော်အဖြစ် စတင်ပွဲဦးထွက်လာသည်။ ထိုနှစ်မှာပင် စတိုရီ အိုပီ တစ် ဟူသော ပေါင်းချုပ် အယ်လဘမ်တစ်ခုကို ဖြန့်ချိသည်။ ၂၀၁၆ မေ ၂၄ တွင် သူ၏ ပထမဆုံး စတူဒီယို အယ်လဘမ် ဖြစ်သော သူမသည် ကို ဖြန့်ချိပြီးနောက် ဒုတိယ ပေါင်းချုပ် အယ်လဘမ် ဖြစ်သော စတိုရီ အိုပီ နှစ်ကို ၂၀၁၇ ဧပြီ ၂၄ တွင် ဖြန့်ချိသည်။

ကင်ဂျုံဟွန်း
Kim Jong-hyun
Jonghyun at 2016 Korean Popular Culture And Arts Awards
ဇာတိ အမည်김종현
မွေးဖွား(1990-04-08)ဧပြီ ၈၊ ၁၉၉၀
Jung District, Seoul, South Korea
ကွယ်လွန်ဒီဇင်ဘာ ၁၈၊ ၂၀၁၇(2017-12-18) (အသက် ၂၇)
ဂန်နမ်ခရိုင်၊ ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ
သေဆုံးရခြင်း အကြောင်းရင်းကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းဖြင့် သေကြောင်းကြံခြင်း
အလုပ်အကိုင်
  • Singer-songwriter
  • radio host
  • author
ဂီတခရီးလမ်း
ဂီတဟန်
  • K-pop
  • R&B
တူရိယာ
  • တေးသံရှင်
တက်ကြွသည့်နှစ်များ၂၀၀၈–၂၀၁၇
တေးသံသွင်း ကုမ္ပဏီ
  • S.M. Entertainment
ပူးတွဲ ပါဝင်မှု
  • Shinee
  • SM Town
  • SM the Ballad
ဝက်ဘ်ဆိုက်jonghyun.smtown.com
ကင်ဂျုံဟွန်း
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Gim Jonghyeon
MRအက္ခရာဖလှယ်ခြင်း:Kim Chonghyŏn
လက်မှတ်
Jonghyun at Dazed x Boon: The Shop Event in May 2016

လူထုပုံရိပ်

ဂျုံဟွန်းသည် အယ်လဘမ် ရေးစပ်သီကုံးခြင်း၊ စီမံခန့်ခွဲခြင်း၊ စာရေးသားခြင်းတို့တွင် ကျယ်ပြန့်စွာ ပါဝင်ခဲ့ရာ အက်စ် အမ် အင်တာတိန်းမင့် ၏ ပထမဆုံးသော အနုပညာရှင် ဖြစ်သည်။ ကုမ္ပဏီသည် ၎င်းတို့၏ အနုပညာရှင်များ တေးအယ်လဘမ် ထုတ်ဝေသည့်အပေါ် စည်းကမ်းအလွန် တင်းကြပ်ကြောင်း ကေပေါ့ပ် လောကတွင် နာမည်ကြီးသည်။[၃] ကိုရီးယားတိုင်းမ်မှ ကင်ဒါဟီးက အိုင်ဒေါလောကတွင် အမြောက်အမြား ထုတ်လုပ်နိုင်သော အဆိုတော် လေးဦးထဲမှ တဦးအဖြစ် ဂျုံဟွန်းကို သတ်မှတ်ပြီး၊ ကျန်သုံးဦးမှာ ဂျီနဂါး၊ ဇီကို နှင့် ဂျင်ယောင်းတို့ ဖြစ်ကာ၊ သူတို့သည် သီချင်းရေးသားခြင်း၊ ထုတ်လုပ်ခြင်းနှင့် ကခြင်းအပြင် အခြားသော စွမ်းရည်များကို ထည့်ပေါင်းလိုက်သော် အောင်မြင်သော ဂီတပညာရှင်များ ဖြစ်လာကြလေသည်ဟု မှတ်ချက်ပြုသည်။[၄] ဂျုံဟွန်း ကိုယ်ပိုင်ရေးသေား သီချင်းများတွင် ကိုယ်ပိုင်ဟန် ရှိသည်ဟု သတ်မှတ်ကြပြီး၊ တစ်ကိုယ်တော် သီချင်း အများစုသည် ချီးမွမ်းခြင်း ခံရသည်။ အင်ဆိုက်ကိုရီးယားက ဂျုံဟွန်းသည် ဂီတအတွက် မွေးဖွားလာသူဟု ကင်ပွန်းတပ်သည်။[၅]

ပုဂ္ဂိုလ်ရေး

၂၀၁၃ ဧပြီတွင်၊ ကား မတော်တဆ ဖြစ်ပြီး၊ နှာခေါင်းတွင် ဒဏ်ရာရသည်။[၆][၇] သူ့အေဂျင်စီက သူသည် နှာခေါင်း ခွဲစိတ်မှု လုပ်နေရသည်ဟု ထုတ်ပြန်သည်။ သူတို့ တတိယမြောက် အယ်လဘမ်ကို အပြည့် ပရိုမိုးရှင်းပွဲ အများစု လုပ်နေချိန်တွင် ဘေးထိုင်နေခဲ့ရပြီး၊ နောက်ဆုံး အပတ်တွင်မှ ပါဝင်နိုင်ခဲ့သည်။[၈]

၂၀၁၃ ဒီဇင်ဘာ တွင်၊ ဂျုံဟွန်းသည် တွစ်တာ ပရိုဖိုင်းပုံကို LGBT ကို ထောက်ခံအားပေးသည်ဟု ရည်ညွှန်းသော ပုံတစ်ပုံ သို့ ပြောင်းလဲလိုက်ရာ မိမိကိုယ်မိမိ ရှိုင်းနီးအဖွဲ့၏ ပရိသတ်အသင်းဝင်ဟု ပြောသော ပရိသတ်များ၏ အသရေဖျက် တုံ့ပြန်ခြင်းကို ခံရသည်။[၉][၁၀][၁၁]

သေဆုံးခြင်း

Fans mourn at Asan Medical Center funeral hall, December 20, 2017

ဂျုံဟွန်းသည် ဆိုးလ်မြို့ အရှေ့တောင်ဘက်ရှိ ဂန်းနမ်ခရိုင်၊ ချုံးဒမ်ရပ်ကွက်တွင် တိုက်ခန်း စတူဒီယိုတလုံးကို နှစ်ရက်အတွက် လျှို့ဝှက်စွာ ငှားရမ်းခဲ့ပြီး၊[၁၂] ၂၀၁၇ ဒီဇင်ဘာ ၁၈ တွင် စတင်ဝင်ရောက် နေထိုင်သည်။[၁၃] ဂျုံဟွန်းအစ်မ ကင်ဆိုဒမ်က ညနေ ၄ နာရီ ၄၂ မိနစ်တွင် အရေးပေါ်ဌာနသို့ ပထမဆုံး ဖုန်းခေါ်ပြီး၊ သူ့မောင် သေကြောင်းကြံနေသလား မသိရကြောင်း သတင်းပို့သည်။ သူ့မောင်သည် ကာကအိုစကားပြောမှ တဆင့် နောက်ဆုံးနှုတ်ဆက်ခြင်းပါဟု အဓိပ္ပာယ်ရသည့် မက်ဆေ့များ သူ့ဆီ ပို့နေ၍ ဖြစ်သည်။ [၁၄][၁၅] ဂျုံဟွန်းကို နောက်ဆုံး တွေ့လိုက်ရသည်မှာ တိုက်ခန်းနံဘေးရှိ အသင့်ဝယ် စတိုးဆိုင်တွင် ဖြစ်ပြီး၊ ဆေးလိပ်များ၊ ဆိုဒါရည်နှင့် မုန့်ပဲသရေစာများ တစ်ထုပ်ကြီး ဝယ်သွားသည်။ တိုက်ခန်း၏ လုံခြုံရေးအစောင့်က ပြောပြသည်မှာ သူသည် စတိုးဆိုင်ရှေ့ သူ့ကားထဲမဝင်ခင် အကြာကြီးပင် ရပ်နေခဲ့ကြောင်း၊ ကားကို လမ်းမပေါ်၌ ဆူညံသံ ထွက်လောက်အောင် ရှေ့တိုးနောက်ငင် မောင်းနေကြောင်း ဖြစ်သည်။[၁၆][၁၇] မျက်နှာဖုံးဖြင့် မျက်နှာကို ကာထားခြင်း မရှိဘဲ၊ သူ့အခန်းထဲ စကား တစ်လုံးမျှ မဆို ဝင်သွားခဲ့သည်။[၁၈]

သူ့အစ်မဆီ ချန်ထားခဲ့သော မက်ဆေ့မှ တဆင့် သူ့ဆဲလ်ဖုန်းကို ခြေရာခံ လိုက်လာပြီးနောက်၊[၁၉] ည ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရဲနှင့် အရေးပေါ်အဖွဲ့ဝင်များသည် ဂျုံဟွန်းကို သူ့တိုက်ခန်းတွင်း အိပ်ရာနှင့် စားပွဲဘေး ကြမ်းပြင်ပေါ် သတိလစ်နေသည်ကို တွေ့သည်။ သူတို့ ရောက်ရှိချိန်၌ အခန်းထဲတွင် မီးခိုးများနှင့် ပြည့်နေပြီး၊ ကြမ်းပေါ်၌ အန်ထားသည့် ခြေရာလက်ရာများ ရှိသည်။ ကွန်းကွတ် တက္ကသိုလ်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပြီး၊ အရေးပေါ် ကုသမှု ပေးသည်။ သို့သော် သတိ ပြန်လည်မလာတော့ဘဲ၊ ၆ နာရီ ၃၂ မိနစ်တွင် အသက် ၂၇ နှစ် သေဆုံးပြီဟု ဆေးရုံက ကြေညာသည်။[၂၀][၂၁][၂၂][၂၃][၂၄] စုံစမ်းရေးမှူးများက သူသည် အဆိပ်ငွေ့များ သို့မဟုတ် မီးခိုးများကို ရှူရှိုက်မိခြင်းကြောင့် သေဆုံးရသည်ဟု ယုံကြည်ပြီး၊ တိုက်ခန်းထဲရှိ အကြော်ဒယ်အိုးတွင် လောင်ကျွမ်းသော ကာဗွန် မီးသွေးတုံးများကို တွေ့ရှိရသောကြောင့် ဖြစ်သည်။ ဂျုံဟွန်းမိသားစု၏ တောင်းဆိုချက်အရ ရင်ခွဲစစ်ဆေးခြင်းကို မပြုတော့ဘဲ[၂၅] သူ့ သေဆုံးမှုသည် သတ်သေခြင်းဟု ရဲတပ်ဖွဲ့မှ ကြေညာသည်။[၂၆]

ဂျုံဟွန်း၏ သေဆုံးခြင်းသည် မီဒီယာများ ဖော်ထုတ်မှုအရ စိတ်ကျခြင်းနှင့် ဆက်စပ်နေပြီး၊ လီဟီအတွက် ရေးပေးသော သီချင်း နှစ်ပုဒ် အထီးကျန်စွာနှင့် အသက်ရှူသံ တွင် အထီးကျန်ခြင်းနှင့် ပတ်သက်သော အကြောင်းများ ရေးထားသည်။ အင်စတာဂရမ်တွင်လည်း ထိုသီချင်းစာသားများကို ကိုးကား တင်ထားသေးသည်။[၂၇] ထို့ပြင်၊ စိတ်ဓာတ်ကျသည့် သင်္ကေတ ဖြစ်သော ခွေးနက် တကောင်၏ ပုံကိုလည်း တင်ထားပြီး၊ ခွေးပုံ ဆေးမင်ကြောင်လည်း ထိုးထားသေးသည်။[၂၈] ဒီဇင်ဘာ ဖျော်ဖြေပွဲများအတွင်း၊ ၂၀၁၈ ဇန်နဝါရီ တကိုယ်တော် ပြန်လာခြင်းပွဲအတွက် မိတ်ဆက်ဖျော်ဖြေရမည် ဖြစ်သော်လည်း၊ သူသည် လျစ်လျူပြုကာ၊[၂၉] အင်္ဂလိပ်လို Only One You Need ကိုရီးယားလို မူးမေ့နာကျင်မှုဟူသော သူရေးထားသည့် သီချင်းသစ် တစ်ပုဒ်ဖြင့် ဖျော်ဖြေခဲ့ပြီး၊ ချစ်ရသူကို ဆုံးရှုံးရပြီးနောက် အခြားသူများကို နှစ်သိမ့်သည့် အကြောင်း ဖြစ်သည်။[၃၀][၃၁]

ထင်ရှားသော အနုပညာရှင်များနှင့် ပရိသတ်များ တက်ရောက်သော သုံးရက်ကြာ ဈာပန ကျင်းပပြီးနောက် ဒီဇင်ဘာ ၂၁ တွင် ဂျုံဟွန်းကို သီးသန့် ဈာပနပွဲသို့ ဆေးရုံမှပြောင်းရွှေ့လိုက်ပြီး၊ သူ့မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေများသာ တက်ရောက်ကြကာ ၎င်းနောက် လူမသိသော နေရာ၌ အနားယူခွင့် ပြုလိုက်ကြသည်။[၃၂][၃၃][၃၄]

အကျိုးဆက်

ဂျုံဟွန်း သေဆုံးပြီးနောက် သူ့အမည်သည် တွစ်တာတွင် ရေပန်းစားသော ခေါင်းစဉ် တစ်ခု ဖြစ်လာသည်။[၃၅] "#StayStrongShawols"[၃၆] "#YouDidWellJonghyun" (ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ဂျုံဟွန်း) စသော ဟက်ရှ်တက်များလည်း ပလူပျံခဲ့သည်။[၃၇] ဂျုံဟွန်း သေဆုံးရခြင်းကြောင့် တောင်ကိုရီးယား ဖျော်ဖြေရေးလောကတွင် ခက်ခဲကြမ်းတမ်း၍ ပြိုင်ဆိုင်မှု ပြင်းထန်သော စရိုက်များသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများနှင့် ပတ်သက်ပြီး အငြင်းအခုံ ဖြစ်လာစေသည်။ အေပင့်အဖွဲ့မှ ဂျွန်အွန်ဂျီက သူ၏ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များစွာသည် ဂျုံဟွန်း၏ မက်ဆေ့များကို သိရှိပြီး၊ အနုပညာလောကသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမို တိုးတက်ကောင်းမွန်အောင် ထောက်ပံ့ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။[၃၈][၃၉] စတိုရီ အိုပီ ၂ မှ အထီးကျန်စွာ"Lonely" သည် မဲလန်နှင့် ဂျင်းနီဇယား၌ နံပါတ်တစ် စချိတ်သည်။[၄၀]

ဂျုံဟွန်းပါဝင်ခဲ့သော "ညမှင်စာ" စုံစိရှိုးကို ၂၀၁၇ ဒီဇင်ဘာ ၂၄ တွင် ထုတ်လွှင့်ရန် စီစဉ်ထားသော်လည်း၊ ဂျေတီဘီစီက မလွှင့်တော့ရန် ဆုံးဖြတ်လိုက်သည်။[၄၁] ရှင်းနီးအဖွဲ့က ၂၀၁၈ ဖေဖော်ဝါရီတွင် ဂျပန်၌ ဖျော်ဖြေပွဲများ ဆက်တိုက် ကျင်းပရန် ရှိသည်ကိုလည်း ရပ်ဆိုင်းထားရမည်လော ဟူသည်ကို စကားဖြင့် ညှိနှိုင်းသွားမည်ဟု ဆိုသည်။[၄၂]

ဝမ်းနည်းကြေကွဲခြင်း

ဂီတလောကနှင့် အနုပညာလောက တခုလုံးက ဂျုံဟွန်း သေဆုံးရခြင်းအပေါ် ဝမ်းနည်းပူဆွေးကြသည်။ အိတ်က်ဇို၊[၄၃] တယ်ယွန်၊[၄၄] TVXQ[၄၅] တို့ကလည်း သူတို့၏ ဖျော်ဖြေပွဲများတွင် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောပြကြသည်။ အမ်ဘီစီ ရေဒီယိုကလည်း ဂျုံဟွန်း၏ ကြာရှည်စွာ တင်ဆက်လာသည့် ညပြာ အစီအစဉ်ကို ဒီဇင်ဘာ ၂၁ ၌ စပါယ်ရှယ် အမှတ်တရ ထုတ်လွှင့်ရန် စီစဉ်ထားသော်လည်း၊ ဖျက်သိမ်းလိုက်သည်။[၄၆]

ဓာတ်ပြား

  • She Is (2016)

ရုပ်ရှင်ရုပ်သံ

ရုပ်ရှင်

YearTitleRoleNotes
2012I AM.HimselfBiographical film of SM Town[၄၇]
2015SMTOWN The StageDocumentary of SM Town[၄၈]

ရေဒီယို

YearTitleRoleRef.
2014–2017MBC Blue NightRadio host[၄၉][၅၀][၅၁]

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ

YearTitleRef.
2015Skeleton Flower[၅၂]

ဖျော်ဖြေပွဲများ

ခေါင်းစီး

  • The Story by Jonghyun (2015)[၅၃]
  • JONGHYUN – X – INSPIRATION (2016)[၅၄]
  • The Agit (The Letter) (2017)
  • INSPIRED (2017)

အောင်မြင်မှုများ

ဆုနှင့် ဇကာတင်

YearAwardCategoryNominated workResultRef
2015MBC Entertainment AwardsExcellence Award - RadioBlue Night Radioဆုရရှိ[၅၅]
2016Golden Disc AwardsDisk BonsangBaseဆုရရှိ[၅၆]
Mnet Asian Music AwardsBest Male ArtistN/Aဆန်ခါတင်[၅၇]


ကိုးကား

ပြင်ပလင့်

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ