စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော် ကာကွ

ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ[၁][၂] စိုးဝင်း (၁ မတ် ၁၉၆၀ မွေးဖွား[၃]) သည် မြန်မာနိုင်ငံသား၊ တပ်မတော်သားတစ်ဦးဖြစ်ပြီး လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်များအား ထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ်၊ ဗိုလ်လောင်သင်တန်းအမှတ်စဉ် (၂၂)ကျောင်းဆင်းအရာရှိတစ်ဦးဖြစ်သည်။ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း (ဗထူး)၏ ကျောင်းအုပ်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့် တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်ကာ "ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)" အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး
မဟာသရေစည်သူ[၁]

စိုးဝင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 တပ်မတော်
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒုတိယဗိုလ်ချုပ်မှူးကြီး မောင်​အေး
 တပ်မတော် (ကြည်း)
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၁
ယခင်လူဒုတိယဗိုလ်ချုပ်မှူးကြီး မောင်​အေး
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1960-03-01) မတ် ၁၊ ၁၉၆၀ (အသက် ၆၄)
နိုင်ငံသားမြန်မာနိုင်ငံသား
လူမျိုးဗမာ
ကြင်ဖော်(များ)ဒေါ်သန်းသန်းနွယ်
သားသမီးဟန်ထူး
လင်းထူး
မိခင်ကျောင်းစစ်တက္ကသိုလ်
ဆုတံဆိပ်များ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀-လက်ရှိ
ရာထူးဒုတိယဗိုလ်ချုပ်မှူးကြီး
တပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင် ဒုတိယ​ခေါင်း​ဆောင်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။[၄]

ကိုယ်ရေးအကျဉ်း

  • DSA အပတ်စဉ် (၂၂) (ကြည်း - ၁၆၄၈၉)
ခုနှစ်နေရာတာဝန်
၁၉၈၁ဒုဗိုလ်
၂၀၀၆တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)ကျောင်းအုပ်ကြီး
၂၀၀၈မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
၂၀၀၉ဗိုလ်ချုပ်
၂၀၁၀အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး
၂၀၁၁ မတ်ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
၂၀၁၂ ဧပြီ ၃ဗိုလ်ချုပ်ကြီး

ရရှိခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ

ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည် (၀၄-၀၁-၂၀၂၁) လွတ်လပ်ရေးနေ့တွင် “သီရိပျံချီ ”ဘွဲ့မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော သရေစည်သူသင်္ဂဟဘွဲ့သို့ တိုးမြှင့်၍ “နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)” ဖြင့် ချီးမြှင့်ခံခဲ့ရသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ