ကင်းပုံပင်

အပင်မျိုးစိတ်
(ကင်းပုံသီး မှ ပြန်ညွှန်းထားသည်)
Coccinia grandis
Ivy gourd
Ivy gourd cross section
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
Clade:Eudicots
Clade:Rosids
မျိုးစဉ်:Cucurbitales
မျိုးရင်း:Cucurbitaceae
မျိုးဇာတ်:Benincaseae
မျိုးစု:Coccinia
မျိုးစိတ်:
C. grandis
ဒွိနာမ
Coccinia grandis
Synonyms[၁]
  • Bryonia acerifolia D.Dietr.
  • Bryonia alceifolia Willd.
  • Bryonia barbata Buch.-Ham. ex Cogn.
  • Bryonia grandis L.
  • Bryonia sinuosa Wall. nom. inval.
  • Cephalandra grandis Kurz
  • Cephalandra indica (Wight & Arn.) Naudin nom. illeg.
  • Cephalandra moghadd (Asch.) Broun & Massey
  • Cephalandra schimperi Naudin
  • Coccinia helenae Buscal. & Muschl.
  • Coccinia indica Wight & Arn. nom. illeg.
  • Coccinia loureiriana M.Roem.
  • Coccinia moghadd (J.F.Gmel.) Asch.
  • Coccinia moimoi M.Roem.
  • Coccinia palmatisecta Kotschy
  • Coccinia schimperi Naudin
  • Coccinia wightiana M.Roem.
  • Cucumis pavel Kostel.
  • Cucurbita dioica Roxb. ex Wight & Arn.
  • Momordica bicolor Blume

Wild Snake Gourd (ကင်းပုံ)

  • Botany Term : Coccinia grandis (L.) Voigt
  • Species/Family : Cucurbitaceae

ပုံသဏ္ဌာန်

ကင်းပုံပင်

အပင်

အမြဲစိမ်း သစ်ပျော့နွယ်ပင် ဖြစ်သည်။ ပင်စည် သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။

အရွက်

ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်း မှ ထွက်၏။ အဝိုက် ၃ ဝိုက်ပါ၍ ထိပ်အဝိုက်တွင် ထောင့် ၃ ထောင့် ပါပြီး ဘေးအဝိုက် ၂ ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည် ၊ ရွက်ပြားပါး၍ ချောမွတ်သည်။ ရွက်နား လှိုင်းတွန့် အနည်းငယ် ရှိ၏။ ရွက်ညာ အလွန်ရှည်သည်။

အပွင့်

ရွက်ညှာကြားမှ ထွက်သည်။ အဖြူရောင် ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင်သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။

ကင်းပုံသီးမှည့်
ကင်းပုံသီးမှည့်

အသီး

လုံး၍ ရှည်မျောမျောပုံရှိသည်။ ၂ လက်မကျော်ခန့် ရှည်သည်။ အခွံ ပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သောအခါ လိမ္မော်နီရောင် ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။

မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ

  • အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : ပဉ္စငါးပါး ၊ အရွက် ၊ အသီး ၊ အမြစ်။
  • မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။
  • အသုံးဝင်ပုံ : အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ကင်းပုံသီးသည် ခါး၏ ၊ အေး၏ ၊ သလိပ်သည်းခြေကို နိုင်၏ ၊ ဝမ်းကိုသက်စေသည် ၊ အရွက်သည် ဖန်၏ ၊ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိုး ၊ သွားများ တည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လည်း လန်းဆန်း စေသည်။

အသုံးပြုပုံ

ပဉ္စငါးပါး  : ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏။

အရွက်

  1. အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏။
  2. ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
  3. ကင်းပုံရွက်ကို သန်ကျဆေး ဖော်စပ်ရာ၌ သုံး၏။
  4. ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
  5. ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင် ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

အသီး

  1. ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။

အမြစ်

  1. အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေး အဖြစ်သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့် အနက် ဆေးဖက်တွင် အခါးကို အသုံးများသည်။) [၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ