ကနဖော့

ကနဖော့
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
Angiospermae
(unranked):
Eudicots
(unranked):
Asterids
မျိုးစဉ်:
Asterales
မျိုးရင်း:
Asteraceae
မျိုးစု:
Enydra
မျိုးစိတ်:
E. fluctuans
ဒွိနာမ
Enydra fluctuans
Lour.

Enhydra fluctuans Lour (ကနဖော့)

  • Botany Term : Enhydra fluctuans Lour
  • Species/Family : Compositae

အလွန်သေးငယ်သော အရပ်ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြား ရေချိုပိုင်း ရေစပ်များတွင် ပေါက်ရောက်သည်။ သဘာ၀အလျောက် အလေ့ကျပေါက်သည်။

ရခိုင်လူမျိုးများသည် ကနဖော့ ကို ခေါင်းရော် ဟုခေါ်ကြသည်။

ပုံသဏ္ဌာန်

  • အပင် ရေစပ် ရွှံ့နွံများကြား၌ ပေါက်သည့် ပင်ပျော့ပင်ငယ်တစ်မျိုး ဖြစ်သည်။ အမြင့် ၁- ၂ ပေထိ ရှိ၏။ တစ်ပင်လုံး ပြောင်ချောနေသည်။ သို့မဟုတ် တစ်ခါတစ်ရံ အမွေးနုများ ဖုံးလွှမ်းနေသည်။ ကိုင်းဖြာသည်။ အဆစ်များမှ ဖော့ကဲ့သို့ ပေါ့ပါးသော အဖြူရောင် အမြစ်များ ဖြာထွက်သည်။
  • အရွက် ရွက်ဆိုင် အလှည့်ကျထွက်သည်။ အရွက်များ သေးသွယ်ပြီး ငှက်တောင်ပုံ ရှိသည်။ ၁ လက်မမှ ၃ လက်မထိ ရှည်သည်။ ရွက်ရင်း ကျဉ်းသွယ်သည်။ ရွက်ညှာမဲ့၍ ရွက်နားညီသည်။ သို့မဟုတ် သေးငယ်သော ခွေးသွားစိပ်များ ရှိသည်။
  • အပွင့် စိမ်းနုရောင်ရှိသည်။ ပွင့်ညှာမဲ့သည်။ ထိပ်ထွက်ပန်းပွင့် ဖြစ်သည်။ ပွင့်ချိန်မှာ သီတင်းကျွတ်လမှ တပေါင်းလ အထိ ဖြစ်သည်။
  • အသီး တစ်စေ့သီး ဖြစ်သည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ

ပဉ္စငါးပါး၊ အများအားဖြင့် အရွက်ကို သုံးသည်။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ

အလွန်သေးငယ်သော အရပ်ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြား ရေချိုပိုင်း ရေစပ်များတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ

သဘာ၀အလျောက် အလေ့ကျပေါက်သည်။

အသုံးဝင်ပုံ

  • အာနိသင်  : မြန်မာဆေးကျမ်းများ အလိုအရ ကနဖော့သည် ငန်ခါး အရသာ ရှိ၏။ သည်းခြေ၊ သလိပ်ကိုနိုင်၏။ ဖောရောင်ခြင်း၊ နူနာ၊ အရေပြားရောဂါ၊ ချောင်းဆိုးရောဂါ စသည်တို့မှ ကင်းဝေး၏။

အသုံးပြုပုံ

  • အရွက်
  1. အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက် ပူခြင်းကို အေးစေသည်။ အရေပြားနှင့် အကြောရောဂါများ အတွက်လည်း သုံးသည်။
  2. အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။
  • ပဉ္စငါးပါး
  1. ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။
  2. ကနဖော့ ပဉ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ၊ အရေပြားရောဂါ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက်ကင်း၏။
  3. ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။
  4. ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည်၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ