ကန်းစုပြည်နယ်

ဤအသံ အကြောင်းGansu  သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏အနောက်မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။

ကန်းစုပြည်နယ်
Gansu Province
တရုတ်ဘာသာဖြင့် :甘肃省
ဖျင်းယင်းဖြင့်Gānsù Shěng
အတိုကောက်အမည်: 甘 or 陇/隴  (pinyin: Gān or Lǒng)
Gansu is highlighted on this map
အမည်ရင်းမြစ်甘 gān - (ကန်းကျိုးခရိုင်)
肃 sù - (စုကျိုးခရိုင်)
အုပ်ချုပ်ရေးအမျိုးအစားပြည်နယ်
မြို့တော်
(နှင့် အကြီးဆုံးမြို့)
လန်ကျိုးမြို့
ကွန်မြူနစ်ပါတီ အကြီးအကဲလုဟောင်
ပြည်နယ်အုပ်ချုပ်ရေးမှူးလျိုဝေဖျင်
ဧရိယာ၄၅၄,၀၀၀ စတုရန်းကီလိုမီတာ
 - လတ္တီကျု32° 36' to 42° 48' N
 - လောင်ဂျီကျု092° 46' to 108° 43' E
လူဦးရေ (၂၀၁၀)
 - သိပ်သည်းမှု
၂၅,၅၇၅,၂၅၄ (၂၂)
၇၃
ဂျီဒီပီ (၂၀၁၀)
 - လူတစ်ဦးချင်း
ယွမ်ငွေ ၄၁၁.၉ ဘီလီယံ (US$ ၆၀.၈ ဘီလီယံ) (၂၇)
CNY ၁၂,၈၃၆ (၃၀)
HDI (၂၀၀၈)၀.၇၀၅ (medium) (၂၉)
ကိုးကွယ်ယုံကြည်မှုများဗုဒ္ဓဘာသာအစ္စလာမ်ဘာသာ
တိုင်းရင်းသားလူမျိုးများဟန့်လူမျိုး - 91%
ဟွေလူမျိုး - 5%
တုန်းရှန်းလူမျိုး - 2%
တိဘက်လူမျိုး - 2%
ဒေသသုံးဘာသာစကားများတရုတ်ဘာသာစကား၊ တိဘက်ဘာသာစကား
ခရိုင်ကြီး(Prefecture)အဆင့်၁၄ ခု
ခရိုင်ငယ်(County)အဆင့်၈၆ ခု
မြို့နယ်(Township)အဆင့်*၁၃၄၄ ခု
ISO 3166-2CN-62
အင်တာနက် စာမျက်နှာ
http://www.gansu.gov.cn
Source for population and GDP data:
《中国统计年鉴—2005》 China Statistical Yearbook 2005
ISBN 7503747382
Source for nationalities data:
《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China
ISBN 7105054255
*As at December 31, 2004
Template ■ Discussion ■ WikiProject China

တိဘက်ကုန်းပြင်မြင့် နှင့် ဟွမ်းထူကုန်းပြင်မြင့်များ အကြားတွင် တည်ရှိပြီး မြောက်ဘက်တွင် မွန်ဂိုလီးယားနိုင်ငံ၊ အတွင်းမွန်ဂိုလီးယားပြည်နယ်၊ နင်ရှပြည်နယ်၊ အနောက်ဘက်တွင် ရှင်းကျန်းပြည်နယ်၊ ချင်းဟိုင်ပြည်နယ်၊ တောင်ဘက်တွင် စစ်ချွမ်းပြည်နယ်၊ အရှေ့ဘက်တွင် ရှန်းရှီးပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မြစ်ဝါမြစ်သည် ကန်းစုပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားသည်။

၂၀၀၉ခုနှစ်စာရင်းအရ ကန်းစုပြည်နယ်တွင် လူဦးရေ ၂၉ သန်းကျော်ရှိပြီး ဟွေလူမျိုးများနေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။ ကန်းစုပြည်နယ်တောင်ပိုင်းဒေသများတွင် တိဘက်လူမျိုးများ နေထိုင်ကြသည်။ မြို့တော်မှာ လန်ကျိုးမြို့ ဖြစ်ပြီး ပြည်နယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ကန်းစုပြည်နယ်ကို အတိုကောက်အားဖြင့် ကန်း ("甘" Gān) သို့မဟုတ် လုံ ("陇" Lǒng) ဟု ခေါ်ဆိုသည်။ တရုတ်ဘာသာစကားအရ လုံဟူသည်မှာ နဂါး ဖြစ်သည်။ ပြည်နယ်၏ အရှေ့ဘက်တွင် နဂါးတောင်တန်း ခေါ် လုံတောင်တန်း တည်ရှိသောကြောင့် ကန်းစုပြည်နယ်ကို နဂါးနောက်ပြည်နယ်၊ နဂါးညာဘက်ပြည်နယ်ဟုလည်း ခေါ်ဆိုကြသည်။

အုပ်ချုပ်ရေးခရိုင်များ

ကန်းစုပြည်နယ်ကို ခရိုင်ကြီးအဆင့်စုစုပေါင်း (၁၄)ခု ခွဲခြားထားသည်။

Mapစဉ်ရုံးစိုက်ရာမြို့တရုတ်စာဖြင့်ဖျင်းယင်းဖြင့်ခရိုင်ကြီးအမည်လူဦးရေ (၂၀၁၀)
— ခရိုင်ကြီးများ —
1ကျိုချွမ်မြို့酒泉市Jiǔquán Shìစုကျိုးခရိုင်1,095,947
2ကျားယွိကွမ်းမြို့嘉峪关市Jiāyùguān Shìကျားယွိကွမ်းခရိုင်231,853
3ကျန်းယဲ့မြို့张掖市Zhāngyè Shìကန်းကျိုးခရိုင်1,199,515
4ကျင်းချောင့်မြို့金昌市Jīnchāng Shìကျင်းချောင့်ခရိုင်464,050
5ဝူးဝေမြို့武威市Wǔwēi Shìလျန်ကျိုးခရိုင်1,815,054
6ပိုင်ယင်းမြို့白银市Báiyín Shìပိုင်ယင်းခရိုင်1,708,751
7လန်ကျိုးမြို့兰州市Lánzhōu Shìချင်ကွမ်းခရိုင်3,616,163
10တင့်ရှီးမြို့定西市Dìngxī Shìအန်းတင့်ခရိုင်2,698,622
11လုံးနန်မြို့陇南市Lǒngnán Shìဝူတုခရိုင်2,567,718
12ထျန်းရွှေမြို့天水市Tiānshuǐ Shìချင်းကျိုးခရိုင်3,262,548
13ဖျင်းလျန်မြို့平凉市Píngliàng Shìခုံးထုံခရိုင်2,068,033
14ချင်းယန်မြို့庆阳市Qìngyáng Shìရှီးဖွင်းခရိုင်2,211,191
— ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကြီးများ —
8လင်ရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်临夏回族自治州Línxià Huízú Zìzhìzhōuလင်ရှမြို့1,946,677
9ကန်းနန် တိဘက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်甘南藏族自治州Gānnán Zāngzú Zìzhìzhōuဟဲဇော့689,132

လူဦးရေနှင့်လူမျိုးများ

On the streets of လင်ရှမြို့

ကန်းစုပြည်နယ်တွင် လူဦးရေ ၃၀,၇၁၁,၂၈၇ ယောက် နေထိုင်ကြသည်။ ၇၃% ခန့်မှာ ကျေးလက်တွင် နေထိုင်ကြသည်။ လူမျိုးအနေဖြင့် ဟန့်တရုတ်လူမျိုး (၉၂%) ရှိပြီး အခြားလူမျိုးများမှာ ဟွေလူမျိုး၊ တိဘက်လူမျိုး၊ တုန်းရှန်းလူမျိုး၊ ထူလူမျိုး၊ မန်ချူးလူမျိုး၊ အူရ်ဂါလူမျိုး၊ ယူဂါလူမျိုး၊ ပေါနန်လူမျိုး၊ မွန်ဂိုလူမျိုး၊ ဆာလာလူမျိုး နှင့် ကာဇက်လူမျိုး များနေထိုင်ကြသည်။ ရှေးယခင်က ဟွေလူမျိုး ပန်းသေးတရုတ် (မူဆလင်များ) အများအပြားနေထိုင်ခဲ့ကြသည်။

ဘာသာစကားများ

အများစုသည် မြောက်ပိုင်းတရုတ်စကား (Mandarin Chinese) မူကွဲများကိုပြောဆိုကြသည်။ နယ်ခြားဒေသများတွင် ထူ၊ အန်ဒိုတိဘက်၊ မွန်ဂို နှင့် ကာဇက် ဘာသာစကားများကို ပြောဆိုကြသည်။ ယင်းတိုင်းရင်းသားများသည် တရုတ်စကားကိုလည်း ပြောဆိုနိုင်ကြသည်။

ယဉ်ကျေးမှု

အဓိကအစားအသောက်မှာ ဒေသထွက် ဂျုံ၊ ဘာလီ၊ ပဲအမျိုးမျိုး၊ ကန်စွန်းဥ နှင့် လူး၊ ဆပ်များ ဖြစ်ကြသည်။ ကန်းစုပြည်နယ်သည် ယင်း၏ လားမြန့်ခေါ် လက်ဆွဲခေါက်ဆွဲ (pulled noodles) ကြောင့် အထူးထင်ရှားသည်။ မူဆလင်စားသောက်ဆိုင်များ (Muslim restaurants) မှာ သိုးသား၊ ဆိတ်သား စသည့် စားသောက်ဖွယ်ရာများ ရနိုင်သည်။

ဘာသာရေး

အစ္စလာမ်ဘာသာဝင်များ နှင့် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြသည်။ ကူမင်တန်အစ္စလာမ္မစ်ပုန်ကန်မှု (Kuomintang Islamic insurgency in China (1950–1958) သည် တရုတ်ပြည်တွင်းစစ်၏ အဆက်ဖြစ်သည်။ ဗုဒ္ဓယဉ်ကျေးမှု အနုလက်ရာများလည်း တွေ့ရသည်။ တွန်းဟွမ်သည် အလယ်ခေတ်မှ ထင်ရှားသော ဗုဒ္ဓဘာသာ ဗဟိုချက် ဖြစ်ခဲ့သည်။ [၁]

အာကာသယာဉ်ပစ်လွှတ်စခန်း

ကန်းစုပြည်နယ်၊ ဂိုဘိသဲကန္တာရအတွင်းရှိ ကျိုချွမ်မြို့တွင် ကျိုချွမ်အာကာသယာဉ်ပစ်လွှတ်စခန်း (Jiuquan Satellite Launch Center) တည်ရှိသည်။

ကိုးကား

ပြင်ပလင့်ခ်များ


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ