ကရင်နီဘာသာစကား

(ကယားဘာသာစကား မှ ပြန်ညွှန်းထားသည်)

ကရင်နီဘာသာစကား သို့မဟုတ် ကယားဘာသာစကား (ကယား: ကယး လီူး ꤊꤢꤛꤢ꤭ ꤜꤟꤤ꤬) သည် မြန်မာနိုင်ငံရှိ ကယားလူမျိုး (ကရင်နီလူမျိုး) ငါးသိန်းကျော် (၅၀၀,၀၀၀ ကျော်) ပြောဆို အသုံးပြုကြသော ကရင်ဘာသာစကားတစ်ခု ဖြစ်သည်။

ကရင်နီ ကယး လီူး
ကယား
Karenni
ဒေသခံမြန်မာနိုင်ငံ
လူမျိုးစုကယားလူမျိုး
ဒေသခံ ပြောဆိုသူများ
၁၉၀၀၀၀ (၂၀၀၀–၂၀၀၇)[၁]
စာအရေးအသားစနစ်
ကယားလီအက္ခရာ (eky,kyu)
လက်တင်အက္ခရာ (kyu,kxf)
မြန်မာအက္ခရာ (kyu,kxf)
unwritten (kvy)
တရားဝင် အခြေအနေ
လူနည်းစု ဘာသာစကားအဖြစ်
အသိအမှတ်ပြုခြင်း
ဘာသာစကားကုဒ်များ
ISO 639-3Variously:
eky – အရှေ့ကယား
kyu – အနောက်ကယား
kvy – ယင်းတလဲ
kxf – မနူမနော (မနု၊ ကော်ယော်)
Glottologkaya1317  ကယား[၂]
yint1235  ယင်းတလဲကရင်[၃]
manu1255  မနုမနောကရင်[၄]

ကယား ဟူသော ဝေါဟာရသည် အခြားကရင်များမှ ခွဲခြားခေါ်ဆိုရန်အတွက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။[၅]

၂၀၀၀ ခုနှစ်တွင် အရှေ့ကယားဘာသာစကားကို မြန်မာနိုင်ငံတွင် လူဦးရေ ၂၆၀,၀၀၀ နှင့် ထိုင်းနိုင်ငံတွင် ၁၀၀,၀၀၀ တို့က ပြောဆိုအသုံးပြုကြသည်ဟု ဆိုသည်။ ၁၉၈၇ ခုနှစ်တွင် အနောက်ကယားဘာသာစကားကို မြန်မာနိုင်ငံတွင် လူဦးရေ ၂၁၀,၀၀၀ ခန့်က ပြောဆိုအသုံးပြုကြသည်။ ယင်းနှစ်ခုသည် ကွဲပြားသော ဘာသာစကားနှစ်ခု ဖြစ်သည်။ အနောက်ကယား၏ ဒေသိယစကားများမှာ ယင်းတလဲ နှင့် မနုမနော တို့ ဖြစ်ကြသည်။

ပျံ့နှံ့မှုနှင့် မူကွဲများ

အရှေ့ကယားဘာသာစကား ကို

  • ကယားပြည်နယ်၊ ရှားတောမြို့နယ် (သံလွင်မြစ်၏ အရှေ့ဘက်ပိုင်း)
  • ရှမ်းပြည်နယ်၊ လင်းခေးခရိုင် တို့တွင် ပြောဆို အသုံးပြုကြသည်။[၁]

အရှေ့ကယား ဒေသိယစကားများမှာ အထက်အရှေ့ကယားနှင့် အောက်အရှေ့ကယား တို့ဖြစ်ပြီး အပြန်အလှန် နားလည်နိုင်သည်။ အရှေ့ကယားသည် အနောက်ကယားဘာသာစကားကို နားလည်နိုင်ရန် အခက်အခဲရှိသည်။

အနောက်ကယားဘာသာစကား ကို ကယားပြည်နယ်နှင့် သံလွင်မြစ်အရှေ့ပိုင်းရှိ ကရင်ပြည်နယ်တို့တွင် ပြောဆိုအသုံးပြုကြသည်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင်လည်း ပြောဆိုအသုံးပြုကြသည်။[၁]

အနောက်ကယား ဒေသိယစကားများသည် ထိုင်းနိုင်ငံမှ ပျံ့နှံ့လာသော အလယ်ကရင် မူကွဲများ၏ တစ်စိတ်တစ်ပိုင်းများ ဖြစ်ကြသည်။ ယင်းတို့မှာ[၁]

  • အနောက်ကယား မြောက်ပိုင်းစကား
  • အနောက်ကယား တောင်ပိုင်းစကား
  • ဒေါတမ
  • ဒေါညေခု
  • စလောင်း
  • ချိကယ်
  • ဝမ်ချယ်

အနောက်ကယား၏ မူကွဲတစ်ခုဖြစ်သော ယင်းတလဲဘာသာစကား ကို ကယားပြည်နယ်၊ ဘော်လခဲခရိုင်ဖားဆောင်းမြို့နယ်ရှိ ကျေးရွာ သုံးရွာတွင် ပြောဆိုအသုံးပြုကြသည်။[၁] ယင်းတလဲဒေသိယစကားများမှာ ဘောလခဲနှင့် ဝမ်အောင်း တို့ ဖြစ်သည်။

ကော်ယော်ဘာသာစကား သည် အနောက်ကယားဘာသာစကားနှင့် ဆင်တူပြီး ကယားပြည်နယ် ဘော်လခဲမြို့နယ်နှင့် ဖရူးဆိုးမြို့နယ် နယ်နိမိတ်များရှိ ကျေးရွာ ၂၃ ရွာတွင် ပြောဆို အသုံးပြုကြသည်။ ကော်ယော် ဒေသိယစကားများမှာ တော်ခူ နှင့် ဒိုလိုဆို တို့ဖြစ်ကြပြီး အပြန်အလှန် နားလည်ရန် ခက်ခဲသည်။

ကိုးကား

ပြင်ပလင့်ခ်များ


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ