ကလဘားဇွန်

ကလဘားဇွန်သည် တဂ္ဂလော့ပြည်မတောင်ပိုင်းဟု လူသိများပြီး ဖိလစ်ပိုင်နိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေ ၄-က အဖြစ် သတ်မှတ်ထားသည်။ ဤနယ်မြေ၌ ဘတန်ဂက်၊ ခဗိုက်၊ လဂန္န၊ ကွေဇွန်နှင့် ရီဇယ်ဟူသော ပြည်နယ် ၅ ခုပါပြီး လုစနာမြို့ကြီးလည်း ရှိသည်။ ဖိလစ်ပိုင်၏ လူနေအထူထပ်ဆုံးနယ်မြေဟု အာဏာပိုင်များက ၂၀၁၅ ခုတွင်ကောက်သော စာရင်းများအရ သိရသည်။ လူဦးရေ ၁၄.၄ သန်းရှိသည်။ နေပြည်တော်နယ်မြေနောက် ဒုတိယလူနေအထူထပ်ဆုံးဖြစ်သည်။

နေပြည်တော်နယ်မြေ၏အရှေ့တောင်ဘက်တွင်ရှိပြီး အနောက်ဘက်၌ မနီလာပင်လယ်အော်၊ အရှေ့ဘက်၌ ဘီကိုးနယ်မြေနှင့် လမွန်ပင်လယ်အော်၊ တောင်ဘက်၌ တာရာဘက်ပင်လယ်အော်နှင့် စီဘူယန်ပင်လယ်၊ မြောက်ဘက်တွင် အလယ်လူဇွန်တို့ တည်နေသည်။

ယခင်က မီမာရိုပါနယ်မြေ၊ ဪရိုရာပြည်နယ်နှင့်နေပြည်တော်နယ်မြေဖြစ်သော မနီလာမြို့ကြီးမှ နယ်မြေအတော်များများ ကလဘားဇွန်တွင် ပါပြီး တဂ္ဂလော့တောင်ပိုင်းဟူ၍ သမိုင်းဝင်နယ်မြေကြီးဖြစ်သည်။ ၂၀၀၂ ခုရောက်မှ နယ်မြေပြန်ခွဲထားသည်။

ကလဘားဇွန်၏သမိုင်းကိုကောက်လျှင် ရှေ့သို့ အတော်သွားရမည်။ ဖိလစ်ပိုင်၌ အစောဆုံးတွေ့ရသော လဂန္နအိုင်ဘေးမှရသည့် ၁၀ ရာစုလာ လဂန္နကြေးပြားစာလွှာတွင် နေရာအမည် ၃ ခု ပါလေရာ ကလဘားဇွန်လည်း အပါအဝင်ဖြစ်သည်။ ကိုလိုနီလက်အောက်ခံဘဝ၌ ဖိလစ်ပိုင်၏သမိုင်းဝင်ပုဂ္ဂိုလ်တို့ ပေါ်ထွက်ရာဖြစ်ပြီး ဖိလစ်ပိုင်၏အာဇာနည်ပုဂ္ဂိုလ်ကြီး ဂျိုဆေးရီဇော်မှာ ဤနယ်မြေရှိ ကလံဘမြို့မှာ ဖွားလေသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ