ကျစွာ (စစ်ကိုင်း)

စစ်ကိုင်းမင်း

ကျစွာ (ကျော်စွာ၊ ၁၃၂၃–၁၃၄၉) သည် စစ်ကိုင်းမင်းဆက်တွင် ဘုရင်တစ်ပါးဖြစ်ပြီး ၁၃၃၉ မှ ၁၃၄၉ ခုနှစ်အထိ စိုးစံခဲ့သည်။ အသင်္ခယာ စောယွန်း၏ သားတော်ကြီးဖြစ်ပြီး နန္ဒပကြံမှ နန်းတင်ပေးခဲ့သည်။

စစ်ကိုင်း ကျစွာ
စစ်ကိုင်းဘုရင်
နန်းသက်c. ဩဂုတ် ၁၃၃၉ – c. မတ် ၁၃၄၉
ရှေ့မင်းဆက်ရွှေတောင်တက်
ဆက်ခံသူနော်ရထာ မင်းရဲ
ဝန်ကြီးချုပ်နန္ဒပကြံ
မွေးဖွား၉ ဧပြီ ၁၃၂၃
မြန်မာသက္ကရာဇ် ၆၈၅၊ ကဆုန်လဆန်း ၄ ရက်၊ စနေ
စစ်ကိုင်းမြို့စစ်ကိုင်းနေပြည်တော်
ကွယ်လွန်c. မတ် ၁၃၄၉ (အသက် ၂၅)
c. မြန်မာသက္ကရာဇ် ၇၁၀၊ နှောင်းတန်ခူး
စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော်
ကြင်ရာတော်စောပအို
သားသမီးများစောစလာ
စံအိမ်မြင်စိုင်း
ခမည်းတော်အသင်္ခယာ စောယွန်း
မယ်တော်စောနှောင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အစောပိုင်းဘဝ

စစ်ကိုင်းဘုရင် အသင်္ခယာ စောယွန်းနှင့် မိဖုရား စောနှောင်းတို့မှ ၁၃၂၃ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၁] သားသမီးလေးဦးအနက် ဒုတိယမြောက်ဖြစ်ပြီး ပင်းယဘုရင် တစ်စီးရှင် သီဟသူနှင့် ပုဂံဘုရင် ကျော်စွာတို့၏ မြေး ဖြစ်သည်။ ဖခင် စောယွန်းသည် ၁၃၂၇ ခုနှစ် ဖေဖော်ဝါရီတွင် ကွယ်လွန်ခဲ့သည်။[၂] သားတော်ကြီးဖြစ်သူ ကျစွာသည် လေးနှစ်အရွယ်ခန့်သာ ရှိသေးရာ ဦးရီးတော် တရဖျားကြီးက စောနှောင်းအား မိဖုရားခေါင်အဖြစ် လက်ထပ်ပြီး ထီးနန်းကို စိုးစံခဲ့သည်။[၃] စောယွန်း၏ သားတော်ကြီးနှင့် တရဖျား၏ မိဖုရားခေါင် စောနှောင်း၏ သားတော်ကြီးဖြစ်သော ကျစွာအား ကြီးပြင်းလာချိန်တွင် ထီးနန်းပြန်လည်ပေးအပ်ရန် တရဖျားကြီး စီစဉ်ခဲ့ခြင်းရှိမရှိကို တိကျစွာ မသိရှိရပေ။

၁၃၃၅/၃၆ တွင် တရဖျားကြီး၏ သားတော်ဖြစ်သူ ရွှေတောင်တက်မှ ဖခင်အား နန်းချပြီး ထီးနန်းကို သိမ်းပိုက်ခဲ့သည်။[၂] သားသမီးများ၏ အသက်အန္တရာယ်စိုးရိမ်ရမှုကြောင့် စောနှောင်းသည် သားသမီးများ (နှင့် သမီးတော်ကြီး စိုးမင်းကိုယ်တော်ကြီး၏ ခင်ပွန်းဖြစ်သူ သတိုးဆင်ထိန်း) အား ဝန်ကြီးချုပ်ဖြစ်သူ နန္ဒပကြံ၏ အကူအညီဖြင့် မင်းတုန်းမြို့သို့ ပို့ဆောင်ခဲ့သည်။[၃] သုံးနှစ်အကြာထိ နန္ဒပကြံအား ဆိတ်ဆိတ်နေရန် လာဘ်ထိုးခဲ့သည်။[၄]

နန်းတက်ခြင်း

ရွှေတောင်တက်သည် ကျစွာတို့အား မင်းတုန်းသို့ ပို့ဆောင်ထားခြင်းကို သိရှိပြီးနောက် ၁၃၃၉ ခုနှစ်တွင် မင်းတုန်းသို့ စစ်တပ်နှင့်တကွ ရောက်ရှိလာပြီး စစ်ကိုင်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။[၄] သို့သော် နန်းတော်သို့ ပြန်ရောက်ချိန်တွင် တရဖျားကြီး၏ သစ္စာခံများက ထကြွပုန်ကန်ကာ ရွှေတောင်တက်အား လုပ်ကြံလိုက်ကြသည်။[၄] ယင်းနောက် ကျစွာအား နန္ဒပကြံမှ ထီးနန်းတင်ပေးခဲ့သည်။[၅] ကျစွာသည် သီရိတြိဘဝနာဒီတျ ပဝါရ ဓမ္မရာဇာ ဘွဲ့ခံယူကာ ထီးနန်းရယူခဲ့သည်။[၅]

ထီးနန်းအုပ်ချုပ်ခြင်း

ကျစွာဘုရင် ထီးနန်းရယူပြီးနောက် နန္ဒပကြံအား ဝန်ကြီးချုပ်နှင့် စစ်သေနာပတိအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ ၁၆ နှစ်အရွယ်သာရှိသေးသူ ကျစွာဘုရင်သည် နန္ဒပကြံအား တိုင်းပြည်ကို စီမံခွင့် ပြုပေးခဲ့သည်။ ကျစွာဘုရင်လက်ထက်တွင် တိုင်းပြည်သည် ငြိမ်းချမ်းခဲ့သည်။ ပင်းယ ဥဇနာ၏ သမီးတော် စောပအို ကို လက်ထပ်ခြင်းဖြင့် စစ်ကိုင်း၏ မြစ်တစ်ဖက်ကမ်း ပင်းယနှင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။[၆] (၁၃၄၀ နှင့် ၁၃၄၄ ခုနှစ်အကြား ငါးစီးရှင် ကျော်စွာမှ ပင်းယဥဇနာအား တိုက်ထုတ်ခဲ့ချိန်အထိ နှစ်ပြည်ထောင် ငြိမ်းချမ်းရေး တည်မြဲခဲ့သည်။) မြောက်ပိုင်းရှိ ရှမ်းပဒေသရာဇ်ပြည်နယ်များသည်လည်း မွန်ဂိုများနှင့် တိုက်ပွဲဝင်နေရသည့်အတွက် ၁၃၅၀ နှောင်းပိုင်းတွင်မှ အလယ်ပိုင်း မြန်မာပြည်ထောင်များကို ဝင်ရောက်လာခဲ့ကြသည်။[၇]

ကျစွာဘုရင်၏ နန်းသက်သည် ၉ နှစ်ကျော်ကြာခဲ့သည်။ တူးဖော်ရရှိသော ကျောက်စာများသည် ကျစွာဘုရင်လက်ထက် ထူးခြားကြောင်းရာများ ရေးထွင်းထားသည်ကို မတွေ့ရှိရပေ။ မင်းတုန်းနှင့် စစ်ကိုင်းအကြားတွင် ကျစွာဘုရင်နှင့် မိဖုရားနှစ်ပါး မြေနှင့် ဘုန်းကြီးကျောင်းလှူဒါန်းခဲ့ရာ သမန္တဘုရားတွင် ကျောက်စာတစ်ခုကို ၁၃၄၃/၄၄ တွင် ကျစွာဘုရင်မှ ရေးထိုးခဲ့သည်။[၅] ကျောက်စာတွင် မင်းတုန်းတွင် ပုန်းခိုနေရပုံနှင့် ရွှေတောင်တက် လာရောက်တိုက်ခိုက်ပုံများကို ရေးထိုးထားသည်။[၆] အခြား ခေတ်ပြိုင်ကျောက်စာတစ်ခုတွင် ကျစွာဘုရင်သည် သူ၏ တူတော် ရာဟုလာမင်းသား (နောင်တွင် သတိုးမင်းဖျားဘုရင်) အား ၁၃၄၇ ခုနှစ် ဇန်နဝါရီ ၂၄ တွင် လက်ဆောင်ပန္နာများ ပေးအပ်ခဲ့ကြောင်း ရေးထိုးထားသည်။[၈] ကျစွာဘုရင်သည် ၁၃၄၉ ခုနှစ် မတ်လ (ခန့်မှန်း) တွင် ကွယ်လွန်ခဲ့သည်။[note ၁]

မိသားစု

ကျစွာမင်းတွင် အနည်းဆုံး မိဖုရား နှစ်ပါးရှိခဲ့သည်။[၅] မိဖုရား စောပအိုနှင့် မွေးဖွားခဲ့သော သမီးတော် စောစလာ သည် နောက်ပိုင်းတွင် ဥဇနာပြောင်၏ မိဖုရား ဖြစ်လာခဲ့သည်။[၆]

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ

မြန်မာရာဇဝင်ကျမ်းများတွင် ကျစွာဘုရင်၏ မွေးဖွားရက်၊ ကွယ်လွန်ရက်နှင့် ထီးနန်းသက်တမ်းများ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ်မွေးဖွား–ကွယ်လွန်အသက်နန်းသက်ထီးနန်းသက်တမ်းကိုးကား
ဇာတာတော်ပုံ ရာဇဝင်၉ ဧပြီ ၁၃၂၃ – ၁၃၄၄၂၀၁၃၃၉–၁၃၄၄[note ၂]
မဟာရာဇဝင်ကြီးc. ၁၃၂၄–၁၃၄၄/၄၅၁၃၃၉/၄၀–၁၃၄၄/၄၅[၉]
မဟာရာဇဝင်သစ်c. ၁၃၁၈–၁၃၄၉/၅၀၃၁၁၃၃၉/၄၀–၁၃၄၉/၅၀၁၀[note ၃]
မှန်နန်း ရာဇဝင်

မျိုးရိုး

မှတ်စုများ

ကိုးကား

ကျမ်းကိုးစာစုများ

  • Royal Historians of Burma (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • မဟာစည်သူ (၁၇၉၈)။ မြင့်ဆွေ (ပထမအကြိမ်)၊ ကျော်ဝင်းနှင့် သိန်းလှိုင် (ဒုတိယအကြိမ်) (eds.)။ မဟာရာဇဝင်သစ်၁–၃ (၂၀၁၂၊ ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။ Cite uses deprecated parameter |editors= (အကူအညီ)
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။
  • သန်းထွန်း (ဒီဇင်ဘာ ၁၉၅၉). "History of Burma: A.D. 1300–1400" XLII. 
  • သန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
ကျစွာ (စစ်ကိုင်း)
မွေးဖွား ၉ ဧပြီ ၁၃၂၃ ကွယ်လွန် c. မတ် ၁၃၄၉
Regnal titles
ယခင်က
ရွှေတောင်တက်
စစ်ကိုင်းဘုရင်
c. ဩဂုတ် ၁၃၃၉ – c. မတ် ၁၃၄၉
ဆက်ခံသူ
နော်ရထာ မင်းရဲ
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ