ရှင်မဏိဇောတ

(ခင်မကန်ဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်မဏိဇောတ (၁၁၄၉ - ၁၂၁+) သည် “ခင်မကန်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ

ဆရာတော်ကို ၁၁၄၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် တရုပ်မြို့၊ သမုံးကိုင်းရွာတွင် ဖွားမြင်ခဲ့သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်ပျား ဖြစ်သည်။ မိဘနှစ်ပါးမှာ မောင်သာမင်းနှင့် ရှင်ဂုံးတို့ ဖြစ်သည်။

ဆရာတော်သည် သာမဏေပြုသည့်အခါ “ရှင်ပဏ္ဍိတ” ဘွဲ့ကို ခံယူခဲ့သည်။ ရဟန်းပြုသည့်အခါတွင် “ရှင်မဏိဇောတ” ဘွဲ့ကို ခံယူခဲ့သည်။ ဆရာတော်သည် အင်းဝမြို့တော်တွင် သဲအင်းဆရာတော်ကြီးထံတွင် စာပေများ သင်ကြားခဲ့သည်။

ပုဂံမင်း၏ မိဖုရား၊ ကနောင်မြို့စား မင်းသမီး၏ သမီးတော်၊ ပင်းတလဲမြို့စားမင်းသမီး၊ ယင်းခဲမင်းသမီးတို့က မြို့တော်၏ အရှေ့မြောက်ယွန်း မင်းအိုကျောင်းတော်တိုက်တောင်ဘက်တွင် ကျောင်းဆောက်လုပ်ကာ ကိုးကွယ်ခဲ့သည်။

ဆရာတော်သည် “မဧိဇောတလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရု” [မှတ်စု ၁]တံဆိပ်တော်ကို ရခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် မန္တလေးမြို့တော် အရှေ့မျက်နာ မဟာဝိဇယာရာမတိုက်တွင် သီတင်းသုံးတော်မူခဲ့သည်။ ဆရာတော်သည် ဝိနည်းအကျင့် ထူးမြတ်သည်ဟု ထင်ရှားသည်။[၁]

ပျံလွန်တော်မူခြင်း

ဆရာတော်သည် ၁၂၁၅ ခုနှစ်နောက်ပိုင်းတွင်မှ ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့်ကျမ်းများ

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာနိသျ၊

၂။ နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာနိသျ၊

၃။ မူလဋီကာဒွါရကထာအဖွင့်နိသျ၊

၄။ ဝိနည်းအဆုံးအဖြတ်များ။[၁]

မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ