ခင်မောင် (စန္ဒရား အေဝမ်း)

စန္ဒရားဆရာ
(ခင်မောင်၊ စန္ဒရားအေဝမ်း မှ ပြန်ညွှန်းထားသည်)
စန္ဒရား အေဝမ်း ခင်မောင်
[[Image:|200px]]
၆၉ နှစ်
မွေးသက္ကရာဇ်၆ မတ် ၁၉၁၆
အမည်ရင်းဦးခင်မောင်
မိဘအမည်ဦးဘရှင် + ဒေါ်ကျော့
မွေးဖွားရာဒေသရန်ကုန်မြို့၊ ၁၂ လမ်း
နိုင်ငံသားမြန်မာနိုင်ငံ
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင်
ကြင်ဖော်လူပျိုကြီး
သားသမီး
ထင်ပေါ်ကျော်ကြားမှုစန္ဒရားဆရာ
ထင်ရှားသည့်လက်ရာများပြည်လှဖေ သီဆိုသော နတ်ရှင်နောင် သီချင်း၊ ပပဝင်း သီချင်း၊ မေရှင် သီဆိုသော ကျေးစေတမန် သီချင်း
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်၂၄ ဖေဖော်ဝါရီ ၁၉၈၅
ကွယ်လွန်ရာဒေသရန်ကုန်မြို့
လက်မှတ်[[Image:|100px]]
ကွန်ယက်


ခင်မောင်၊ စန္ဒရားအေဝမ်း(ခရစ် ၁၉၁၆-၁၉၈၅)

ဂီတလောကတွင် ထင်ရှားသော စန္ဒရား အေဝမ်း ခင်မောင်ကိုရန်ကုန်မြို့၊ ၁၂ လမ်း၌ အဖ ဦးဘရှင်၊ အမိဒေါ်ကျော့တို့က၁၉၁၆ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် မွေးဖွားသည်။၁၉၂၅-၂၆ ခုနှစ်အချိန်က ရန်ကုန်မြို့၊ ရုပ်ရှင်ရုံများရှေ့တွင် ရုပ်ရှင်မပြမီ လူခေါ်မောင်းဆိုင်းဖြင့် ဧည့်ခံ လေ့ရှိရာအေဝမ်းခင်မောင်သည် ၁ဝ နှစ်သားအရွယ်ကတည်းက လူခေါ်မောင်းဆိုင်းတီး ခေါင်းဆောင်အဖြစ် တီးမှုတ်ရသူ ဖြစ်သည်။ တီးဝိုင်းမှအစ လူပြက်နှင့် မင်းသမီးပါ ကလေးများသာပါဝင်သော ရန်ကုန်အနောက် ပိုင်း ကလေးအငြိမ့်တွင်လည်းကလေးတီးဝိုင်းခေါင်းဆောင် ဖြစ်သည်။ အေဝမ်းခင်မောင်သည် ရုပ်ရှင် တီးဝိုင်း လောကသို့စန္ဒရားဆရာများ၏ လက်ထောက် သံပတ္တလားတီး အဖြစ်စတင်ဝင်ရောက်ခဲ့ပြီး စန္ဒရား ဆရာထောက်၊ စန္ဒရားရွှေပြည်အေးတို့ထံတွင် စန္ဒရားတီးပညာ သင်ကြား ခဲ့သည်။ ထို့နောက် အသံတိတ်ရုပ်ရှင်တီးဝိုင်းများတွင် တီးဝိုင်းခေါင်းဆောင် စန္ဒရားဆရာဖြစ်လာခဲ့သည်။ ထိုအချိန်တွင်အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ သံစုံသွင်းရုပ်ရှင်ကားများ စမ်းသပ်ရိုက်ကူးစပြုရာ အေဝမ်းခင်မောင် သည် ၁၉၃၇ ခုနှစ်တွင်ရုံတင်သော မောင့်ဝိညဉ် သံစုံသွင်းရုပ်ရှင်ကားမှစ၍နောက်ခံတေးသွင်း စန္ဒရားဆရာ ဖြစ်ခဲ့သည်။ ထိုမှစ၍ သံစုံသွင်းစန္ဒရားဆရာအဖြစ် အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် လခ ၇ဝကျပ်ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် မြန်မာအဆွေအေဝမ်းရုပ်ရှင်ကုမ္ပဏီမှ "သဘင်ဝန်တံဆိပ်" ဓာတ်ပြားများ ထုတ်လုပ်သည်။ ဓာတ်ပြားများထုတ်လုပ်ရာတွင် အေဝမ်းသံစုံတူရိယာအဖွဲ့ တီးဝိုင်းခေါင်းဆောင်မှာ စန္ဒရားအေဝမ်းခင်မောင် ဖြစ်သည်။ ထိုသို့တီးမှုတ်ခဲ့ရာ စန္ဒရားအေဝမ်းခင်မောင်ဟူ၍ ကျော်ကြားလာခဲ့သည်။ အေဝမ်းခင်မောင်သည် နားပြောင်း နားလွှဲဖြစ်ရန် စန္ဒရားတကျော့၊ ဂီတတကျော့၊ မယ်ဒလင်တကျော့ စသည်ဖြင့်တီထွင်တီးမှုတ်ခဲ့သူဖြစ်သည်။

ပြည်လှဖေ သီဆိုသော နတ်ရှင်နောင်၊ ပပဝင်း သီချင်းများတွင် အေဝမ်းခင်မောင်သည် နရီအထားအသို ကောင်းမွန်ပိရိစွာ စန္ဒရားလက်စွမ်းပြခဲ့သည်။ထို့အပြင် မေရှင် သီဆို သော ကျေးစေတမန်သီချင်းတွင် စန္ဒရားကို တီးလုံးတီးကွက် ပြွတ်သိပ်နေအောင် မတီးပဲ လူတိုင်းနားစွဲရန် လက်ပိုင်သမျှကို အထားအသိုလှပစွာ တီးခတ်ခဲ့သည်။ အေဝမ်းခင်မောင်သည် မြန်မာ့အထာနှင့် မြန်မာ့ဂီတခွင်ကိုလည်းကောင်း၊ နိုင်ငံခြားအသုံး တီးလုံး တီးကွက်များကို လည်းကောင်း ကောင်းစွာနားလည်သူ ဖြစ်သည်။ ထို့ကြောင့် စန္ဒရားတီးခတ်ရာတွင် ဂီတ သင်္ကေတများကို အသုံးမပြုခဲ့ချေ။

အေဝမ်းခင်မောင်၏ ငယ်ဆရာများမှာ ဆိုင်းဆရာကြီး ဆရာကြံ၊ နှဲဆရာကြီး ဗူးကိုတင်၊ ပတ္တလားနှင့် စန္ဒရားဆရာဆရာခန့်၊ စန္ဒရား ဆရာတောက်၊ စန္ဒရား ရွှေပြည်အေးတို့ ဖြစ်ကြသည်။ အေဝမ်းခင်မောင်သည် မြန်မာညွန့် ဦးချစ်မောင်ထံတွင်လည်း သီချင်းကြီး၊ သီချင်းခန့်များကို တက်ယူဆည်းပူးခဲ့သည်။ စန္ဒရားအေဝမ်းခင်မောင်သည် လူပျိုကြီးဘဝနှင့် နေထိုင်ယင်း ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ