ခင်လှိုင် (ကမ္ဘောဇ)

(ခင်လှိုင်၊ ကမ္ဘောဇ မှ ပြန်ညွှန်းထားသည်)

ကမ္ဘောဇ ခင်လှိုင်ကို ဦးဘဦး၊ ဒေါ်ရွှေတင့်တို့က ၁၉၃၁ ခုနှစ်နိုဝင်ဘာလ ၂ ရက်နေ့တွင် ရှမ်းပြည်နယ် ကျောက်မဲမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးခင်လှိုင်ဖြစ်သည်။ကျောက်မဲမြို့ Vernacular ခေါ် မြန်မာမြို့ပုံကျောင်းမှ၁၉၄၄ ခုနှစ်တွင် သတ္တမတန်း အောင်မြင်သည်။ထို့နောက် တောင်ကြီးမြို့ အစိုးရတန်းမြင့်ကျောင်းမှအဋ္ဌမတန်းအောင်မြင်သည်။ ၁၉၄၈ ခုနှစ်တွင် မက်ထရစ်စာမေးပွဲအောင်မြင်သည်။ ၁၉၅၅ ခုနှစ်တွင် M.B.B.S(R.G.N)ဘွဲ့ ရရှိခဲ့သည်။

၁၉၅၆ ခုနှစ်တွင် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်၊ ၁၉၆၁ ခုနှစ်တွင်မြို့နယ်ဆရာဝန်ကြီး (သီပေါ)၊ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ခုနှစ် အထိ ခရိုင်ဆရာဝန်ကြီး (ကျောက်မဲ) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင်အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးရားတက္ကသိုလ်မှဘွဲ့လွန်ဆေးပညာသင်တန်း (ခွဲစိတ်မှုပညာ) ဘာသာရပ်ဘွဲ့၊ ၁၉၆၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အီဒင်ဘာရာဆေးတက္ကသိုလ် F.R.C.S ဘွဲ့များရရှိခဲ့သည်။ ၁၉၆၆ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်လက်ထောက် ခွဲစိတ်ပါမောက္ခ၊ ၁၉၆၇ ခုနှစ်မှ ၁၉၉၁ခုနှစ်အထိ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီး၊ ခွဲစိတ်ကုဆရာဝန်အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ရန်ကုန်တက္ကသိုလ် ဆေးကောလိပ်မဂ္ဂဇင်းတွင် စာညွန့်များ၊ ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ၁၉၆၈ - ၆၉ ခုနှစ်တွင် 'ခွဲစိတ်ခန်း၏ မီးရောင်အောက်ဝယ်' လုံးချင်းစာအုပ်ထုတေ်ဝခဲ့သည်။ ထို့အပြင်ဆေးပညာရှာ ခရီးသည်တွေ့ကြုံဆုံကွဲ ဘဝခရီးထဲဆရာဝန်တို့၏ ရှေ့တန်းစစ်မျက်နှာပျော်လိုက်ရွှင်လိုက် ငိုကာရယ်ကာ နှင့် မနားရသောသမားတစ်ဦး၏ ဘဝခရီး (၂၀၀၉) တို့ကိုလည်း ထုတေ်ဝခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ 'နယ်ခြားပျော် ဒုက္ခသည်သားချင်းများဆီသို့' ဆောင်းပါးရေးသားခဲ့သည်။ 'ကလျာမဂ္ဂဇင်း'ဆေးပညာကဏ္ဍတွင် 'ရောဂါအမျိုးမျိုး ကုသမှုအဖုံဖုံ'ခေါင်းစဉ်ဖြင့် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများအကြောင်းရေးသားခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လားရှိုးမြို့၌ ဘိုးဘွားရိပ်သာကို မçတည်ဆောက်လုပ်လှူဒါန်းခဲ့သည်။ကမ္ဘောဇခင်လှိုင်သည် ၂၀၁၀ ပြည့်နှစ် မေလ၁၂ ရက်နေ့တွင် လားရှိုးမြို့၌ ကွယ်လွန်သည်။ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ရီနှင့် သားသမီးခြောက်ဦးကျန်ရစ်သည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ