ခင်​ဆွေထွန်း

ဒေါ်ခင်ဆွေထွန်း သည် လက်ရှိ ကရင်ပြည်နယ်တရားလွှတ်တော် ၏ တရားသူကြီးချုပ်ဖြစ်သည်။ထို တာဝန်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၃ရက်တွင် အပ်နှင်းခံရသည်။[၁]


ခင်ဆွေထွန်း
ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၃ မတ်၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးသိန်းကိုကို
ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၂ မတ်၂၀၂၂
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ပညာရေး

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ (၁၉၈၁ ) ခုနှစ်တွင် LL.Bဘွဲ့ ရရှိသည်။ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှ Business Law Course (DBL) ကို (၂၀၀၄) ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

ဗဟိုတရားရုံးတွင် တရားရေးဝန်ထမ်းအဆင့် (၄)အဖြစ် ၁၉၈၃ ခုနှစ်မှ စတင်ပြီး တာဝန်ထမ်းဆောင်သည်။ လုပ်ငန်းဝင်သင်တန်းများ တက်ရောက်ပြီးနောက် တရားရေးဝန်ထမ်းအဆင့် (၄) ဝန်ထမ်းဘဝ မှတဆင့် တရားရေးဝန်ထမ်းအဆင့်(၁)အဖြစ် အဆင့်ဆင့်ရာထူးတိုးခံရသည်။ သူမသည် တရားရုံးချုပ် (ရန်ကုန်)၊ မော်လမြိုင်ခရိုင် တရားရုံး၊ မြောင်းမြခရိုင်တရားရုံး၊ တွဲဖက်ပြည်နယ်တရားသူကြီးအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တရားရုံး၊ တွဲဖက်တိုင်းတရားသူကြီးအဖြစ် ရန်ကုန်တိုင်းတရားရုံးတို့တွင် (၂၀၁၁) ခုနှစ်၊ မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သည်။နောက်ဆုံးအနေဖြင့် တရားရုံးချုပ် (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈(ခ)(၄) အရ ပေါ်ပေါက်လာသော ကရင်ပြည်နယ်တရားလွှတ်တော် တွင် တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်တွင် တာဝန်ပေးခံရသည်။

တရားလွှတ်တော်တရားသူကြီးဘဝ

ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး တာဝန်ကို ၁၂နှစ် နီးပါး တစ်ဆက်တည်း ထမ်းဆောင်ပြီးနောက် သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၃ရက်တွင် ခန့်အပ်သည်။ [၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ