ခိုင်ထူး

မြန်မာ အဆိုတော်

ခိုင်ထူး (၂၈ ဇန်နဝါရီ ၁၉၅၆ – ၉ ဩဂုတ် ၂၀၁၇) သည် မြန်မာနိုင်ငံသား အဆိုတော် တစ်ဦး ဖြစ်သည်။ တေးရေးဆရာ မောင်သစ်မင်းတေးမြုံငှက် အမည်ရှိသည့် တေးသီချင်းကို အဆိုတော် ခိုင်ထူးမှ သီဆိုခဲ့သည်။

ခိုင်ထူး
အမည်ရင်းဖိုးသာထူး
မွေးဖွား(၁၉၅၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၈)ဇန်နဝါရီ ၂၈၊ ၁၉၅၆
ကွယ်လွန်ဩဂုတ် ၉၊ ၂၀၁၇(၂၀၁၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-0၉) (အသက် ၆၁)
အလုပ်အကိုင်အဆိုတော်
တူရိယာဂစ်တာ

မိသားစု

ခိုင်ထူးကို ဖခင်ဦးသာထို (စီးပွားရေးတက္ကသိုလ် ပါမောက္ခငြိမ်း) နှင့် မိခင် ဒေါ်တင်မြင့်မြင့်တို့ မှ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် သားလတ် ဖြစ်သည်။

ဦးခိုင်ထူးသည် ပထမဆုံး ဒေါက်တာမေကျော့ခိုင်နှင့် အိမ်ထောင်ကျခဲ့သည်။ ၈၈ အရေးအခင်းတွင် ဒေါက်တာမေကျော့ခိုင်သည် နိုင်ငံရေးလုပ်ခဲ့သည့်အတွက် ထိုင်းနယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးခိုလှုံခဲ့ရာမှ ခိုင်ထူးနှင့်အလှမ်းကွာပြီး ကွဲကွာခဲ့ရသည်။ ယင်းနောက် ကချင်အမျိုးသမီး မီးဂိုင်နှင့် အိမ်ထောင်ပြုခဲ့ကာ ဂွမ်ဆန်လဖိုင် အမည်ရှိ သားတစ်ဦး မွေးဖွားခဲ့သည်။ ထို့နောက် ဒေါ်စောနွယ်နွယ်ထွန်းနှင့် ထပ်မံ အိမ်ထောင်ပြုခဲ့သည်။

၂၀၁၇ ခုနှစ် ဩဂုတ် ၉ ရက်နေ့တွင် အဆိုတော် ခိုင်ထူးသည် ပန်ကရိယကင်ဆာရောဂါဖြင့် ပါရမီဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၁) နှစ် ရှိပြီဖြစ်ပြီး ဇနီးသည်၊ သား တစ်ဦး နဲ့ သမီး ဖြစ်သူတို့ ကျန်ရစ်သည်။[၁][၂]

သီဆိုခဲ့သောတေးစုများ [၃]

  1. တေးမြုံငှက် (၁၉၇၉)
  2. အဉ္စလီ (၁၉၈၀)
  3. သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ် (၁၉၈၀)
  4. မိုးရဲရင် ဆောင်းရဲရမယ် (၁၉၈၁)
  5. ဆို (၁၉၈၂)
  6. မကျေနပ်ဘူး၊ သိလား (၁၉၈၃)
  7. မကောင်းလည်းကိုယ် ကောင်းလည်းကိုယ် (၁၉၈၅)
  8. အစောဆုံးပြန်ခဲ့၊ နှင်းသက်သက်ဝေ (၁၉၈၇)
  9. ရွှေလည်တိုင် (၁၉၈၉)
  10. ထားရစ်ခက်နေခဲ့တော့မယ် (၁၉၉၀) (စိုးလွင်လွင် နှင့် တွဲဖက်၍)
  11. ၃၉ (၁၉၉၂)
  12. ကမ်းလက်သင့်ရာ (၁၉၉၄)
  13. တွဲဖက်ချွေး (၁၉၉၅)
  14. အမုန်းဆုပန်မယ့်လူသား (၁၉၉၆)
  15. ခိုင်ထူးရဲ့ ခိုင်ထူး - ၁ (၁၉၉၇)
  16. ခိုင်ထူးရဲ့ ခိုင်ထူး - ၂ (၁၉၉၈)
  17. ရသ (၁၉၉၈) (စိုင်းထီးဆိုင် နှင့် တွဲဖက်၍)

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ