ငါးစိမ်း မြင် ငါးကင် ပစ်

ငါးစိမ်း မြင် ငါးကင် ပစ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်

မြေခွေးသည် ငါးစိမ်းကို မြင်ကာမျှနှင့် မိမိပါးစပ်ထဲသို့ ရောက်ပြီးသော ငါးကင်ကို စွန့်ပစ်သကဲ့သို့ အသစ်ကို မြင်ကာမျှနှင့် မိမိလက်ဝယ်ရှိသော အဟောင်းကို စွန့်ပစ်သည်။

စူဠဓနုဂ္ဂဟ အမည်ရှိသော လုလင်သည် ဇနီးနှင့်အတူ တက္ကသိုလ်ပြည်မှ ဗာရာဏသီပြည်သို့ ပြန်လာခဲ့၏။ လမ်းခရီးအကြား တောအုပ်တစ်ခုအတွင်း သူခိုးများနှင့်တွေ့ရာ စူဠဓနုဂ္ဂဟ၏ ဇနီးသည် ခိုးသူကြီးကို မြင်လျှင်မြင်ချင်း တပ်မက်သောစိတ် ရှိသဖြင့် အကောက်ကြံသောကြောင့် စူဠဓနုဂ္ဂဟ သေဆုံးရလေသည်။ ခိုးသူကြီးက ထိုမိန်းမ၏ ဖောက်ပြန်သော စိတ်ကို သိရှိသဖြင့် မြစ်တစ်ဖက်သို့ ကူးပြေးရာ ထိုမိန်းမသည် တစ်ဖက်ကမ်း၌ ငို၍ ကျန်ရစ်ခဲ့၏။ ထိုခဏ၌ ဘုရားလောင်းသိကြားမင်းသည် ထိုမိန်းမကို အရှက်ရစေလိုသဖြင့် မိမိက အမဲတုံးကို ချီသည့်ခွေးအဖြစ် ဖန်ဆင်း၍ မာတလိနတ်သားအား ငါးအဖြစ်လည်းကောင်း၊ ပဉ္စသီခနတ်သားအား ငှက်အဖြစ်လည်းကောင်း ဖန်ဆင်းစေ၏။ ခွေးသည် ငါးကို မြင်၍ မိမိ ချီလာသော အမဲတုံးကို စွန့်ကာ ငါးကို လိုက်သည်။ ငါးသည်လည်း ရေ၌ ငုပ်သွားလေသည်။ အမဲတုံးကိုမူ ငှက်က ချီယူသွားပြန်သည်။ ဤသို့လျှင် မြေခွေးသည် ငါးစိမ်းကို လိုချင်တပ်မက်မိသဖြင့် မိမိ၏အမဲတုံးနှင့် ငါးစိမ်းပါ နှစ်ခုစလုံး ဆုံးရှုံးသွားရသည်။[၁]

မူလရင်းမြစ်

  • "စူဠပဒုမ၊ ဒုဋ္ဌကုမ္မာရီ၊ ငါးညှီစိမ်းမြင်ကြောင့်၊ ငါးကင်ကို ပစ်သည့် ဇာတ်လည်းတစ်ထောက်၊" [၁၁၈၀] ဥက္ကံ။ ၃၅။
  • "ငါးစိမ်း မြင်၍၊ ငါးကင်စွန့်ပစ်၊ မြေခွေးညစ်သို့၊" [၁၂၆၆] မဃ * ၃၀၈။

ကျမ်းကိုး

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ