ငါးဓားရှည်


ပါဏဗေဒအရ ငါးဓားရှည်ကို 'ခိုင်ရိုစင်တြပ်ဒိုရဗ်' ဟု ခေါ်သည်။ ငါးဓားရှည်၏ ကိုယ်သည် ရှည်လျား၍ ပြားသည်။ ဝမ်းပိုင်းစောင်းထက်သော်လည်း ငသလောက်မှာကဲ့သို့ လွှသွား နှင့် တူသော အထစ်များ မရှိချေ။ ပါးဟက်ဝကျယ်သည်။ မျက်စိများသည် အဆီဖြင့် ပြည့်ဝသော မျက်ခွံတို့ဖြင့် ဖုံးအုပ် လျက်ရှိသည်။ နှုတ်သီးမွေး မပါချေ။ ပါးစပ်သည် စောင်း၍ စောက်နက်သည်။ အောက်မေးရိုးသည် အထက်မေးရိုးထက် ရှေ့သို့ ငေါထွက်နေသည်။ ကျောဆူးတောင်ငယ်တစ်ခု ရှိ၍ ယင်းသည် ကိုယ်၏ နောက်ပိုင်းကျကျတွင် တည်ရှိသည်။ စအိုဆူးတောင် ရှည်လျားသည်။ စအိုဆူးတောင်၏ အရှေ့ဘက် ဝမ်းပိုင်းစောင်း တစ်လျှောက်လုံးတွင် ဆံပင်မွှေးနှင့် တူသော ဆူးမျှင်များရှိသည်။ အကြေးခွံတို့သည် ပါးလွှာ၍ သေးငယ်၏။ ငါးဓားရှည်သည် အကြေးခွံလဲတတ်သောငါးမျိုး ဖြစ်သည်။ ကျောက်ဖက်တင် စိမ်းပြာပြာရောင်ရှိ၍ ဘေးဖက်နှင့် ဝမ်းပိုင်း တွင် ငွေရောင်သန်းလျက်ရှိသည်။ ငါးဓားရှည်သည် အလျား ၁၂ လက်မခန့်ထိ ကြီးထွားပေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ