ငါးနက်ပြာ

ငါးမျိုးစိတ်
Labeo calbasu
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Actinopterygii
မျိုးစဉ်:Cypriniformes
မျိုးရင်း:Cyprinidae
မျိုးရင်းသေး:Labeoninae
မျိုးစု:Labeo
မျိုးစိတ်:
L. calbasu
ဒွိနာမ
Labeo calbasu
Synonyms
  • Cyprinus calbasu Hamilton, 1822
  • Catla calbasu (Hamilton, 1822)
  • Morulius calbasu (Hamilton, 1822)
  • Rohita calbasu (Hamilton, 1822)
  • Cirrhina micropogon Valenciennes, 1832
  • Cyprinus micropogon (Valenciennes, 1832)
  • Labeo velatus Valenciennes, 1841
  • Rohita belangeri Valenciennes, 1842
  • Cirrhinus belangeri (Valenciennes, 1842)
  • Rohita reynauldi Valenciennes, 1842

ငါးနက်ပြာကို ငါးနံဟူ၍လည်း ခေါ်သည်။ ငါးနက်ပြာသည် ငါးမြစ်ချင်းငါးကြင်း၊ ငါးဒုပ်တို့နှင့်အတူ ငါးသိုင်းမျိုးတွင် ပါသည်။ ပါဏဗေဒအလိုအားဖြင့် 'လေဗီအိုကဲဗားစူး'ဟုခေါ်၍ 'စိုင်ပရီနီဒီ'မျိုးရင်းတွင် ပါဝင်သည်။ ငါးနက်ပြာသည် ကိုယ်ထည်တောင့်တင်းသည်။ ပါးစပ်ပေါက်ကျဉ်းသည်။ နှာတံနှင့် အထက်နှုတ်ခမ်းတို့တွင် အပေါက်ကလေးများ ရှိသည်။ နှုတ်သီးမွေး ၂ စုံပါရှိသည်။ အမြီးခွစောက်နက်သည်။ ငါးမြစ်ချင်း နှင့် ကွာခြားချက်မှာ ငါးနက်ပြာ၏ ကျောရိုးဆူးတောင်တွင် ဆူးတက်များပို၍ ပါရှိခြင်းပင် ဖြစ်သည်။ အရောင်မှာ မည်း သည်။ ဆူးတောင်များ၏ အရောင်မှာလည်း မည်းသည်။ တစ်ခါတစ်ရံ အမြီးဆူးတောင်၏ အထက်ခြမ်းအဖျားတွင် အဖြူရောင်ရှိတတ်သည်။ ငါးအုံတုံနှင့် ငါးဒိန်တို့လည်း ငါးနက်ပြာနှင့် မျိုးချင်းနွှယ်သောငါးများ ဖြစ်ကြသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ