ဆင်းဆေး

ဂျပန်ဝေါဟာရ

ဆင်းဆေး (ဆင်းဆိုင် ဟုလည်း အသံထွက်သည်) (ဂျပန်: 先生) တရုတ် နှင့် ဂျပန်ဘာသာစကားတွင် ချီးမြှောက်ခေါ်ဝေါ်သည့် ဝေါဟာရတစ်ခု ဖြစ်သည်။ အဓိပ္ပာယ်ပြန်ဆိုပါက အခြားတစ်ဦးထက် အရင်မွေးဖွားသူ သို့မဟုတ် အရင်ဖြစ်လာသောသူ ဟု အဓိပ္ပာယ်ရသည်။ ပုံမှန်အသုံးပြုရာတွင် လူတစ်ဦးတစ်ယောက်ကို ခေါ်ဝေါ်ရန် သုံးနှုန်းပြီး ဆရာ ဟု အဓိပ္ပာယ်ရသည်။ ဤစကားလုံးကို အခြားသော လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေးအာဏာရှိသူများ ကို ခေါ်ဝေါ်ရာတွင်လည်း သုံးစွဲသည်။ ဥပမာ - ခရစ်ယာန်ဘုန်းတော်ကြီးများ၊ စားရင်းကိုင်များ၊ ရှေ့နေများ၊ ရူပဗေဒပညာရှင်များ၊ နိုင်ငံရေးသမားများကို ခေါ်ဝေါ်ရာတွင် အသုံးပြုကြသည်။[၁] အနုပညာ သို့မဟုတ် အတတ်ပညာတစ်ရပ်ရပ်တွင် ကျွမ်းကျင်မှုရှိသည့် အချို့သောသူများကို ရိုသေလေးစားစွာ ခေါ်ဝေါ်ရာတွင်လည်း သုံးစွဲသည်။[၂] ဥပမာအားဖြင့် ဝတ္ထုရေးဆရာ၊ ဂီတပညာရှင်၊ အနုပညာရှင်များနှင့် ကိုယ်ခံပညာဆရာများတို့ ဖြစ်သည်။

ဆင်းဆေး
တရုတ်အမည်
တရုတ်先生
ဆိုလိုရင်း"အရင်မွေးသူ" > "ပိုကြီးသူ"
ကိုရီးယားအမည်
ဟန်ဂုလ်선생
ဂျပန်အမည်
Kanji先生

ဝေါဟာရသမိုင်း

အက္ခရာနှစ်ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဝေါဟာရသည် တိုက်ရိုက်ဘာသာပြန်ဆိုပါက အရင်မွေးသည် ဟု အဓိပ္ပာယ်ရ၏။ အသက်နှင့် အတွေ့အကြုံပေါ်မူတည်၍ ပညာရှိသော သင်ကြားသူကို ရည်ညွှန်းသည်။[၃]

နာမဝိသေသနစကားလုံး 大 သည် ဒိုင်း ဟု အသံထွက်၏။ အဓိပ္ပာယ်မှာ များပြားသော သို့မဟုတ် ကြီးမားသော ဖြစ်သည်။ တစ်ခါတစ်ရံ အကြီးအကဲ (grand master) ဟုလည်း ပြန်ဆိုလေ့ ရှိသည်။ ထိုစကားလုံးနှစ်ခုကို ပေါင်းစပ်လိုက်ပါက ဒိုင်းဆင်းဆေး ဖြစ်လာသည်။ ဒိုင်းဆင်းဆေးသည် ကျောင်းတစ်ခု သို့မဟုတ် ရိုးရာဓလေ့တစ်ခုတွင် ပထမတန်းဆရာများအဖြစ် ရည်ညွှန်းခံရသူများအတွက် သုံးနှုန်းသည်။ အထူးသဖြင့် ပညာရေးနှင့်ဆိုင်သည့် ကျောင်းများတွင် အသုံးပြုကြသည်။ အုပ်စုတစ်ခုတွင် ဆင်းဆေးဟု သတ်မှတ်ရန် အဆင့်မရှိသေးသော ရာထူးအားဖြင့်မြင့်သူများကို ဆင်းပိုင် (先輩) ဟူသော ဝေါဟာရဖြင့် ခေါ်ဝေါ်ကြသည်။ ဆင်း (先) ကို "အရင်က" ဟူသော အဓိပ္ပာယ်ဖြင့် အသုံးပြုကြ၏။ အထူးသဖြင့် ဆင်းပိုင်ဟူသော အသုံးအနှုန်းကို ကိုယ်ခံပညာနယ်ပယ်တွင် ဆင်းဆေးမဟုတ်သည့် ကျွမ်းကျင်သူအကြီးအကဲများအတွက် သုံးနှုန်းလေ့ ရှိသည်။

ဂျပန်ဘာသာစကားတွင် ဆင်းဆေးဟု ဖော်ပြသော အက္ခရာ( 先生) သည် တရုတ်ဘာသာစကားနှင့် တူညီ၏။ တရုတ်တို့သည် ထိုအက္ခရာကို xiānshēng ဟု အသံထွက်ကြသည်။ xiānshēng သည် အရေးပါသည့် ပုဂ္ဂိုလ်များအတွက် လောကဝတ်ဂုဏ်ပုဒ်တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဤဝေါဟာရကို *senʃaŋ or *sienʃaŋ ဟု အသံထွက်ကြသည်။[ကိုးကားချက်လိုသည်] ခေတ်သစ်စံတရုတ်ဘာသာစကားတွင် Mr ကဲ့သို့ အမည်ပေးရန် အသုံးပြုကြသည်။ ဂျပန်ဘာသာစကားတွင် ဆင်းဆေးသည် ကျားမ နှစ်မျိုးစလုံးတွင် အသုံးပြုသည်။ ထိုကဲ့သို့ အသုံးပြုမှုသည် လက်ရှိတရုတ်နိုင်ငံတောင်ပိုင်းတွင် အသုံးပြု‌နေမှုနှင့် တူသည်။ ဂျပန်ဘာသာစကား အသုံးပြုမှုများသည် တရုတ်အလယ်ပိုင်း ဝေါဟာရဆင်းသက်လာမှုနှင့် ပိုမို၍ နီးစပ်ဆက်စပ်မှု ရှိပေသည်။

ဗုဒ္ဓဘာသာတွင် သုံးနှုန်းခြင်း

ဇင်ကျောင်းတော်များနှင့် ဆက်နွယ်နေသည့် ဆန်ဘိုခရောဒန်များတွင် ဆင်းဆေးဟူသော ဝေါဟာရကို သုံးစွဲကြသည်။ စီမံခန့်ခွဲမှုအဆင့်အလိုက် ဆင်းသက်လာသော ဆရာများကို ရည်ညွှန်းရန် သုံးနှုန်းကြ၏။ သို့သော်လည်း ဂျပန်နိုင်ငံ၏ အခြားသော ဗုဒ္ဓဘာသာကျောင်းများတွင် အသက်ဝါကြီးခြင်းကို ဂရုထားခြင်း မရှိဘဲ သုံးစွဲသည်ကိုလည်း တွေ့ရသည်။[၄]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ