ဆာတေး
ဆာတေး(/ˈsæteɪ/, /ˈsɑːteɪ/ SAH-tay) သည် ဟင်းခတ်အမွေးအကြိုင်တို့ဖြင့် နှယ်၍ တံစို့ထိုး ကင်ထားသော အစားအစာတစ်မျိုးဖြစ်ပြီး ဆော့ဖြင့် တွဲဖက်၍ စားသုံးရသည်။[၃] အရှေ့တောင်အာရှ အထူးသဖြင့် အင်ဒိုနီးရှား၊[၁] မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် စားသုံးသော ဟင်းလျာတစ်မျိုး ဖြစ်သည်။[၄] ဆာတေးတွင် ကြက်သား၊ ဆိတ်သား၊ သိုးသား၊ အမဲသား၊ ဝက်သား၊ ငါး၊ အခြားသော အသားများ သို့မဟုတ် တို့ဖူးတို့အား အတုံးလေးများအဖြစ် လှီးထားပြီး ဝါစို့တွင် ထိုးသီထားသည်။ မူလအစစ်အမှန်မှာ အုန်းလက်ကြောဖြင့် ပြုလုပ်ထားသော တံစို့ကိုသာ အသုံးပြုကြသည်။ ထို့နောက် စပ်သော ဟင်းခတ်အမွေးအကြိုင် အမျိုးမျိုးတို့ဖြင့် ရောစပ်၍ သစ်သားမီး သို့မဟုတ် မီးသွေးမီးဖိုပေါ်တွင် ကင်ရသည်။ ဆာတေးကို ဆော့အမျိုးမျိုးနှင့် တွဲဖက်စားသုံးလေ့ရှိပြီး အများဆုံး စားသုံးသော ဆော့မှာ မြေပဲဆော့နှင့် ပဲငံပြာရည် အနောက် ရောစပ်ထားသည့် ဆော့ဖြစ်သည်။[၅] ထို့ကြောင့် မြေပဲဆော့ကို ဆာတေးဆော့ဟု ခေါ်ကြသည်။[၆]
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျားဗားပြည်နယ်၊ ကွန်နိုရိုဂိုတွင် အဓိကစားသုံးသည့် မြေပဲဆော့ဖြင့် ထည့်ခင်းထားသည့် ကြက်သားကို နူးညံစွာကင်ထားသော ပွန်နိုရိုဂိုဆာတေး | |
အခြားအမည်များ | Sate, Satai, Satti |
---|---|
အဓိကသုံးဆောင်မှု | Entrée or main course |
မူရင်းနိုင်ငံ | အင်ဒိုနီးရှားနိုင်ငံ[၁][၂] |
ဒေသ | အရှေ့တောင်အာရှ ဆူရာနမ်နိုင်ငံ နယ်သာလန်နိုင်ငံ သီရိလင်္ကာနိုင်ငံ |
ဆက်နွယ်သောအမျိုးသားအစားအစာ | အင်ဒိုနီးရှား အစားအစာ[၁] |
သုံးဆောင် အပူချိန် | အပူ |
အဓိက ပါဝင်ပစ္စည်း | တံစို့ဖြင့် ကင်ထားသော အသား၊ ဆော့အမျိုးမျိုး အဓိကအားဖြင့် မြေပဲဆော့ |
မျိုးကွဲများ | အရှေ့တောင်အာရှရှိ ဒေသအများအပြား |
Cookbook: ဆာတေး Media: ဆာတေး |
ဆာတေး၏ မူရင်းဒေသမှာ အင်ဒိုနီးရှား ကျွန်းတစ်ကျွန်းဖြစ်သော ဂျားဗားကျွန်းမှ ဖြစ်သည်။[၂][၇][၈][၉] ယခုအခါတွင် အင်ဒိုနီးရှားနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ရရှိနိုင်ပြီး အမျိုးသား ဟင်းလျာတစ်ခု ဖြစ်လာခဲ့သည်။[၁၀][၁][၁၁][၁၂] ထို့ပြင် အခြားသော အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း နာမည်ကျော်ကြား လူကြိုက်များသော အစားအစာတစ်မျိုး ဖြစ်သည်။[၁၃] ထိုင်းဆာတေး၏ အဓိက အချက်တစ်ခုမှ အသုံးပြုသည့် အသားအမျိုးအစားထဲတွင် ဝက်သားပါဝင်ခြင်းနှင့် ထိုင်းစတိုင် မြေပဲဆော့ကို အသုံးပြုထားခြင်း ဖြစ်သည်။ အင်ဒိုနီးရှား ဆာတေးတွင်လည်း တခါတရံတွင် ကီကပ် မာနစ်လို့ခေါ်တဲ့ ချိုတဲ့အရသာ ပါသော ပဲငံပြာရည်နှင့် လွန်တောင်လို့ ခေါ်တဲ့ ဆန်မုန့်နှင့် တွဲဖက် စားသုံးကြလေ့ ရှိသည်။ ဒေသခံ မလေးအသိုက်အဝန်း၏ လွှမ်းမိုးမှုကြောင့် သီရိလင်္ကာနိုင်ငံတွင်လည်း ဆာတေးသည် အဓိက အစားအစာသဖွယ် ဖြစ်၍ နေသည်။[၁၄]
ဆာတေး၏ အင်ဒိုနီရှားနိုင်ငံတွင် ကျော်ကြားလှသော စားကောင်းသောက်ဖွယ် တစ်ခုဖြစ်သည်။ နိုင်ငံ၏ အမျိုးမျိုးသော ကွဲပြားခြားနားမှုသည် မတူကွဲပြားသည့် ဆားတေးအရသာ အမျိုးမျိုးကို စားသုံးနိုင်သည့် အခွင့်အလမ်းများ ရှိလာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဆားတေးသည် ကျော်ကြားလှသည့် လမ်းဘေးအစားအစာတစ်ခုဖြစ်ပြီး[၂] ၎င်းကို ကား၊ ရထားတို့ပေါ် လိုက်လံရောင်းချသော ဈေးသည်များ၊ လမ်းဘေး ရွက်ဖျင်တဲထိုးရောင်းသော စားသောက်ဆိုင်များမှစ၍ အထက်တန်းလွှာ စားသောက်ဆိုင်များ၊ ရိုးရာပွဲတော်များထိပင် ရရှိနိုင်သည်။
အခြားသော ဒေသများတွင် စားသုံးသည့် အစားအစာများဖြစ်သည့် ဂျပန်နိုင်ငံမှ ယာကီတိုရီ၊ တရုတ်နိုင်ငံမှ kǎoròu chuàn၊ တူရကီနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသတွင် စားသုံးသည့် ရှီ ကဘက် (Shish kebab)၊ ကော့ကေးဆက်ဒေသမှ ရှားရှလိ (shashlik)၊ တောင်အာဖရိကနိုင်ငံတွင် စားသုံးသည့် ဆိုဆာတီ (sosatie) တို့နှင့် အနီးစပ်ဆုံး တူညီကြသည်။ ဆားတေးသည် ၂၀၁၁ ခုနှစ်တွင် CNN Go မှ စာဖတ်သူများ မဲပေးခဲ့ကြသည့် World's 50 most delicious foods တွင် နံပါတ် ၁၄ ၌ ချိတ်ခဲ့သည်။[၁၅]
ပြင်ဆင်ခြင်း
အများဆုံး အသုံးပြုသော အသားများမှာ ကြက်သား၊ သိုးကလေးသား၊ ဆိတ်သား၊ သိုးသား၊ အမဲသား၊ ဆတ်သားနှင့် ယုန်သားများ၊ ပင်လယ်စာများတွင်လည်း ငါး၊ ပုစွန်နှင့် ပြည်ကြီးငါး၊ ကလီစာများတွင်လည်း အသဲ၊ အူစုံနှင့် အမဲအူကြမ်းတို့ ဖြစ်ကြသည်။ အချို့သည် ထူဆန်းသည့် အသားများဖြစ်ကြသော လိပ်သား၊ မိချောင်းသား၊ မြင်းသား၊ ပုတ်သင်ညိုသားနှင့် မြွေသားတို့ဖြင့်လည်း ပြုလုပ်ကြသည်။ အသားများကို လက်မလောက် အရွယ်မှ အတုံးသေးလေးတွေထိ လှီးဖြတ်ကြသည်။ ကြက်သားများကိုတော့ တံစိုတချောင်းလုံးတွင် တခုထည့်နိုင်ရန် လက်ချောင်းသဏ္ဌာန် ရှည်မျောမျော လှီးဖြတ်ကြသည်။
ကြက်သားဆာတေးအတွက် တံစို့ကို အုန်းလက်ကြောမှရသော လီဒီလို့ခေါ်တဲ့ တံစို့ကို အသုံးပြုသည်။ ဝါးတံစို့ကိုတော့ ထိုအစား အသုံးပြုခြင်း ဖြစ်သည်။ ကျစ်လျစ်တဲ့ အသားတွေဖြစ်သော သိုးကလေးသား၊ ဆိတ်သားနှင့် အမဲသားတို့အတွက် ပို၍တုပ်သော တံစို့ကို အသုံးပြုပါသည်။ တံစို့များကို ကင်သောအခါတွင် မီးမလောင်စေရန်အတွက် ရေတွင် အရင်စိမ်၍ ထားရသည်။ တံစို့တစ်ခုတွင် အသားတုံး လေးတုံး သို့မဟုတ် သုံးတုံးကို ထိုးသီထားသည်။ ဆိတ်သားဆာတေးတွင် အသားတစ်တုံးနှစ် တစ်တုံးအကြားတွင် အဆီတုံးတစ်တုံး ထည့်၍ သီထားသည်။ နနွင်းကို ဆားတေးများ နူးညံစေရန် အသုံးပြုပြီး ဆာတေးသည် အဝါရောင်ဘက်သို့ သမ်းသွားသည်။ ပဲငံပြာရည်ချိုကို အုန်းဆီ ဒါမဟုတ် ဆီအုန်း မာဂျရင်းကိုလည်း ဆာတေးများ နူးညံ့စေရန်အတွက် အသုံးပြုသည်။ တံစို့ဖြင့် သီထားသော အသားတို့ကို ဟင်းခတ်အမွေးကြိုင်တို့ဖြင့် နှယ်၊ နူးညံစေရန် နှပ်ပြီး မီးသွေးမီးဖိုပေါ်တွင် တင်၍ ကင်ရသည်။
ဆာတေးကို မြေပဲဆော့အနှစ် အစပ် သို့မဟုတ် မြေပဲဟင်းအနှစ်ဖြင့် ဖြစ်စေ၊ လွန်တောင် သို့မဟုတ် ကဲ့တူပတ် (ဆန်မုန့်) တို့ လှီးထားသည်နှင့် ဖြစ်စေ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ သခွားသီးတို့ကို ရှာလကာရည်၊ ဆားနှင့် သကြားတို့ဖြင့် စိမ်ထားသည့် အာဂျာ (သနပ်ချဉ်) တို့ဖြင့် တွဲဖက်၍ ဖြစ်စေ စားသုံးကြသည်။[၁၆] သိုးသားဆာတေးကို မြေပဲနှစ်ဆော့အစား ကဲကပ် မန်နစ် (ပဲငံပြာရည်ချို) ဖြင့် တွဲဖက်စားသုံးလေ့ ရှိသည်။ ဝက်သားဆာတေးကို နာနတ်သီးကို အခြေခံ၍ ပြုလုပ်ထားသော ဆာတေးဆော့ဖြင့် ဖြစ်စေ သခွားသီးဖြင့် ဖြစ်စေ စားသုံးကြသည်။ အင်ဒိုနီးရှားတွင်တော့ ပဲငံပြာရည်အနှစ်ကို အခြေခံသော ဆော့ကို အသုံးပြုကြသည်။