ဇင်သန့်၊ စာရေးဆရာ

(ဇင်သန့် မှ ပြန်ညွှန်းထားသည်)

စာရေးဆရာ ဇင်သန့် (၁၉၄၆)

ကိုယ်ရေးအကျဉ်း

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၌ ၁၉၄၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် အဖ ဦးအေးမောင်၊ အမ ဒေါ်သိန်းတန်တို့က မွေးဖွားသည်။


အသက် ၄ နှစ် အရွယ်တွင် မိဘများနှင့် အတူ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ရန်ကုန်မြို့တွင်ပင် ပညာ သင်ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တန်းမြင့် ကျောင်းထွက် စာမေးပွဲ အောင်မြင်ပြီး၊ ၁၉၇ဝ ပြည့်နှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။


၁၉၇၂ ခုနှစ်၊ လုပ်သားများ ကောလိပ်တွင် ရူပဗေဒ အဓိကဖြင့် ပညာ သင်ကြားခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။


၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ ဓန စီးပွားရေး မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ်မှ စ၍ စာပေ ရေးသားခြင်း တခုတည်းကိုသာ ဇောက်ချ လုပ်ကိုင်ခဲ့သည်။


လက်ရှိတွင် အခါအားလျော်စွာ မဂ္ဂဇင်းများ၌ ဝတ္ထု၊ ဆောင်းပါးများ ရေးသားလျက်ရှိပြီး ဘာသာပြန် လုံးချင်းဝတ္ထု၊ စီးပွားရေး၊ အောင်မြင်ရေး၊ တက်ကျမ်းစာအုပ်များ ရေးသားလျက်ရှိသည်။


စာရေးသူ အနှစ်သက်ဆုံး တက်ကျမ်း စာအုပ်မှာ "အကြံကောင်းတော့ တချက်" ဖြစ်ပြီး၊ အကြိုက်ဆုံး အတ္ထုပ္ပတ္တိ စာအုပ်မှာ "ဒိုက်ဦးမှ စင်ကာပူသို့" စာအုပ် ဖြစ်သည်။

[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ