ဌာနသုတ်

(၄)သုတ် ရှိပါသည်။

[၁]ပြုအပ်ဖူးသောကောင်းမှုမရှိ (ဘုန်းကံနည်းပါး)သောမာတုဂါမသည်

(၁) သင့်လျော်လျောက်ပတ်သောအမျိုး၌ဖြစ်ရခြင်း။

(၂) သင့်လျော်လျောက်ပတ်သော (လင်ယောက်ျား)အိမ်သို့သွားရခြင်း။

(၃) ရန်သူ(မယားငယ်) မရှိသောအိမ်၌ နေရခြင်း။

(၄) သားရတနာဖွားမြင်ခြင်း။ ။

(၅) လင်ယောက်ျားကို လွှမ်းမိုး၍ မိမိအလိုအတိုင်း ဖြစ်စေနိုင်ခြင်း။ ဟူသော တရားငါးမျိုးကို ရနိုင်ခဲ၏။

ပြုအပ်ဖူးသောကောင်းမှု (ဘုန်းကံ)ရှိသောမာတုဂါမသည်

(၁) သင့်လျော်လျောက်ပတ်သော အမျိုး၌ ဖြစ်ရခြင်း။

(၂) သင့်လျော်လျောက်ပတ်သော (လင်ယောက်ျား) အိမ်သို့သွားရခြင်း။

(၃) ရန်သူ(မယားငယ်) မရှိသောအိမ်၌ နေရခြင်း။

(၄) သားရတနာဖွားမြင်ခြင်း။

(၅) လင်ယောက်ျားကို လွှမ်းမိုး၍ မိမိအလိုအတိုင်း ဖြစ်စေနိုင်ခြင်း။ ဟူသော တရားငါးမျိုးကို ရလွယ်နိုင်ပေ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂]ငါ့ရှင်တို့ ငါသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သောကြောင့် အကြောင်းဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့်၊ အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့် အမှန်အတိုင်း ကွဲကွဲပြားပြား သိနိုင်ပေ၏ဟု ရဟန်းတော်တို့အား ကောသလ နိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ အရှင်အနုရုဒ္ဓါမထေရ်မြတ် ဟောတော်မူသည့်သုတ်။


[၃](၁) ပြုလုပ်ရန် နှစ်သက်ဖွယ်မရှိ၊ ပြုလုပ်သည်ရှိသော် အကျိုးမဲ့ဖြစ်နိုင်သော အရာဌာန။

(၂) ပြုလုပ်ရန် နှစ်သက်ဖွယ်မရှိ၊ ပြုလုပ်သည်ရှိသော် အကျိုးရှိနိုင်သော အရာဌာန။

(၃) ပြုလုပ်ရန် နှစ်သက်ဖွယ်ရှိ ပြုလုပ်သည်ရှိသော် အကျိုးမဲ့ဖြစ်နိုင်သော အရာဌာန။

(၄) ပြုလုပ်ရန် နှစ်သက်ဖွယ်ရှိ၊ ပြုလုပ်သည်ရှိသော် အကျိုးရှိနိုင်သော အရာဌာန။ ဟု အကြောင်း(အရာဌာန) လေးမျိုးရှိပုံ။

(၁) ဌာန(၂)မျိုးလုံး မပြုအပ် မပြုသင့် မပြုထိုက်ဟုသိ၏။

(၂) ဌာန (၂)မျိုး၌

(က) မိုက်မဲသောပုဂ္ဂိုလ်သည် မပြုလုပ်၊ မပြုလုပ်ခြင်းကြောင့် အကျိုးမဲ့ခြင်းငှါ ဖြစ်၏။

(ခ) ပညာရှိသောပုဂ္ဂိုလ်သည် ပြုလုပ်၏။ ပြုလုပ်ခြင်းကြောင့် အကျိုးကိုပြုခြင်းငှါ ဖြစ်၏။

(၃) ဌာန (၂)မျိုး၌

(က) မိုက်မဲသောပုဂ္ဂိုလ်သည် ပြုလုပ်၏။ ပြုလုပ်ခြင်းကြောင့် အကျိုးမဲ့ခြင်းငှါ ဖြစ်၏။

(ခ) ပညာရှိသောပုဂ္ဂိုလ်သည် မပြုလုပ်၊ မပြုလုပ်ခြင်းကြောင့် အကျိုးကိုပြုခြင်းငှါ ဖြစ်၏။

(၄) ဌာန (၂)မျိုးလုံး ပြုလုပ်အပ်၊ ပြုလုပ်သင့်၊ ပြုလုပ်ထိုက်၏ဟု သိ၏။ ဟု အရာဌာနလေးမျိုးရှိပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

-အဋ္ဌကထာ၌ ပထမအရာဌာန(အကြောင်း)သည် သတ္တဝါများလိမ့်ကျသေစေရန် တွင်းတူးခြင်း၊ ငါးဖမ်းခြင်း၊ အိမ်ခြံစပ်ကို ဖျက်ဆီး(၍လုယက်)ခြင်း အစရှိသော ဆင်းရဲခြင်း ပင်ပန်းခြင်းနှင့်တကွဖြစ်သော မကောင်းမှုဖြစ်ကြောင်း။

-ဒုတိယအရာဌာန (အကြောင်း)သည် ညီမျှစွာ အသက်မွေးကြောင်း ပြုကုန်သောလူတို့၏ ပန်းမှိုက်သွန်လုပ်ငန်း၊ အင်္ဂတေထောင်းထုခြင်း၊ (ပန်းရန်)လုပ်ငန်း၊ အိမ်မိုးခြင်းလုပ်ငန်း၊ သန့်ရှင်းရေးလုပ်ငန်း များဖြစ်ကြောင်း။

-တတိယအရာဌာန (အကြောင်း)သည် သေရည်အရက်သောက်ခြင်း၊ နံ့သာလိမ်းခြင်း၊ ပန်းပန်ခြင်းအစရှိသော သာယာဖွယ်၏ အစွမ်းအားဖြင့်ဖြစ်သော သူတစ်ပါးအသက်ကိုသတ်ခြင်း အစရှိသော လုပ်ငန်းများဖြစ်ကြောင်း။

-စတုတ္ထအရာဌာန (အကြောင်း)သည် တရားနာရန်သွားသောအခါ၌ သန့်ရှင်းစင်ကြယ်စွာ ဝတ်ရုံခြင်း၊ ပန်း, နံ့သာ အစရှိသည်တို့ကိုယူ၍ ယူ၍သွားခြင်း၊ စေတီတော်ကို ရှိခိုးခြင်း၊ ဗောဓိပင်ကို ရှိခိုးခြင်း၊ ကောင်းမြတ်သောတရားတော်ကို နာယူခြင်း အစရှိသော ဝမ်းမြောက်ဝမ်းသာ ဖြစ်သော ကုသိုလ်ကောင်းမှုတို့ဖြစ်ကြောင်း ဖွင့်ပြထားပါသည်။


[၄](၁) ကိုယ်ကျင့်သီလရှိ/မရှိကို အတူတကွ ပေါင်းသင်းကြည့်မှ သိနိုင်မည်။

(၂) သန့်ရှင်းစင်ကြယ်သူ ဟုတ်/မဟုတ်ကို စကားပြောကြည့်လျှင် သိနိုင်မည်။

(၃) အစွမ်းသတ္တိ ရှိ/မရှိကို ဘေးအန္တရာယ် ကြုံတွေ့သည့်အခါ သိနိုင်သည်။

(၄) အသိပညာ၊ အတတ်ပညာ ရှိ/မရှိကို ဆွေးနွေးကြည့်လျှင် သိနိုင်သည်။

ထိုသို့ပင် သိနိုင်သည်ဆိုသော်လည်း ထိုလေးမျိုးကို ကြာရှည်စွာ လေ့လာမှ အမှန်ကိုသိမည်။ အချိန်ကာလအနည်းငယ်ဖြင့် မသိနိုင်ပါ။ သို့သော်လည်း နှလုံးသွင်း ဆင်ခြင်တတ်သူသည်သာ သိနိုင်သည်။ နှလုံးသွင်းဆင်ခြင်မှုမရှိလျှင် မသိနိုင်ပါ။ သို့သော်လည်း သိနိုင်သော ဉာဏ်ပညာရှိသူမှသာ သိနိုင်သည်။ ဉာဏ်ပညာမရှိလျှင် မသိနိုင်ပါ။ ဟု ထိုလေးမျိုးကို တစ်ပါးစီ တစ်ပါးစီ အကျယ်ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင်ဟောတော်မူပါသည်။

ဤအကျဉ်းချုပ်ဒေသနာတော်ကို (သံ၊၁၊၇၈)၌ ကောသလဘုရင်အား ဘုရားရှင် ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ပုဒ်များကို ဖွင့်ဆိုထားပါသည်။[၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ