ဌိတနိသိန္နသိက္ခာပုဒ်

ဌိတနိသိန္န, ပစ္ဆတောဂစ္ဆန္တီ. ဥပ္ပထေနဂစ္ဆန္တီ သိက္ခာပုဒ်များ (ပါဒုကဝဂ်)


ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂိလာန မဟုတ်သော—

ထိုင်နေသူအား မိမိတို့က မတ်မတ်ရပ်လျက် တရားဟောကြကုန်၏၊ [ထိုင်ခြင်းနှင့် ရပ်ခြင်းတွင် ရပ်ခြင်းက အောက်တန်းကျ၏၊ ထိုကြောင့် အကဲ့ရဲ့ခံရ၏။

ရှေ့ကသွားသူအား မိမိတို့က နောက်မှလိုက်လျက် တရားဟောကြကုန်၏။

လမ်း၌သွားနေသူအား မိမိတို့က လမ်းဘေးမှသွားလျက် တရား ဟောကြဟုန်၏။

ထိုအပြုအမူကို အခြားရဟန်းများက မနှစ်သက်ကြသဖြင့် ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား တိုင်တန်း လျှောက်ထား ကြသောကြောင့် တားမြစ်တော် ပြီးနောက် ဂိလာနဖြစ်နေလျှင် ဟောခွင့်ပြုတော်မူကာ—[၁]

“န ဌိတော နိသိန္နဿ အဂိလာနဿ...၊

န ပစ္ဆတော ဂစ္ဆန္တော ပုရတော ဂစ္ဆန္တဿ အဂိလာနဿ...၊

န ဥပ္ပထေန ဂစ္ဆန္တော ပထေန ဂစ္ဆန္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၃-ပါးကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

“မိမိကပ်လျက် ထိုင်နေသော ဂိလာနမဟုတ်သူအား...

မိမိက နောက်မှလိုက်လျက် ရှေ့ကသွားသော ဂိလာန မဟုတ်သူအား...

မိမိက လမ်းမဟုတ်သော လမ်းဘေးမှ လိုက်လျက် လမ်းကသွားနေသော ဂိလာန မဟုတ်သူအား တရားမဟောအံ့”ဟု အလေ့အကျင့်ကိုပြုရမည်။ [ “တရား” ဟု လာသမျှ၌ ပါဠိတော် အဋ္ဌကထာ တရားကိုသာ ဆိုလိုသည်၊ မြန်မာဘာသာ စသည်ဖြင့် ပြောလျှင် အာပတ်မသင့်။]

ဤတွင်တရားဟောမှုနှင့်ဆိုင်သော သိက္ခာပုဒ်များပြီး၏။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ