တက္ကသိုလ်ပြည်

[၁] တက္ကသိုလ်မြို့၊ တတ်ကောင်းစရာပညာမျိုးစုံနှင့် စပ်လျဉ်း၍–ကြံစည်-တီထွင်-ခြင်း အလေ့အထရှိရာ ယောက်ျားတို့ - တတ်သင့်–တတ်ထိုက်သော လောကီအတတ်ပညာများကို အယုတ် အလျော့မရှိ အပြီးတိုင် ပါရဂူမြောက်အောင်–ဆောင်ယူ–ဖြည့်စွက်ခြင်း-အမွှန်းတင်ခြင်း–အချောသပ်ခြင်း–ရှိရာ မြို့၊ ဂန္ဓာရတိုင်း၏ အတတ်မြို့တော်။[၂] [၃]

(တက္ကသိုလ်မြို့ဟောင်းသည် ဣန္ဒြိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အတွင်း “ရာဝလပိဏ္ဍိ”မြို့မှ အနောက်မြောက် မိုင်-၂၀ ဣန္ဒြိယနိုင်ငံ၏ မြို့တော် “နယူးဒေလီ”မှ ၄၉၇-မိုင် ဝေးကွာသော အရပ်၌ တည်ရှိ၏။ (Buddhist Shrines in India.) တက္ကသိလာ-သည် သိန္ဓုမြစ်၏ အနီး၌ တည်၏။ (ထောမ။) ဂန္ဓာရတိုင်း၏ မြို့တော်ဖြစ်သည့် (TAXILA)ဟူသော နာမည်သည် ဂရိတ်ရိုမန်တို့၏ အခေါ်ဖြစ်သည် (The Early History of India.) ဘာရတ မင်းသားသည် ဂန္ဓာရတိုင်းပြည်ကို အောင်မြင်ပြီးနောက် ဂန္ဓာရတိုင်း၌ သား ၂-ယောက်အတွက် မြို့ ၂မြို့ကို တည်ထောင်ရာ သားတစ်ယောက်ဖြစ်သော တက္ၑ၏ အမည် ဖြင့်(တက္ၑိလာ)မြို့ကို တည်ထောင်သည်။ [၄] [၃]

ရှေးအခါက အလောင်းတော်သည် ထို“တက္ၑ”မြို့တော်၌ ဦးခေါင်းကို ဖြတ်၍ အလှူခံ ၁-ဦးအား လှူခဲ့ဘူးသည်ကို စွဲ၍ “တက္ၑၐိရ”ဟု နာမည်တွင်သည်။ [၅] [၃]

ပန်ဂျပ် ပြည်နယ်အတွင်း ရာဝလပိဏ္ဍိဒိစတြိဒ်၌ တည်ရှိသည့် “တက္ၑိလာ” အမည်ဖြင့် ခေါ်ဝေါ် သမုတ်အပ်သောအရပ်သည် ရှေးက တက္ကသိလာ-ဖြစ်ကြောင်း သိမှတ်ကြသည်။ [၆] [၃]

တက္ကသိုလ်ပြည် ပညာတော်သင်များ

  1. သမားတော် (ဆေးဆရာ) ဇီဝက [၇]
  2. အင်္ဂုလိမာလ-သတိုးသား [၈],
  3. ဝေလာမပုဏ္ဏား [၉]
  4. သုသိမလုလင် [၁၀],
  5. အလောင်းတော်ကုန်သည် ကပ္ပဋ [၁၁],
  6. ပသေနဒီမင်းသား မဟာလိစ္ဆဝီ မင်းသား ဗန္ဓုလမင်းသား[၁၂]
  7. သာဝတ္ထိပြည်မှ နွားသတ်သမား၏သား[၁၃],
  8. အလောင်းတော် စူဠဓနုဂ္ဂဟ [၁၄],
  9. ယသဒတ္တသတိုးသား [၁၅]
  10. အလောင်းတော် အကိတ္တိသူဌေးသား[၁၆],
  11. ကုရုမင်းသား အလောင်းတော်ဓနဉ္စယ[၁၇]
  12. နန္ဒပုဏ္ဏား[၁၈],
  13. ကဉ္စနသူဌေးသား [၁၉]
  14. ပဉ္စာဝုမင်းသား[၂၀]
  15. ဗြဟ္မဒတ်မင်းသား [၂၁]
  16. အလောင်းတော် ပုဏ္ဏားအမျိုးသား [၂၂],
  17. အလောင်းတော် သောမဒတ္တပုဏ္ဏား[၂၃],
  18. အလောင်းတော် တိရီဋဝစ္ဆသတိုးသား [၂၄],
  19. ဘောဇနသုဒ္ဓိကမင်းသား[၂၅]
  20. အလောင်းတော်ပုရောဟိတ်အမတ်[၂၆]
  21. ကုဏ္ဍလကုမာရပုဏ္ဏားလုလင် [၂၇],
  22. သေတကေတုလုလင် [၂၈]
  23. အလောင်းတော် ကဏှသတိုးသား [၂၉],
  24. အလောင်းတော် ဇုဏှ [၃၀]
  25. အလမ္ပာယ်ဆရာ ဒေဝဒတ်အလောင်းလုလင် [၃၁],
  26. သိဝိမင်းသား [၃၂],
  27. ဇောတိပါလလုလင် [၃၃]
  28. သုတသောမမင်းသား [၃၄],
  29. ပိင်္ဂုတ္တရလုလင် [၃၅],
  30. မရုတ္တပုဏ္ဏား [၃၆][၃]


တက္ကသိုလ်နှင့် ရာဇဂြိုဟ် အချင်းချင်း မဟာမိတ်နိုင်ငံ[၃၇]

တက္ကသိုလ်၌ အလောင်းတော် မင်းပြု [၃၈]

အမျိုးယုတ်သူ “စဏ္ဍာလတို့ တက္ကသိုလ်၌ ပညာသင်ခွင့် မရ[၃၉] [၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ