တင့်ဆွေ (ဂျာနယ်ကျော်)

(တင့်‌ဆွေ၊ ဂျာနယ်‌ကျော် မှ ပြန်ညွှန်းထားသည်)

ဂျာနယ်ကျော်တင့်ဆွေကို ရန်ကုန်မြို့ စမ်းချောင်းရပ်တွင် အဖ ဦးသာလူ (မလိခ ကမူ ဦးသာထိုဟု ပြသည်)။ အမိ ဒေါ်စောမြ တို့က ၁၉၁၇ ခု ဒီဇင်ဘာ ၁ ရက်နေ့၌ ဖွားမြင် ခဲ့သည်။ အမည်ရင်း မှာလည်း ဦးတင့်ဆွေပင် ဖြစ်သည်။

ရန်ကုန် အစိုးရ အထက်တန်း ကျောင်းနှင့် မြို့မ အထက်တန်း ကျောင်းတို့တွင် ၁ဝ တန်း အထိ ပညာ သင်ယူ ခဲ့သည်။ အထက်တန်း‌ကျောင်းဘဝကတည်းကပင် ရန်ကုန်မြို့ အစိုးရဟိုက်စကူး ‌ကျောင်းမဂ္ဂဇင်း၊ ဝံသယူဝ မဂ္ဂဇင်းတို့၌ ‌ဆောင်းပါးများ၊ ဝတ္ထုများ ‌ရေးသားခဲ့သည်။ ထို့နောက် ဆယ်တန်း စာမေးပွဲ မဖြေဘဲ ဆယ်သန်း သတင်းစာ တိုက်တွင် ဝင်ရောက် လုပ်ကိုင်ကာ ၁၉၃၇ ခုနှစ်တွင် သတင်းစာ ‌လောကနှင့် စာ‌ပေ‌လောကသို့ တပြိုင်တည်း ဝင်‌ရောက်ခဲ့သည်။

ကလောင်များ

ထိုနှစ်မှာပင် တင်‌လေးမြင့် က‌လောင်အမည်ဖြင့် ကလဲ့စား‌ချေသူ ဝတ္ထုကို ‌ရေးခဲ့သည်။ ၁၉၄၇ ခု ဂျာနယ်ကျော်၌ ပါသည့် 'ပြဿနာ' ဝတ္ထုတိုတွင် "ဂျာနယ်ကျော် တင့်ဆွေ" ကလောင် အမည်ကို စတင် အသုံး ပြုသည်။ ကျော်လွန်း၊ ကိုကိုသိ၊ မောင်ဆွေတင့်၊ ပြည်သူ့ဟစ်တိုင် တင့်ဆွေ၊ တင်လေးအောင်၊ ပေါ်လွင်၊ ရွှေရိုးကြီး စသော ကလောင် အမည်ခွဲ များကိုလည်း အသုံး ပြုခဲ့သည်။

ကျင်လည်ရာအသိုင်းအဝိုင်းနှင့် ရာထူး

ဆယ်သန်း၊ လမ်းညွှန်၊ ဂျာနယ်ကျော်၊ သူရိယ၊ ပြည်သူ့ ဟစ်တိုင်၊ ဟံသာဝတီ၊ ဂါးဒီးယန်း၊ အမျိုးသားနှင့် ပြည်ထောင်စု စသော သတင်းစာ တိုက်များတွင် သတင်းထောက်၊ တာဝန်ခံ အယ်ဒီတာ အထိ အဆင့်ဆင့် လုပ်ကိုင် ကျင်လည် ခဲ့သည်။ ရိုက်တာ၊ အေပီ၊ ယူပီ စသည့် နိုင်ငံခြား သတင်း ဌာန များတွင်လည်း သတင်းထောက် အဖြစ် လုပ်ကိုင် ခဲ့ဖူးသည်။ သတင်းစာ လောကတွင် နှစ်ပေါင်း သုံးဆယ် နီးပါးမျှ လုပ်ဆောင် ခဲ့သည်။

မြန်မာပြည် သတင်းထောက်များ အသင်းနှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်းတို့တွင် အမှုဆောင် တဦး ဖြစ်ခဲ့သည်။ ၁၉၅၂ ခုတွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှုဆောင် အဖွဲ့ အထွေထွေ အတွင်းရေးမှူး တာဝန် ကိုလည်း ယူခဲ့သည်။

ရေးသားခဲ့သောစာအုပ်များ

သတင်းစာ လောက၌ ကျင်လည် ခဲ့သူ ဖြစ်ရာ သတင်းစာ အခြေခံ ပညာ (၁၉၅၂)၊ ကလောင် စစ်သား (၁၉၆၆)နှင့် အနှစ် နှစ်ဆယ်ကျော်က ဟူ‌သော သတင်းစာ အတတ်ပညာဆိုင်ရာ ကျမ်းနှင့် သတင်းစာ‌လောက အ‌တွေ့အကြုံ စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ သတင်းစာအ‌ခြေခံပညာ (၁၉၅၂) စာအုပ်သည် ၁၉၅၂ ခုနှစ် စာ‌ပေဗိမာန် စာပ‌ဒေသာဆုရ စာအုပ်ဖြစ်ပြီး က‌လောင်စစ်သား သည် ၁၉၆၆ ခုနှစ် အမျိုးသားစာ‌ပေဆု စာပ‌ဒေသာ စတုတ္ထဆုရ စာအုပ်ဖြစ်သည်။

ကမ္ဘာဖြူ (၁၉၅ဝ)၊ မြေအောင်း ပါမောက္ခ တင်းဖရိတ် စသော သိပ္ပံ ဝတ္ထုများကို မြန်မာ စာပေ လောကတွင် ပထမ ဦးဆုံး ရေးဖွဲ့ ခဲ့သည်။ ဂျော်လီဆောရီး၊ သက်သက်၊ ပြုံးချင်သူကြီးရယ်၊ တနေ ဝင်လေသော်၊ ဒီလှိုင်းလေးများ ခြေရာ၊ နှောင်းလေသည့် မိုး၊ မဆုံးနိုင်သော အဆုံး၊ တိုင်းပြည်နှင့် လူမျိုး အတွက် (၁၉၆၆) စသည့် နယ်ချဲ့ ဆန့်ကျင်‌ရေးသမိုင်း ‌နောက်ခံပြု ဝတ္ထုရှည် များမှာ ထင်ရှားသည်။ ကွယ်လွန်ချိန်အထိ လုံးချင်းဝတ္ထု ၁၅ အုပ်ခန့် ‌ရေးသားခဲ့ သည်။ ရုပ်ရှင် သီချင်း၊ ရုပ်ရှင် ဇာတ်ညွှန်း များလည်း ရေးခဲ့သည်။ "သတင်းစာ အခြေခံ ပညာ" စာအုပ်ဖြင့် ၁၉၅၂ ခုနှစ် စာပေဗိမာန် စာပဒေသာဆု၊ "ကလောင် စစ်သား" ဖြင့် ၁၉၆၆ ခုနှစ် အမျိုးသား စာပေဆု စာပဒေသာ စတုတ္ထဆုတို့ ရရှိ ခဲ့သည်။ သတင်းစာ ဆရာ အသင်း၏ စတုတ္ထမဏ္ဍိုင် ဆုမှ "အကောင်းဆုံး သတင်းထောက်ဆု" ကိုလည်း ရခဲ့ ဖူးသည်။ [၁]

ဘဝနိဂုံး

၁၉၈၂ ခု အောက်တိုဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ၊ ဆ ရပ်ကွက်၊ ခေမာသီ လမ်းသွယ် ၃ နေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့် နှင့် သားသမီး ခြောက်ယောက် ကျန်ရစ်သည်။ [၂][၃]

စာညွှန်း

  1. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေ ဆုများ၊ စာ ၃၉ - ၄ဝ။
  2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၁)။ စာ ၂၆၄ - ၂၆၅။
  3. မလိခ။ မြန်မာ့ ဝတ္ထု အညွှန်း (၃)။ စာ ၁၆၃ - ၁၇၂။
  4. နတ်နွယ်။ မိမိနှင့် စာရေးဆရာများ။ စာ ၂၃၅ - ၂၄ဝ။
  5. မြန်မာ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၃)။ စာ ၁၉၅ - ၁၉၆။
  6. ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (နိုဝင်ဘာ ၁၉၈၂)။ စာ ၂၃။]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ