တပ်မတော်နေ့

တပ်မတော်အား တည်ထောင်ခဲ့သည့် နှစ်ပတ်လည်ဆိုင်ရာ အထိမ်းအမှတ်နေ့ထူးနေ့မြတ်

တပ်မတော်နေ့ (ယခင်အမည် တော်လှန်ရေးနေ့) သည် နှစ်စဉ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ အားလပ်ရက်တစ်ရက် ဖြစ်သည်။ တပ်မတော်၏ ကနဦးဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန်အား တစ်ပြည်လုံးအတိုင်းအတာနှင့် ပါဝင်ဆင်နွဲခဲ့ကြသော တော်လှန်ရေးသမားများအား ဂုဏ်ပြုသောအားဖြင့် ဖက်ဆစ်တော်လှန်ရေး အတိအလင်းစတင်ရန်သတ်မှတ်ရက်စွဲ ၁၉၄၅ ခု မတ်လ ၂၇ အား ရည်မှန်းကာ တော်လှန်ရေးနေ့ကို သတ်မှတ်ကျင်းပလာခဲ့သည်။

တပ်မတော်နေ့
(တော်လှန်ရေးနေ့)
(၇၆)နှစ်​မြောက် တပ်မ​တော်​နေ့ ကျင်းပ​နေစဉ်
ကျင်းပသည့်နိုင်ငံမြန်မာနိုင်ငံ
အမျိုးအစားNational holiday
နေ့ရက်၂၇ မတ်
အကြိမ်နှစ်စဉ်

၁၉၄၅၊ မတ်လ ၃ ရက်နေ့တွင် ဖွဲ့စည်းသော ဖက်စစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကြီး (ဖတပလ)တွင် တပ်မတော်သားကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့အရေးတော်ပုံပါတီကိုယ်စားလှယ် ၃ ဦး၊ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် ၃ ဦးတို့ ပါဝင်သည်။ ထို့ကြောင့် ဖက်ဆစ်ကို တော်လှန်ရာတွင် တပ်မတော်တစ်ခုတည်း မဟုတ်ချေ။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့ရောက်တိုင်း ဂုဏ်ပြုကျင်းပလာမြဲဖြစ်သော တော်လှန်ရေးနေ့ကို ၁၉၅၅ ခုနှစ်အရောက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့ဟု ပြောင်းလဲသတ်မှတ်ကျင်းပခဲ့သည်။[၁][၂]

တပ်မ​တော်​နေ့ စစ်​ရေးပြအခမ်းအနားတွင်​တွေ့ရ​သော တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဖက်ဆစ်ကိုတော်လှန်ရာတွင် စစ်တပ်တစ်ခုတည်းတိုက်ထုတ်ခဲ့ခြင်းမဟုတ်ဘဲ ရဟန်းရှင်လူပြည်သူအပေါင်းမှ စုပေါင်း တိုက်ထုတ်သည့် သမိုင်းကို မှေးမှိန်စေရန်နှင့် စစ်တပ်၏ အခန်းကဏ္ဍကို ပိုမိုအလေးသာစေရန် ယခင် သတ်မှတ်ထားသော "တော်လှန်ရေးနေ့" မှ တပ်မတော်နေ့ဟု စစ်အစိုးရက ပြောင်းလဲ သတ်မှတ်ခဲ့သည်ဟု ဆိုကြသည်။[၃][၄]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ