တောင်ကိုရီးယား နိုင်ငံတော်ကောင်စီ

ကိုရီးယားသမ္မတနိုင်ငံ၏ အုပ်ချုပ်​ရေးအဖွဲ့အစည်း

ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ (ဟန်းဂု: 국무회의; ဟန်းဂျာ: 國務會議; အတိုကောက်အားဖြင့် SC-ROK) သည် တောင်ကိုရီးယားနိုင်ငံ၏ အဓိက အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ ဝန်ကြီးဌာနများမှာ အုပ်ချုပ်ရေးအဖွဲ့၏ အရေးပါဆုံး အစိတ်အပိုင်းဖြစ်သည်။[၁]

၂၀၂၀ ပြည့်နှစ်က ကိုးကြိမ်မြောက် နိုင်ငံတော်ကောင်စီ အစည်းအဝေး ကျင်းပစဉ်

အဖွဲ့ဝင်များ

ကိုးကြိမ်မြောက် နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌ သမ္မတမွန်းဂျယ်အင်း မိန့်ခွန်းပြောကြားစဉ်

၂၀၁၈ ဇွန်လတွင် ဝန်ကြီးဌာန ၂၃ ခု၊ အာဏာပိုင်အဖွဲ့အစည်း ၁၇ ခု၊ ဘုတ်အဖွဲ့ ၂ ခု၊ ရုံး ၄ ခု၊ ကော်မတီ ၆ ခု ရှိသည်။[၂] နိုင်ငံတော်ကောင်စီတွင် အမျိုးသားညီလာခံ (လွှတ်တော်) က ခန့်အပ်သော ဝန်ကြီး ၁၈ ဦး၊ ဝန်ကြီးချုပ်၊ သမ္မတတို့ ပါဝင်သည်။ သမ္မတသည် ကောင်စီဥက္ကဋ္ဌဖြစ်ပြီး၊ ဝန်ကြီးချုပ်မှာ ဒုတိယဥက္ကဋ္ဌဖြစ်သည်။[၃]

အောက်ပါပုဂ္ဂိုလ်များသည် ကောင်စီဝင်မဟုတ်သဖြင့် မဲပေးခွင့်မရှိသော်လည်း ကောင်စီအစည်းအဝေးများသို့ တက်ရောက်နိုင်ပြီး မိန့်ခွန်းပြောကြားနိုင်သည်။[၄]

  • သမ္မတရုံး အတွင်းရေးမှူးချုပ်၊
  • အမျိုးသားလုံခြုံရေးရုံး ညွှန်ကြားရေးမှူး၊
  • မူဝါဒပိုင်းဆိုင်ရာ သမ္မတရုံး အတွင်းရေးမှူးချုပ်၊
  • အစိုးရမူဝါဒချမှတ်ရေးရုံးဝန်ကြီး၊
  • ဝန်ထမ်းရေးရာဝန်ကြီး၊
  • စစ်မှုထမ်းဟောင်းရေးရာဝန်ကြီး၊
  • ဥပဒေပြုရေးဝန်ကြီး၊
  • အစားအသောက်နှင့် ဆေးဝါးလုံခြုံရေးဝန်ကြီး၊
  • တရားသော ကုန်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊
  • ဘဏ္ဍာရေးဝန်ဆောင်မှုကော်မရှင် ဥက္ကဋ္ဌ၊
  • သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီး၊
  • ကုန်သွယ်ရေးဝန်ကြီး၊
  • ဆိုးလ်မြို့တော်ဝန်။

ဆိုးလ်မြို့တော်ဝန်သည် ဗဟိုအစိုးရနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ဆိုးလ်မြို့သည် အထူးမြို့တော်ဖြစ်သဖြင့် ကတ်ဘိနက်အဖွဲ့ဝင်အဆင့်ရှိ တစ်ဦတည်းသော မြို့တော်ဝန်ဖြစ်သည်။

OfficeIncumbentParty
သမ္မတမွန်းဂျယ်အင်းဒီမိုကရက်
ဝန်ကြီးချုပ်​ဂျောင်ဆဲဂယွန်းဒီမိုကရက်
ဒုတိယဝန်ကြီးချုပ် (စီးပွားရေး)၊
စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး
ဟုန်းနမ်ဂီတစ်သီးပုဂ္ဂလ
ဒုတိယဝန်ကြီးချုပ် (လူမှုရေး)၊
ပညာရေးဝန်ကြီး
ယူအွန်းဟယ်ဒီမိုကရက်
သိပ္ပံနှင့်နည်းပညာဝန်ကြီးချွဲဂီယောင်းတစ်သီးပုဂ္ဂလ
နိုင်ငံခြားရေးဝန်ကြီးဂျောင်အွီယုံးတစ်သီးပုဂ္ဂလ
ပြန်လည်ပေါင်းစည်းရေးဝန်ကြီးလီအင်းယောင်းဒီမိုကရက်
တရားရေးဝန်ကြီးဘတ်ဘောမ်းဂယဲဒီမိုကရက်
အမျိုးသားကာကွယ်ရေးဝန်ကြီးဆောဝုတစ်သီးပုဂ္ဂလ
ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီးဂျောန်းဟယ်ချောလ်ဒီမိုကရက်
ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဟွမ်ဟီးဒီမိုကရက်
စိုက်ပျိုးရေး၊ အစားအသောက်နှင့် ကျေးလက်ဒေသဝန်ကြီးဂင်ဟျောန်းဆူတစ်သီးပုဂ္ဂလ
ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဆောင်းယွန်းမိုတစ်သီးပုဂ္ဂလ
ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဂွေါန်းဒေါ့ချောလ်တစ်သီးပုဂ္ဂလ
သဘာဝပတ်ဝန်းကျင်ဝန်ကြီးဟန်ဂျောင်အယ်ဒီမိုကရက်
အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီးလီဂျယ်ဂပ်တစ်သီးပုဂ္ဂလ
ဂျန်ဒါတန်းတူညီမျှမှုနှင့်မိသားစုဝန်ကြီးဂျောင်ယောင်းအယ်တစ်သီးပုဂ္ဂလ
နယ်မြေ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဗြောန်းချန်ဟွမ်တစ်သီးပုဂ္ဂလ
သမုဒ္ဒရာနှင့်ငါးလုပ်ငန်းဝန်ကြီးမွန်းဆောင်းဟျော့တစ်သီးပုဂ္ဂလ
အသေးစား၊ အလတ်စားနှင့် လုပ်ငန်းသစ်ဝန်ကြီးဂွေါန်းချီးလ်ဆွန်းဒီမိုကရက်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ