ထရောက်ငါး

ရေချိုငါးမျိုးစိတ်တမျိုး

ထရောက်ငါး၏ အပေါ်ပိုင်းသည် အများအားဖြင့် ညို၍ အောက်ပိုင်းမှာ ငွေရောင်ပေါက်နေတတ်သည်။ တစ်ကိုယ်လုံး တွင် အမည်းပြောက်များ ရှိသည်။ သို့သော် မျိုးစိတ် ကွဲပြားခြား နားသည်နှင့်အမျှ ငါး၏အရောင်အဆင်းတို့လည်း ကွဲလွဲတတ် သည်။ ထိုသို့ ကွဲလွဲမှုများရှိခြင်းကြောင့် ငါးအကြောင်း ကျွမ်းကျင် သူများပင်လျှင် ထိုငါးနှင့်စပ်လျဉ်း၍ သဘောကွဲလွဲကြလေသည်။

ရိန်းဘိုးထရောက် ၊Oncorhynchus mykiss
ဘီဝါ ထရောက် သို့ ဘီဝါ ဆယ်လမွန် ၊Oncorhynchus masou rhodurus

သိပ္ပံပညာရှင်များက ထရောက်ငါးကို အဓိကအားဖြင့် နှစ် မျိုးခွဲကြလေသည်။ ထိုနှစ်မျိုးမှာ ထရောက်မျိုးနှင့် ချားမျိုးတို့ ဖြစ်သည်။ ချားမျိုးမှာကား အလွန်အရသာရှိသော ငါးမျိုးဖြစ် သည်။ ပင်လယ်၌ ကျက်စားသော ထရောက်မျိုးနှင့် ရေချိုတွင် ကျက်စားသော ထရောက်မျိုးဟု နှစ်မျိုးခွဲ၍ ရှိပြန်သည်။ ထိုငါး နှစ်မျိုးစလုံးသည် အရသာရှိ၍ မျှားရန်အတွက် ကောင်းသဖြင့် တန်ဖိုးထားကြသည်။

ထရောက်ငါးများကို ကမ္ဘာ့မြောက်ပိုင်းတွင် တွေ့ကြရသည်။ ထိုအပိုင်းရှိ အင်းအိုင်၊ မြစ်၊ ချောင်းများအတွင်း၌ ထရောက် ငါးမျိုး မြောက်မြားစွာနေကြသည်။ ပင်လယ်တွင်း၌နေသည့် ထရောက်ငါးများသည် ဥအုချိန်သို့ ရောက်သောအခါ မြစ် ချောင်းများရှိရာသို့ ဆန်တက်လာကြသည်။ ဥအုချိန်မှာ နွေကူး ဥတုအစလောက်တွင်ဖြစ်သည်။ နွေကူးဥတုသို့ရောက်၍ ရေပူ လာသောအခါ ဥများပေါက်ကြသည်။ ရေစီးသန်၍ ကျောက် စရစ်များရှိသောရေတွင် ထရောက်ငါးသည် အလွန်အပွားမြန်သည်။

ဆောင်းဥတုတွင် ထိုငါးများသည် မြစ်ချောင်းကို စုန် ဆင်းလာကြပြီးလျှင် ပင်လယ်တွင်း၌ နေကြသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ