ဒေးဗစ် လိုး

မျက်မှောက်ခေတ်တွင် ရုပ်ပြောင်ကာတွန်းများ ခေတ်စားလာသည့်အလျောက် နိုင်ငံရေး ရုပ်ပြောင် ကာတွန်းရေးဆွဲသူတို့တွင် ဒေးဗစ်လိုး (ခရစ် ၁၈၉၁ - ၁၉၆၃)သည် အလွန်ထင်ရှားပေသည်။ ဒေးဗစ် လိုးသည် နယူးဇီလန်နိုင်ငံ၊ ဒန်နီဒင်မြို့၌ ၁၈၉၁ ခုနှစ် ဧပြီလတွင် ဖွား မြင်သည်။ ဦးစွာ၌ နယူးဇီလန်နှင့် ဩစတြေးလီးယားနိုင်ငံများတွင် ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် လန်ဒန်မြို့သို့ ရွှေ့ ပြောင်းလာခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် လန်ဒန်မြို့၌ ထုတ်ဝေသော စတားအမည်ရှိ သတင်းစာတွင် ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ဒေးဗစ်လိုးရေးဆွဲသော ရုပ်ပြောင်ကာတွန်းများမှာ အလွန်သရုပ်ပေါ်သဖြင့် ထင်ရှားကျော်စောလေသည်။ ၁၉၂၇ ခုနှစ်တွင် လော့ဗီဗားဗရွတ်ပိုင် အီးဗနင်းစတင်းဒတ် သတင်းစာတိုက်၌ ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ဒေးဗစ်လိုးသည် ထင်ရှားသော နိုင်ငံပြုသုခမိန် တို့၏ ထူးခြားပေါ်လွင်နေသော အချက်များကို သူရေးဆွဲသောရုပ်ပြောင်များ ဖြင့် သရုပ်ပေါ်စေ၏။ အထူးသဖြင့် ကာနယ်ဗလင့် အမည်တပ်သည့် ဗြိတိသျှ ကွန်ဆားဗတစ် နိုင်ငံရေးသမား၏ ရုပ်ပြောင်သည် ဒေးဗစ်လိုး၏ လက်စွမ်းကို အကဲခတ်နိုင်စေသော ရုပ်ပြောင်အဖြစ်ထင်ရှားသည်။ ဒေးဗစ် လိုးသည် ရုပ်ပြောင်ရေးဆွဲရုံမကဘဲ ခေတ်ပေါ်ရုပ်ပြောင်သမိုင်းစာအုပ်ကိုလည်း ရေးသားပြုစုခဲ့လေသည်။ဒေးဗစ်လိုးသည် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကွယ်လွန်သည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ