ဒေးလီး တယ်လီဂရပ်ဖ်

ဒေးလီး တယ်လီဂရပ်ဖ် (အင်္ဂလိပ်: The Daily Telegraph, The Telegraph; /ˈtɛlɪɡræf/) သည် ဗြိတိသျှ နေ့စဉ်သတင်းစာဖြစ်၍ လန်ဒန်မြို့၊ တယ်လီဂရပ်ဖ် မီဒီယာအုပ်စုက ဖြန့်ချိကာ ယူနိုက်တက်ကင်းဒမ်းသာမက နိုင်ငံတကာသို့လည်း ဖြန့်ဖြူးကြသည်။ ဆိုက်ကြီးသတင်းစာအမျိုးအစားဖြစ်၏ ။

The Daily Telegraph
Was, is, and will be[၁]
အမျိုးအစားနေ့စဉ်သတင်းစာ
ပုံစံအချိုးအစားဆိုက်ကြီး
ပိုင်ဆိုင်သူTelegraph Media Group
အယ်ဒီတာChris Evans[၂]
တည်ထောင်ခြင်း၂၉ ဇွန် ၁၈၅၅; ၁၆၈ နှစ် အကြာက (၁၈၅၅-၀၆-29) (Daily Telegraph & Courier အဖြစ်စတင်)
Political alignmentကွန်ဆာဗေးတစ်[၃]
ဌာနချုပ်များအင်္ဂလန်၊ လန်ဒန်
စောင်ရေ၃၁၇,၈၁၇ (as of ၂၀၁၉ ဒီဇင်ဘာ)[၄]
ညီအစ်မ သတင်းစာများThe Sunday Telegraph
ISSN0307-1235
OCLC နံပါတ်49632006
ဝက်ဘ်ဆိုဒ်telegraph.co.uk
နိုင်ငံယူနိုက်တက်ကင်းဒမ်း

အာသာ ဘီ. ဆလေး (Arthur B. Sleigh) က ၁၈၅၅ တွင် The Daily Telegraph & Courier အမည်ဖြင့် စတင်ထုတ်ဝေခဲ့ကာ ကွန်ဆာဗေးတစ်ပါတီအာဏာရလာသည့်အခါ ယူကေ၌ တိုင်းစ်သတင်းစာထက်ပို၍ပင် ခိုင်မာယုံကြည်နိုင်သည်ဟု ယူဆသတ်မှတ်ကြလေသည်။[၅] "တယ်လီဂရပ်ဖ်"တွင် အရည်အသွေး အဆင့်မြင့်သည့် သတင်းပညာရပ်/ဆောင်ရွက်မှု ရှိသည်ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကာ ကမ္ဘာပေါ်၌ ကြီးမားခမ်းနားသော ခေါင်းစဉ်များထဲက တစ်ခုဟူ၍လည်း ဖော်ပြလေ့ရှိကြသည်။[၆]

သတင်းစာ၏ ဆောင်ပုဒ်ဖြစ်သော "ယခင်၊ ယခု၊ အနာဂတ်" (Was, is, and will be) စာသားသည် ခေါင်းကြီးပိုင်းစာမျက်နှာများတွင် ပါ၍ ၁၈၅၈ ဧပြီ ၁၉ မှစကာ သတင်းစာ၏ ထုတ်ဝေမူတိုင်း၌ ထည့်သွင်းခဲ့ကြလေသည်။[၇] ၂၀၁၈ ဒီဇင်ဘာတွင် စောင်ရေ ၃၆၃,၁၈၃ အထိရှိခဲ့၍[၈] ညီအမသတင်းစာဖြစ်သည့် "The Sunday Telegraph" ကို ၁၉၆၁ မှစတင်ထုတ်ဝေခဲ့၍ ၂၀၁၈ ဒီဇင်ဘာမှစ၍ စောင်ရေ ၂၈၁,၀၂၅ ရှိခဲ့သည်။[၈] ဤနှစ်စောင်ကို သီးခြားစီလည်ပတ်ကြ၍ သတင်းသမား၊ အယ်ဒီတာများမှာလည်း မတူကြပေ။[၉] သို့ရာ၌ တူညီသော အကြောင်းအရာများ ထည့်သွင်းမှုရှိသည်။

"တယ်လီဂရပ်ဖ်"သည် ထင်ရှားကျော်ကြားသော သတင်းဦးများစွာကို တင်ပြသော ပထမဆုံးသတင်းစာ တစ်စောင်ဖြစ်ရာ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခြင်းများကို တင်ဆက်ဖော်ပြနိုင်ခဲ့သည်။[၁၀] ထို့အပြင် ၂၀၀၉ ၌ ယူနိုက်တက်ကင်းဒမ်းပါလီမန် အမတ်များ၏ အသုံးအဖြုန်းများကို ဖော်ပြခဲ့ရာ၌ လူသိများထင်ရှားလှသည့် နိုင်ငံရေးသမားများနုတ်ထွက်ခြင်းများ ဖြစ်ပေါ်စေခဲ့ပြီးရယင်းဖော်ပြမှုအတွက် သတင်းစာဆု (The Press Awards) ချီးမြှင့်ခံရသည်။[၁၁] ၂၀၁၆ တွင်လည်း အင်္ဂလန် ဘောလုံးမန်နေဂျာ ဆမ် အလာဒိုက်စ်ကို ပုန်းလျှိုးစစ်ဆေးမှုများအကြောင်းကိုလည်း ပထမဆုံးရေးသားခဲ့သည့် သတင်းစာဖြစ်သည်။[၁၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ