နရသိင်္ခ

နရသိင်္ခ (၁၁၄၁–၁၁၇၄) သည် ပုဂံခေတ် ထီးနန်းကို အေဒီ ၁၁၇၁ မှ ၁၁၇၄ အထိ စိုးစံခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ နရသိင်္ခသည် ညီတော် နရပတိစည်သူအား ထီးနန်းဆက်ခံသူနှင့် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ယင်းသည် ရာဇဝင်သမိုင်းတလျောက်တွင် တပ်မတော်အား အုပ်ချုပ်ခွင့်ကို ဘုရင်မှ အခြားသူတစ်ဦးအား အာဏာလွှဲပြောင်းပေးမှုကို ပထမဆုံး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ နရသိင်္ခမင်းသည် နရပတိစည်သူ၏ ဇနီးကို မိဖုရားမြှောက်ခဲ့ပြီးနောက် နရပတိစည်သူ၏ တပ်မှူး အောင်စွာက နရသိင်္ခကို လုပ်ကြံသဖြင့် ကံကုန်ရလေသည်။[၁][၂]

နရသိင်္ခ
ဘုရင်
နန်းသက်c. ဖေဖော်ဝါရီ ၁၁၇၁ – c. မေ ၁၁၇၄
ရှေ့မင်းဆက်နရသူ
ဆက်ခံသူနရပတိစည်သူ
ဝန်ကြီးချုပ်အနန္တသူရိယ
မွေးဖွား၂၀ ဩဂုတ် ၁၁၄၁
မြန်မာသက္ကရာဇ် ၅၀၃ တော်သလင်းလဆုတ် ၂ ရက်၊ ဗုဒ္ဓဟူး
ပုဂံ
ကွယ်လွန်c. မေ ၁၁၇၄ (အသက် ၃၂)
ပုဂံ
ကြင်ရာတော်မင်းအောင်မြတ် (၁၁၇၁–၇၄)
စောလတ် (၁၁၇၁–၇၄)
စောအလွှမ်း (၁၁၇၁–၇၄)
ဝေဠုဝတီ (၁၁၇၄)
တော်ဝင်ဘွဲ့အမည်
ၐြီတြိ ဘုဝနာ ဒိတျပဝရ ဓမ္မရာဇ ဒါနပတိ
စံအိမ်ပုဂံ
ခမည်းတော်နရသူ
မယ်တော်မြောက်ပြင်သည်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဂျီအိပ်လုစ်၏ အဆိုအရ အေဒီ ၁၁၆၅ မှ ၁၁၇၄ အတွင်း နန်းတက်သော ဘုရင်များအကြောင်း ကျောက်စာမှတ်တမ်းများ မရှိခဲ့ပေ။[၃][၄] ဒေါက်တာထင်အောင်ကဲ့သို့သော အခြားသမိုင်းပညာရှင်များက လုစ်၏ မှန်းဆပြောဆိုချက်ကို လက်မခံခဲ့ကြပေ။[၅]

အစောပိုင်းဘဝ

နရသိင်္ခသည် နရသူမင်းနှင့် မြောက်ပြင်သည်မိဖုရားတို့၏ သားတော်နှစ်ပါးအနက် သားတော်ကြီးဖြစ်သည်။[၆] ရာဇဝင်ကျမ်းများတွင် နရသိင်္ခ၏ မွေးဖွားချိန်ကို အမျိုးမျိုး ဖော်ပြကြသည်။[note ၁] အောက်ဖော်ပြပါဇယားသည် ရာဇဝင်ကျမ်းလေးစောင်တွင် ဖော်ပြထားသော ရက်စွဲများ ဖြစ်သည်။[၇] ပညာရှင်များကမူ ဇာတာတော်ပုံတွင် ပါရှိသော မွေးဖွားခုနှစ်ကို လက်ခံကြသည်။[၆]

ရာဇဝင်ကျမ်းမွေးဖွား–ကွယ်လွန်အသက်ထီးနန်းကာလနန်းသက်
ဇာတာတော်ပုံ ရာဇဝင် (ဘုရင်များ စာရင်းအပိုင်း)[၈]၁၁၄၂–၁၁၇၃၃၂၁၁၇၀–၁၁၇၃
ဇာတာတော်ပုံ ရာဇဝင် (နန်းတွင်း ဇာတာခွင် အပိုင်း)[၉]၁၁၄၁–၁၁၇၅၃၄၁၁၇၀–၁၁၇၅
မဟာရာဇဝင်ကြီး၁၁၃၀–၁၁၆၄၃၄၁၁၆၁–၁၁၆၄
ရာဇဝင်သစ်ကျမ်း၁၁၃၄–၁၁၇၄၄၀၁၁၇၁–၁၁၇၄
မှန်နန်း ရာဇဝင်၁၁၄၀–၁၁၇၄၃၄၁၁၇၁–၁၁၇၄

နရသိင်္ခသည် ဘုရင် အလောင်းစည်သူမင်း၏ အုပ်ချုပ်မှုကာလတွင် ကြီးပြင်းလာခဲ့သည်။ သူ၏ ဦးရီးတော် မင်းရှင်စောက ထီးနန်းဆက်ခံသူဖြစ်သဖြင့် နရသိင်္ခအနေဖြင့် ထီးနန်းဆက်ခံရမည့် စာရင်းတွင် ရှိမနေပေ။ အရွယ်ရောက်သောအခါ ဝမ်းကွဲမောင်နှမဖြစ်သော မင်းအောင်မြတ်နှင့် လက်ထပ်ခဲ့သည်။[၁၀]

အေဒီ ၁၁၆၇ တွင် ခမည်းတော် နရသူက အလောင်းစည်သူနှင့် မင်းရှင်စောတို့ကို လုပ်ကြံ၍ ထီးနန်းရယူခဲ့သဖြင့် နရသိင်္ခသည် ထီးနန်းဆက်ခံမည့်သူ ဖြစ်လာခဲ့သည်။

ထီးနန်းအုပ်ချုပ်ကာလ

တပ်မှူး အောင်စွာ

အနောက်အရပ် အိန္ဒိယရှိ ပဋိက္ခယားမင်းမှ စေလွှတ်လုပ်ကြံသဖြင့် နရသူမင်းလွန်ပြီးနောက် အေဒီ ၁၁၇၁ တွင် နရသိင်္ခ နန်းတက်လာခဲ့သည်။ နန်းတက်ပွဲတွင် ညီတော် နရပတိစည်သူကို ထီးနန်းဆက်ခံသူနှင့် စစ်ဦးစီးချုပ်ရာထူးကို ပေးအပ်ခဲ့သည်။[၁၀] ဤသည်မှာ ရာဇဝင်သမိုင်းတလျောက် တပ်မတော်အုပ်ချုပ်ခွင့်အား ဘုရင်မှ အခြားတစ်ယောက်ကို ပထမဆုံး လွှဲပြောင်းပေးသည်ကို မှတ်တမ်းတင်ထားနိုင်ခြင်း ဖြစ်သည်။[note ၂] နန်းတက်ရာတွင် ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇဒါနပတိဘွဲ့ကို ခံယူခဲ့သည်။[၁၁]

နရပတိစည်သူ၏ ဇနီးဖြစ်သူ ဝေဠုဝတီအပေါ် စိတ်ဝင်စားမှု ဖြစ်ပေါ်ခဲ့ခြင်းက နရသိင်္ခဘုရင်အား ကျဆုံးမှုကို ဖြစ်စေခဲ့သည်။ ဝေဠုဝတီအား လက်ထပ်ခွင့် ရခဲ့သော်လည်း ညီတော်အား ပေးအပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို နောင်တရခဲ့သည်။ အေဒီ ၁၁၇၄ တွင် နရပတိစည်သူအား ပရိယာယ်ဖြင့် ငဆောင်ချမ်းအရပ်သို့ စစ်ချီစေခဲ့ပြီး ဝေဠုဝတီကို မိဖုရားအဖြစ် တင်မြှောက်ခဲ့သည်။[၁၂]

ငဆောင်ချမ်းသို့ အသွား လမ်းခရီးတွင် နရပတိစည်သူ၏ ဆက်သား မြင်းခံငပြည့် လိုက်လံတင်လျှောက်မှုကြောင့် နောင်တော် နရသိင်္ခ၏ လုပ်ရပ်ကို ကြားသိခဲ့သည်။[note ၃] ယင်းနောက် နရပတိစည်သူသည် အမတ် အောင်စွာကို ခေါ်၍ လက်ရွေးစင်တပ်သားတို့နှင့် နောင်တော် ဘုရင်ကို လုပ်ကြံစေသည်။ အောင်စွာလည်း လက်ရွေးစင် တပ်သား ၈၀ ကို ဦးဆောင်၍ မြစ်ကြောင်းတလျောက် လှေဖြင့် စုန်ဆင်းကာ နန်းတော်သို့ဝင်ပြီး နရသိင်္ခမင်းကို လုပ်ကြံလေသည်။[၁၂]

မှတ်စု

ကိုးကား

ကျမ်းပြုစာရင်း

  • Coedès၊ George (1968)။ Walter F. Vella (ed.)။ The Indianized States of Southeast Asia။ trans.Susan Brown Cowing။ University of Hawaii Press။ ISBN 978-0-8248-0368-1
  • ထင်အောင်၊ မောင် (1967)။ A History of Burma။ New York and London: Cambridge University Press။
  • ထင်အောင်၊ မောင် (1970)။ Burmese History before 1287: A Defence of the Chronicles။ Oxford: The Asoka Society။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းမဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ Historical Research Directorate of the Union of Burma။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
နရသိင်္ခ
မွေးဖွား ၂၀ ဩဂုတ် ၁၁၄၁ ကွယ်လွန် c. မေ ၁၁၇၄
Regnal titles
ယခင်က
နရသူ
ဘုရင်
၁၁၇၁–၁၁၇၄
ဆက်ခံသူ
နရပတိစည်သူ
Royal titles
ယခင်က
နရသူ
ထီးနန်းဆက်ခံသူ
၁၁၆၇–၁၁၇၁
ဆက်ခံသူ
နရပတိစည်သူ


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ