ပဇ္ဇုန္နဓီတုသုတ်

(၂)သုတ် ရှိပါသည်။

[၁]ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝဿဝလာဟက ပဇ္ဇုန္နစာတုမဟာရာဇ် နတ်မင်း၏သမီး ကောကနဒါက ဘုရားရှင်ကို ချီးကျူးရှိခိုး၍ မိမိ၏အမည်ကို လျှောက်ထားပြီး ဘုရားရှင်၏ သစ္စာလေးပါးတရားတော်ကို ရှေးက ကြားရုံမျှသာ ကြားရပြီး ယခုအခါ မျက်မှောက်သက်သေအဖြစ် သိမြင်ပုံ အရိယဓမ္မကို ကဲ့ရဲ့သော သူတို့ ရောရုဝငရဲ၌ ဆင်းရဲဒုက္ခခံစားနေရပုံ, အရိယဓမ္မကို ကျေနပ်စွာခံယူပြီး ရာဂ အစရှိသော ငြိမ်းအေးမှုနှင့်ပြည့်စုံသူတို့ နတ်ပြည်သို့ရောက်ရှိပုံကို ဘုရားရှင်အား လျှောက်ထားသည့်သုတ်။


[၂]ဘုရားရှင် ဝဇ္ဇီနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “ယင်းနတ်မင်းကြီး၏ သမီး စူဠကောကနဒါက ရတနာသုံးပါးအား ရှိခိုးပူဇော်ပြီး အလုံးစုံသော လောက၌ စိုးစဉ်းအနည်းငယ်မျှ ကိုယ်, နှုတ်, စိတ်တို့ဖြင့် မကောင်းမှုကို မပြုရာ၊ ကာမတို့ကို ပယ်စွန့်၍ သတိသမ္ပဇဉ်ရှိသောသူသည် အကျိုးမဲ့နှင့်စပ်သော ဆင်းရဲဒုက္ခကို မမှီဝဲ တော့”ဟု ဘုရားရှင်အား လျှောက်ထားသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။[၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ