ပဇ္ဇောတသုတ်

(၃)သုတ် ရှိပါသည်။

[၁]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ နတ်သား၏ မေးလျှောက်ချက်အရ နေရောင်, လရောင်, မီးရောင်, ဘုရားရှင်၏ရောင်ခြည်တော်ဟု အလင်းရောင် ၄-မျိုးသာရှိပုံ, ယင်းတို့တွင် ဘုရားရှင်၏ ရောင်ခြည်တော်သည်သာ အမြတ်ဆုံးဖြစ်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဘုရားရှင်၏ ရောင်ခြည်တော်အမျိုးမျိုးကို ဖွင့်ပြထားပါသည်။


[၂]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ နတ်သား၏ မေးလျှောက်ထားချက်အရ

= ပညာသည် လောက (၏) ၌ အလင်းရောင်၊

= သတိသည် လောက၌ နိုးကြားခြင်း၊

= အသက်မွေးကုန်သောသူတို့တွင် နွားသည် အလုပ်ကိစ္စ၌ အဖော်၊

= ထိုသတ္တဝါအပေါင်း၏ အသက်မွေးဝမ်းကြောင်းသည် ထွန်တုံး၊

= အမိသည် သားကိုမွေးမြူသကဲ့သို့ မိုးသည် ပျင်းသောသူ မပျင်းသောသူတို့ကို မွေးမြူ၏။

= မြေ၌မှီသော သတ္တဝါတို့သည် မိုးကိုမှီ၍ အသက်မွေးကုန်၏-ဟု ဘုရားရှင် ဖြေကြားဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။


[၃]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် လရောင်, နေရောင်, မီးရောင်, ပညာအလင်းရောင်-ဟူသော အလင်းရောင်လေးမျိုးတို့တွင် ပညာအလင်းရောင်သာ အမြတ်ဆုံးဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။[၄]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ