အညစေတာပနသိက္ခာပုဒ်

(ပဉ္စမသိက္ခာပုဒ်၊ ပတ္တဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အခုတစ်မျိုး အလဲခိုင်းပြီး, နောက်တစ်မျိုးအလံခိုင်းပြန်မှု။

အမှုသည်—ထုလ္လနန္ဒာ။ [၁]

ထုလ္လန္ဒာ စိတ်ယုတ်မာပုံ

ထုလ္လနန္ဒာသည် မကျန်းမမာ ဖြစ်နေ၏၊ ဥပါသကာတစ်ယောက်သည် ထုလ္လနန္ဒာထံလာ၍ မကျန်းမာကြောင်း သိသဖြင့် “ဈေးသည် (နာမည်ကို ဖေါ်ပြော၍)မည်သူ့ထံ ငွေတစ်ကျပ်အပ်ထားခဲ့ပါမည်၊ ထိုဈေးသည်ထံမှ အလိုရှိရာ အယူခိုင်းပါ” ဟု လျှောက်ထား၍ ပြန်သွားလေ၏၊ ထုလ္လနန္ဒာသည် သိက္ခမာန်(ဘိက္ခုနီလောင်း) တစ်ယောက်ကို ထိုဈေးသည်ထံမှ ဆီတစ်ကျပ်ဖိုးတန် (မိမိတွက် ပြော၍) တောင်းခံခဲ့ဖို့ရန် စေလွှတ်လိုက်လေသည်။ [သိက္ခမာန်အကြောင်းကို နောက်၌သိရလတံ့။]ထိုသိက္ခမာန်သည် ဈေးသည်ထံမှ ဆီကိုတောင်း၍ ပြန်လာသောအခါ “ဆီကို မလိုချင်တော့ဘူး ထောပတ် အလိုရှိတယ်”ဟု ပြောလေသည်၊ [သိက္ခမာန်မသည် ပစ္စည်း, ဥစ္စာ ကြွယ်ဝသော အမျိုးသ္မီးဖြစ်၍ “ဆီကို ထုလ္လနန္ဒာအား ပေးခဲ့၍ ထောပတ်ကို သူ့ အမျိုးအိမ်က တောင်းခဲ့လိမ့်မည် အထင်နှင့် ထိုသို့ ဆီမလိုချင်ကြောင်း ထောပတ်ကို အလိုရှိကြောင်း ပြောခြင်းဖြစ်သည်။]

သိက္ခမာန် ငိုရပုံ

ထိုသိက္ခမာန်သည် ဈေးသည်ထံ ပြန်သွား၍ “အရှင်မက ဆီကို မလိုချင်ဘူးတဲ့၊ ထောပတ်ကို အလိုရှိသတဲ့၊ ဒါ့ကြောင့်, ဆီကို ပြန်ယူ၍ ထောပတ်ကို ပေးပါ”ဟု တောင်းလေရာ, ဈေးသည်က ရောင်းပြီးဘဏ္ဍာကို ပြန်၍ လက်ခံလျှင် ဘယ်တော့ ရောင်းလို့ကုန်တော့မှာလဲ၊ ထောပတ်လိုချင်လျှင် ထောပတ်ဖိုး ပေးပေါ့”ဟု ပြောလိုက်သောအခါ (ဆွေမျိုးအိမ်သို့လည်း သွား၍ မတောင်းဝံ့ရှာသော) သိက္ခမာန်မသည် ငိုရှာလေတော့၏၊ အခြားဘိက္ခုနီ တို့ကမေး၍ အကြောင်းကို ပြောပြသောအခါ ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ အညံ စေတာပေတွာ အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်

အကြင်ဘိက္ခုနီသည် ဆီစသော အခြားဝတ္ထုကို လဲလှယ် စေပြီး၍ (ရလာသောအခါ) ထောပတ်စသော အခြားတစ်မျိုးကို ပြန်၍လဲစေအံ့၊ ထိုဘိက္ခုနီသည် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဤသိက္ခာပုဒ်၌ ရှေ့သိက္ခာပုဒ်၌ကဲ့သို့ စိတ်ကောင်းဖြင့် ပြန်၍ အလဲ ခိုင်းလျှင် အာပတ်မသင့်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ