ဥဒကသုဒ္ဓိကသိက္ခာပုဒ်

(ပဉ္စမသိက္ခာပုဒ်၊ လသုဏဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အလွန်နှိုက်၍ ရေဆေးမှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]

မိထွေးတော်

ကပိလဝတ်နေပြည်တော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် မိထွေးတော် ဂေါတမီသည် ဘုရားအထံတော်သို့ လာ၍ (မြတ်စွာဘုရားအထံ မကောင်းအနံ့ ရောက်မည် စိုးသောကြောင့်) လေအောက်က ထိုင်ပြီးလျှင် “မြတ်စွာဘုရား၊ မာတုဂါမဆိုတာ (နဂို အတိုင်းဆိုလျှင်) အနံ့မကောင်းပါဟု လျှောက်ရှာလေသည်၊ ထိုအခါ ဘုရားရှင်သည် “ဘိက္ခုနီမများ သန့်ရှင်းစင်ကြယ်အောင် ရေကိုယူနိုင်= ရေဆေးနိုင်သည်”ဟု မိန့်တော်မူ၍ တရားစကား ဟောပြောတော် မူပြီးနောက် မိထွေးတော်ပြန်သွားသောအခါ သံဃာစည်းဝေး၍ ဘိက္ခုနီများအတွက် ရေဆေးမှုကို ခွင့်ပြုတော် မူရလေသည်။

အလွန်အကျွံ ဆေးမှု

ထိုသို့ ခွင့်ပြုတော်မူလိုက်လျှင်ပင် ဘိက္ခုနီအများတို့ သူတို့ အင်္ဂါအတွင်းကို ဆေးကြလေရာ ဘိက္ခုနီတစ်ယောက်မှာမူ နှိုက်ရင်းနှိုက်ရင်း သာယာသည့်အတွက် လက်ချောင်းကို အတော်နက်အောင်သွင်း၍ ဆေးခြင်းကြောင့် အတွင်း၌ အနာဖြစ်နေရကား မနေသာသဖြင့် နီးစပ်ရာဘိက္ခုနီများကို ပြောပြရလေတော့သည်၊ ထိုအခါ ကြားကြားသမျှ ဘိက္ခုနီတို့က “ဒါလောက်နက်အောင် နှိုက်၍ ဆေးရ မလား”ဟု အပြစ်တင်ပြီးလျှင် ဘုရားရှင်ကြားလောက်အောင် လျှောက်ထား ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ဥဒကသုဒ္ဓိကံ ပန ဘိက္ခုနိယာ အာဒိယမာနာယ ဒွင်္ဂုလပဗ္ဗပရမံ အာဒါတဗ္ဗံ။ တံ အတိက္ကာမေန္တိယာ ပါစိတ္တိယံ။

မြန်မာပြန်

ရေဆေးမှုကိုပြုသော ဘိက္ခုနီသည် လက် ၂-ချောင်း၏ လက် ၂-ဆစ်လောက်သာ နှိုက်၍ ဆေးရမည်၊ ထိုထက်ပို၍ နှိုက်ဆေးလျှင်(လက်အတွေ့ကို သာယာ၍ တဆံခြည်မျှ ပိုသွားလျှင်) ပါစိတ်အာပတ်သင့်၏၊ (လက် ၂-ဆစ်ဟူရာ၌ လက်တချောင်းလျှင် တဆစ်စီအားဖြင့် ၂ ဆစ်ဟုမှတ်။)

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ