ပညာဝံသ

ယခုအခါ (၂ဝဝ၈ ခုနှစ်၊ ဇွန်လ) သက်တော် ၈ဝ၊ ဝါတော် ၆ဝ ရ ပီနန် ဆရာတော်ကြီးသည် ဝါးခယ်မ ဇာတိ ဖြစ်ပြီး ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီ ၁ဝ မှာ မွေးဖွားခဲ့သည်။ အသက် ၁၄ နှစ်သားတွင် ရှင်သာမဏေဘောင် ဝင်ခဲ့ပြီး၊ ၁၉၄၈ ဧပြီ ၁၆ မှာ ရဟန်းဘောင် ဝင်ခဲ့သည်။

ရှေ့တန်း ဝဲမှ ယာ - မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒနှင့် ပီနန် ဆရာတော် ဘုရားကြီး ဦးပညာဝံသ။

ဝါးခယ်မ၊ ညောင်တုန်း၊ မန္ဈလေးတို့တွင် ပညာသင်ခဲ့ပြီး၊ မန္တလေး မစိုးရိမ်တိုက်မှာ ဗုဒ္ဓစာပေများကို မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒ (ကွယ်လွန်) နှင့်အတူ သင်ယူခဲ့သည်။


၁၉၅၃ ခုနှစ်၊ သက်တော် ၂၅ နှစ်မှာ ဓမ္မာစရိယ စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ကာ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံတော် အစိုးရက သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည်။

၁၉၅၃ နှစ်မှာပဲ ကိုးကိုးကျွန်း သာယာ ဖွံ့ဖြိုးရေး အစီအစဉ်အရ သာသနာပြုရန်၊ ရန်ကုန် ဗားကရာတိုက်၊ သာယာဝတီကျောင်း ဆရာတော် ဦးဝါယမနဲ့ အတူ လိုက်ပါပြီး သာသနာပြု အတွေ့အကြုံ စတင်ခဲ့သည်။ ၁၉၅၇ ခုနှစ်ခန့်တွင် သီရိလင်္ကာနှင့် အက်ဒမန်ကျွန်း ခေါ် ကပ္ပလီကျွန်းတို့သို့ ပြည်ပ သာသနာပြု အဖြစ် ခရီးစဉ် ချဲ့ခဲ့သည်။

၁၉ရဝ တွင် နိုင်ငံတော် အစိုးရက ပီနန်သို့ စေလွှတ်ပြီး ရှေးမြန်မာ ဘုန်းကြီးကျောင်းကို ကျောင်းထိုင်စေခဲ့ရာ ပီနန်းကျောင်းမှာ ယခုအခါ သက်တမ်း နှစ် ၂ဝဝ ရှိပြီဖြစ်သည်။ ၏

၁၉၇၉ တွင် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျဲလစ်တွင် တက္ကသိုလ် အရှေ့တိုင်း ဘာသာသင်ဌာန၌ ဗုဒ္ဓ အဘိဓမ္မာကို ပို့ချပေးခဲ့သည်။

၁၉၈၅ တွင် နိုင်ငံတကာ ဗုဒ္ဓဘာသာ သံဃာ့ အဖွဲ့ကြီးကို တည်ထောင်သည်။ လောစ့်အိန်ဂျဲလစ် (USA)၊ ဆဒ်နီ (ဩစတြေးလျ)၊ ချီကာဂို (USA)၊ တိုရန်တို (ကနေဒါ)၊ ဟောင်ကောင် (တရုတ်ပြည်)၊ စင်ကာပူ၊ ကွာလာလမ်ပူ (မလေးရှား)၊ အုခ်လန် (နယူးဇီလန်)၊ ဟော်လန်၊ မဟာသန္ဈိသုခ ဗုဒ္ဓသာသနာ စင်တာ (ရန်ကုန်) တို့တွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၁ဝ ကျောင်းမှာ တည်ထောင် သာသနာပြုခဲ့သည်။ ယခုအခါ (၂ဝဝ၈) သာသနာပြု သက်တမ်း နှစ် ၅ဝ ရှိခဲ့ပြီ ဖြစ်သည်။

၂ဝဝရ ခုနှစ်၊ စက်တင်ဘာတွင် မြန်မာနိုင်ငံ၌ ရွှေဝါရောင် တော်လှန်ရေး အဖြစ် ကမ္ဘာကျော်ခဲ့သည့် သံဃာထု လှုပ်ရှားမှုတွင် ရဟန်းရှင်လူ ပြည်သူအပေါင်းကို နအဖ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းသည့် အခါ ပြည်ပ၌ ၂ဝဝရ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့တွင် သာသနာ့ ဥသျှောင်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌ ဆရာတော် အဖြစ် တာဝန်ယူလျက် ရှိသည်။ ကွယ်လွန်သွားသည့် မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒက သာသနာ့ ဥသျှောင် ပဓာနစေရ (နာယက) ဆရာတော် အဖြစ် တာဝန်ယူခဲ့သည်။

ယခုအခါ ဆရာတော်ကြီးသည် သာသနာ့ အန္တရာယ် ကာကွယ်ရေး အတွက် ကမ္ဘာလှည့်ပြီး စည်းရုံး အားထုတ် ဆောင်ရွက်လျက် ရှိသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ