ပညာအကြောင်း

ပညာဟူသည် ပဋိပက္ခ၊ ပြဿနာ၊ အခက်အခဲစသော လောကအမှောင်ထုတွင်း ကျော်လွှားဖြတ်သန်းနိင်ဖို့ရာ လမ်းပြသည့် ကြယ်တာရာတစ်ပွင့် ဖြစ်သည်။

ပညာအပြား၂ ပါး

အပြားအားဖြင့် သိမှုမျိုး ၂ပါး၊ ထို့ပြင်လည်း အမျိုးမျိုးပြားသေး၏။

ယထာဘူတပညာဝဥ္စနာပညာ
အဟုတ်သိအမှန်သိ ကုသိုလ်စိတ် ကြိယာစိတ်တို့နှင့် ယှဉ်သောပညာဝိဇ္ဇာဉာဏ်။သူတပါးအား လှည့်စားဉာဏ်၊ တဏှာ လောဘ ပြဋ္ဌာန်းသော စိတ်တ္တုပ္ပါဒ် အကုသလဝိတက် သဘော။

ပညာအပြား ၃မျိုး

စိန္တာမယ ပညာသုတမယပညာဘာဝနာမယ ပညာ
ကြံစည်သဖြင့် သိအပ်သော အရာမျိုး။သူ့တပါးထံမှ ကြား၍ သိသော အရာမျိုး။ပွားများသဖြင့် သိသော အရာမျိုး။[၁]

ပညာမျက်စိ ပညာစက္ကု ၅မျိုး

ဗုဒ္ဓစက္ခုဓမ္မစက္ခုသမန္တစက္ခုပညာစက္ခု၊၊ ဉာဏစက္ခုဒိဗ္ဗစက္ခု
ဣန္ဒြိယပရောပရိယတ္တိဉာဏ်နှင့် အာသယာနသယဉာဏ်တော် ၂ပါး။မဂ်ဉာဏ်တော်သဗ္ဗညုတဉာဏ်။အာသဝက္ခယဉာဏ်တော်။နတ်မျက်စိဖြင့် တူသော ဒိဗ္ဗစက္ခုအဘိညာဉ်ဉာဏ်တော်။[၂]

ပညာရခြင်း၏ အကြောင်း၈ပါး

ပညာတိုးပွားရခြင်း၏ အကြောင်းတရား ရှစ်ပါး။

ဝယ ပရိဏာမယသ ပရိဏာမပရိပုစ္ဆတိတ္ထဝါသယောနိသော မနသိကာရသာကစ္ဆသိနေဟူပသေဝနပတိရူပ ဒေသာဝါသ
အရွယ်ကို ငဲ့သဖြင့် ရ၏။အခြံအရံကို ငဲ့သဖြင့် ရ၏။မေးမြန်းခြင်းဖြင့် ရ၏။ကြာမြင့်စွာ နေရခြင်းဖြင့် ရ၏။ဝေဖန်ကြံဆခြင်းဖြင့် ရ၏။ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ရ၏။ချစ်သူကို ပေါင်းသင်းခြင်းဖြင့် ရ၏။လျောက်ပတ်သော အရပ်၌ နေရခြင်းဖြင့် ရ၏။

ပညာရှိ လက္ခဏ ၃ပါး

သုစိန္တိတ စိန္တီသုဘာသိတ ဘာသီသုကတ၊ ကမ္မ၊ ကာရီ
ကောင်းသော အကြံကိုသာ ကြံစည်ခြင်း။ကောင်းသော စကားကိုသာ ပြောဆိုခြင်း။အပြစ်မရှိကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း။ [၃]

ပညာရှိတို့ နစ်မြုပ်ကြောင်းမျိုး၃ပါး

  • မိုက်သော တပည့်ကို ပညာသင်ကြား လက်သုံးထားခြင်း။
  • အကျင့်ယုတ်သော မိန်းမနှင့် အိမ်ထောင်ပြုခြင်း။
  • မသူတော်နှင့် ပေါင်းသင်းဆက်ဆံခြင်း။

ပညာရှိမည်ကြောင်း ၄ပါး

  • ဓာတ်တို့၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ခြင်း။
  • အာယတနတို့၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ခြင်း။
  • ပဋိစ္စသမုပ္ပါဒ်တရားတို့၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ခြင်း။
  • အရာဟုတ်သည် အရာမဟုတ်သည် (ဌာနဌာန) တို့၌ လိမ္မာကျွမ်းကျင်ခြင်း။

ကိုးကား

အနာဂတ်သားငယ်သမီးငယ်များအတွက်ဗုဒ္ဓဓမ္မယဉ်ကျေးမှုသိစေလိုသောရည်ရွက်ဖြစ်ရေးသားခြင်းဖြစ်သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ