ပဋိပဒါသုတ်

(၄)သုတ် ရှိပါသည်။

[၁]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ပဋိစ္စသမုပ္ပါဒ အနုလောမဒေသနာတော်သည် ဝဋ္ဋသီသဖြစ်သောကြောင့် မိစ္ဆာပဋိပဒါ၊ ပဋိလောမ ဒေသနာတော်သည် ဝိဝဋ္ဋပက္ခိကဖြစ်သောကြောင့် သမ္မာပဋိပဒါဒေသနာတော်ဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ များစွာရှိပါသည်။


[၂]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အဿုတဝန္တ ပုထုဇဉ်ပုဂ္ဂိုလ်၏ သက္ကာယသို့ရောက်စေတတ်သောအကျင့် သက္ကာယသို့ ရောက်စေ တတ်သောရှုမှတ်မှုနှင့် သုတဝန္တအရိယသာဝက၏ သက္ကာယနိရောဓဂါမိနီပဋိပဒါ, သက္ကာယနိရောဓဂါမိနီသမနုပဿနာတို့ကို ခန္ဓတစ်ပါးစီ တစ်ပါးစီကို ဝေဖန်တော်မူ၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၃]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသမာဓိသည် မိစ္ဆာပဋိပဒါ, သမ္မာဒိဋ္ဌိ သမ္မာသမာဓိသည် သမ္မာပဋိပဒါဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၄]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသမာဓိသည် မိစ္ဆာပဋိပဒါ, လူ၏ဖြစ်စေ, ရဟန်း၏ဖြစ်စေ မိစ္ဆာပဋိပဒါကို ကျင့်ခြင်းကြောင့် ဉာယဓမ္မ (အရိယမဂ်)ကုသိုလ်ကို မပြီးစေနိုင်သဖြင့် ငါဘုရား ချီးမွမ်းတော် မမူ။

သမ္မာဒိဋ္ဌိ, သမ္မာသမာဓိသည် သမ္မာပဋိပဒါ, လူ၏ဖြစ်စေ, ရဟန်း၏ဖြစ်စေ သမ္မာပဋိပဒါကို ကျင့်ခြင်းကြောင့် ဉာယဓမ္မ (အရိယမဂ်)ကုသိုလ်ကို ပြီးစေနိုင်သဖြင့် ငါဘုရား ချီးမွမ်းတော်မူ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။[၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ