ပဌမသိက္ခမာနသိက္ခာပုဒ်

အမှု—၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

သိက္ခမာန်

“သိက္ခမာန”ဟူသော ပါဠိကို “သိက္ခမာန်”ဟု မြန်မာပြန်ကြ၏၊ [သိက္ခမာန = ကျင့်နေဆဲ ဖြစ်သော ကျင့်၍ မပြီးသေးသော ရဟန်းလောင်းဖြစ်သူ။] မိန်းမတို့သည် ၁-ပထမ သာမဏေရီ ပြုလုပ် ရ၏၊ ၂-ထို့နောက် အသက်ပြည့်သော်လည်း ရဟန်းမပြုရသေးဘဲ သိက္ခမာန်ဘဝ၌ ၂-နှစ်လုံးလုံး သိက္ခာပုဒ် ၆-ပါးကို ထိန်းသိမ်းနေ ရ၏၊ သိက္ခာပုဒ် ၆-ပါးကား-ပါဏာတိပါတ, အဒိန္နာဒါန, အဗြဟ္မစရိယ, မုသာဝါဒ, သုရာမေရယ, ဝိကာလဘောဇန တို့မှ ရှောင်ကြဉ် ရမှုများတည်း၊ ထိုသို့ သိက္ခမာန် ဖြစ်ဖို့ရန်လည်း (ရဟန်းခံသလို) ဘိက္ခုနီသံဃာက ဉ တ်ကမ္မဝါစာဖြင့် သိက္ခာသမ္မုတိ ပေးရလေသည်။ ရိုးရိုးသာမဏေရီများလည်း ထို ၆-ပါးမက ၁၀-ပါးလုံးပင် ထိန်းရပါ၏၊ သို့သော် ရိုးရိုးထိန်းမှုကား သိက္ခာပုဒ်ပျက်လျှင် ဆိုင်ရာဒဏ်ကို ထမ်းရုံ, လူဝတ်လဲ၍ သိက္ခာပုဒ်များကို နောက်ထပ် ဆောက်တည်ရုံမျှဖြင့် ပြီးနိုင်၏၊ သိက္ခမာန်အဖြစ်ဖြင့် ကျင့်နေသူကား သိက္ခာပုဒ် ၆-ပါးတွင် တစ်ပါးပါးပျက်လျှင် အစမှစ၍ ပြန်ပြီးဆောက်တည်ရ၏၊ ဥပမာ ၂-နှစ်ပြည့်ခါနီးမှ သိက္ခာပုဒ်တစ်ပါး ပျက်သွားလျှင် ပထမရက်က ပြန်၍ ထိန်းရ၏၊ “၂-နှစ်နီးပါး ထိန်းပြီးသားရက်တွေ အလကား ဖြစ်သွားကြလေသည်”ဟူလို၊ ဤသို့ ၂-နှစ် တိတိ သိက္ခာပုဒ် ၆-ပါးကို မပျက်စီးအောင် ထိန်းပြီးသူဖြစ်မှသာ တဆင့် တက်၍ ရဟန်းပြုပေးရသည်။

ထိုဘိက္ခုနီများကား ထိုသို့ ၂-နှစ်တိတိ မကျင့်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကြသဖြင့် ထိုသိက္ခမာန်တို့သည် ဝိနည်းတော်နှင့်စပ်၍ ပြုအပ်သောအမှု မပြုအပ်သောအမှုကို နားမလည်ရကား အခြားဘိက္ခုနီတို့က ဆရာလုပ်သူကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်

၂-နှစ်တို့ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျင့်ရသေးသော သိက္ခမာန်ကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ