ပတ္တမြားတောင်

ပတ္တမြားတောင်သည် မန္တလေးမြို့၊ မန္တလေးတောင်၏ အနောက်မြောက်ထောင့်တွင် တည်ရှိပြီး မန္တလေးတောင်အား ဝိုင်းရံထားသော တောင်ကိုးလုံးတွင် ပါဝင်လေသည်။

မန္တလေးတောင်ကို တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားသည်ဟု ဆိုသည်။ တောင်ကိုးလုံးတွင် အချို့သော တောင်ငယ်များမှာ စေတီပုထိုးကျောင်းဆောင်များ တည်ရှိနေသောကြောင့် တောင်ကုန်းဟုပင် မထင်ရတော့ပေ။ အချို့သောတောင်များမှာ ယ​ေန့တိုင် လှပစွာ တည်ရှိနေသေးသည်။

မန္တလေးတောင် သမိုင်းအချို့တွင် "'မဏ္ဍလေးတောင်"' ဟု ခေါ်တွင်ကြောင်းနှင့် မန္တလေးတောင်သည်

  1. ရွှေ တောင်၊
  2. ငွေတောင်၊
  3. ပတ္တမြားတောင်၊
  4. ဆေးဒါန်းတောင်၊
  5. မြင်းသီလာတောင်၊
  6. ဒုတ္ထာတောင်၊
  7. ရေလှည့်တောင်၊
  8. ကြေးနီတောင်၊
  9. ဘီလူးမတောင်ဟု အမည်တွင်သော တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားခြင်း မန္တလေးတောင်ကို လာရောက်ကြသူများ ကြည်လင်ရွှင်ပြရာ ဖြစ်သောကြောင့် မဏ္ဍလေးတောင် (မန္တလေးတောင်)ဟု ခေါ်တွင်ကြောင်း တောင်တော်သမိုင်းတွင် ရေးသားထားသည်။


ပတ္တမြားတောင်တွင် ရှေးမင်းများ တည်ထားခဲ့သော လက်ရာဟောင်း စေတီ၊ စောင်းတန်း၊ လှေကားဟောင်းများဖြင့် တင့်တယ်လှပစွာ မြင်တွေ့နိုင်သည်။ တောင်ထိပ်စေတီမှ မန္တလေးမြို့ ရှုခင်းကို ကြည့်ရှုနိုင်ပြီး မန္တလေးတောင်၏ အလှကို အပေါ်စီးမှ ရှုမြင်နိုင်သည့် နေရာပင် ဖြစ်သည်။ ရှေးအခါက ပတ္တမြား ကျောက်မျက်ရတနာ တွေ့ဖူးသည်ကို အကြောင်းပြုကာ ပတ္တမြားတောင်ဟု ခေါ်ကြောင်းသိရသည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ