ပန်တျာ

ပန်တျာ ဟူသော ဝေါဟာရသည် ပုဂံခေတ်တွင် ပေါ်ပေါက်လာပုံရသည်။ ပုဂံခေတ်ကျောက်စာများတွင် စည်ကြီး၊ နောင်နင်၊ ခက်ခွင်၊ ပသာ စသည့် ဂီတတူရိယာ ပစ္စည်း အမျိုးအမည်များကို တွေ့ရှိရသကဲ့သို့ ဂီတနှင့် ပတ်သက်သည့် ပန်တျာ ဟူသော ဝေါဟာရကိုလည်း စတင်တွေ့ရှိရသည်။ ဆရာကြီး ဦးဖိုးလတ်၏ မြန်မာစကား အဖွင့်ကျမ်းအရ - ပန် = ဖန်ဆင်းပြုလုပ်ခြင်း အတတ်၊ တျာ = တီးမှုတ်ခြင်း ဖြစ်ရာ ပန်တျာကို တီးမှုတ်သီဆိုခြင်း အတတ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ခရစ်နှစ်-၁⁠၁၉၀ ပြည့်နှစ်ထိုး ကြံသိုင်းကြီးသမီး ကျောက်စာတွင် ပန်တျာအိုလာပန်တျာအိုမုံ စသည်ဖြင့် ပန်တျာဝေါဟာရကို အမျိုးသမီးများ အမည်ဖြင့် တွဲဖက်သုံးထားသည်ကို တွေ့ရှိရသည်။ အလားတူ ခရစ်နှစ်-၁၂၃၅ ခုနှစ်ထိုး မင်းဆရာ ပိတရစ် ကျောက်စာတွင် သိခြင်သည်(သီချင်းသည်)၊ စန္ဒြသည်(စန္ဒရားသည်) စသည်ဖြင့် ရေးထိုးထားသည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ