ပလေးစတေရှင်

ပလေးစတေရှင်

ပလေးစတေရှင် (PlayStation|プレイステーション|တရားဝင်အတိုကောက် PS) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး ကုမ္ပဏီမှ ဂိမ်းစက်များ၏ ကုန်ပစ္စည်း အမှတ်တံဆိပ် အမည်ဖြစ်သည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပထမဆုံးသော ပလေးစတေရှင် ဂိမ်းစက် ကို ဂျပန်နိုင်ငံ၌ စတင်ဖြန့်ချိစဉ်က ဤအမှတ်တံဆိပ်ကို စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။[၁] ယခုအချိန်တွင် အိမ်သုံးဗီဒီယိုဂိမ်းစက် လေးမျိုး၊ အွန်လိုင်းဝန်ဆောင်မှု တစ်ခု၊ လက်ကိုင်ဂိမ်းခလုတ်များ၊ လက်ကိုင်ဂိမ်းစက် နှစ်မျိုး နှင့် ဖုန်း တစ်မျိုး စသည်တို့ကို ဤအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ချိထားပြီး ဖြစ်သည်။

PlayStation
Playstation logo
ပစ္စည်းအမျိုးအစားဗီဒီယိုဂိမ်းစက်
လက်ကိုင်ဂိမ်းစက်
ပိုင်ဆိုင်သူဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး
မူရင်းနိုင်ငံအာအိုရာမာ၊ မီနာတိုရပ်၊ တိုကျိုမြို့ဂျပန်နိုင်ငံဂျပန်နိုင်ငံ
စတင်မိတ်ဆက်သည့်အချိန်၁၉၉၄ ခုနှစ်
စျေးကွက်ကမ္ဘာတစ်ဝှန်း
မှတ်ပုံတင်ထားခြင်းကမ္ဘာတစ်ဝှန်း

ပထမဆုံး ပလေးစတေရှင်မျိုးဆက် ဂိမ်းစက်ဖြစ်သည့် ပလေးစတေရှင် ဂိမ်းစက်မှာ ထုတ်လုပ်ဖြန့်ချိပြီး ၉ နှစ်ခွဲအချိန်အထိ ဂိမ်းစက်အလုံးရေ သန်း ၁၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့သည့် ပထမဆုံးဂိမ်းစက် ဖြစ်ခဲ့သည်။[၂] နောက်ထွက်မျိုးဆက် ပလေးစတေရှင် ၂ ကို ၂၀၀၀ ပြည့်နှစ်တွင် ဖြန့်ချိခဲ့ပြီး "အရောင်းရဆုံးသော ဂိမ်းစက်"အဖြစ် စံချိန်တင်ခဲ့ကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဂိမ်းစက်အလုံးရေ ၁၅၅ သန်းကျော် ရောင်းချနိုင်ခဲ့သည်။[၃] ထို့နောက် ပလေးစတေရှင် ၃ ဂိမ်းစက်ကို ၂၀၀၆ တွင် စတင်ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ ဂိမ်းစက်အလုံးရေ သန်း ၈၀ ကျော် ရောင်းချနိုင်ခဲ့သည်။[၄] ဆိုနီ၏ လက်ရှိ နောက်ဆုံးဂိမ်းစက်ဖြစ်သော ပလေးစတေရှင် ၄ ဂိမ်းစက်ကို ၂၀၁၃ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး စတင်ရောင်းချချိန်မှ ၂၄ နာရီအတွင်း ဂိမ်းစက်အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ကာ ဂိမ်းစက်သမိုင်းတွင် အမြန်ဆုံးရောင်းချနိုင်ခဲ့သည့် ဂိမ်းစက်ဖြစ်ခဲ့သည်။[၅]

ပလေးစတေရှင်မျိုးဆက်၏ ပထမဆုံးသော လက်ကိုင်ဂိမ်းစက်ဖြစ်သည့် ပလေးစတေရှင် ပေါ့တေးဘဲလ် (PlayStation Portable or PSP) သည်လည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ အလုံးရေ သန်း ၈၀ ကျော် ရောင်းချနိုင်ခဲ့သည်။[၆] နောက်ထွက်မျိုးဆက်ဖြစ်သည့် ပလေးစတေရှင် ဗီတာ (PlayStation Vita) ကို ဂျပန်နိုင်ငံ၌ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ အလုံးရေ ၄ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။[၇] ပလေးစတေရှင် ဂိမ်းစက်များ၏ အဓိက လက်ကိုင်ခလုတ်ဖြစ်သည့် DualShock အမျိုးအစား တုန်ခါနိုင်သည့် ဂိမ်းလက်ကိုင်ခလုတ်မှာလည်း ၂၀၀၈ ခုနှစ် ဇွန် ၂၈ ရက်နေ့အထိ ၂၈ သန်းကျော် ရောင်းချနိုင်ခဲ့သည်။[၈]

အွန်လိုင်းဝန်ဆောင်မှုတစ်ခု ဖြစ်သော ပလေးစတေရှင် နက်ဝက်ခ် (PlayStation Network) သည်လည်း ကမ္ဘာတစ်လွှား အသုံးပြုသူဦးရေ သန်း ၁၁၀ ကျော်ရှိပြီဖြစ်သည်။[၉] ယင်း ပလေးစတေရှင် နက်ဝက်ခ် တွင် ပလေးစတေရှင် စတိုး (PlayStation Store) ဟုခေါ်သော ဂိမ်းများနှင့် မာလတီမီဒီယာမျိုးစုံကို ဝယ်ယူနိုင်သည့် အွန်လိုင်းအရောင်းဆိုင်၊ နှစ်စဉ်ကြေးဖြင့် အသုံးပြုရသော ပလေးစတေရှင် ပလပ်စ် (PlayStation Plus) နှင့် ပလေးစတေရှင် ဟုမ်း (PlayStation Home) ဟုခေါ်သော အသုံးပြုသူ ၃၁ သန်းကျော် (၂၀၁၃ မတ်လအထိ[၁၀]) ရှိသည့် လူမှုဂိမ်းကစားခြင်းကွန်ယက် ဝန်ဆောင်မှု တစ်ခုတို့ပါဝင်သည်။

သမိုင်းကြောင်း

မူလအစ

ပလေးစတေရှင် ကို ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး၏ အမှုဆောင်အရာရှိချုပ်ဟောင်း ကန် ကူတာနာဂီ (Ken Kutaragi|久夛良木 健) မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူ့အား "ပလေးစတေရှင်၏ ဖခင်ကြီး" အဖြစ် တင်စားခေါ်ဝေါ်ကြသည်။[၁၁][၁၂]

ဂိမ်းစက်တို့၏ မူလအစမှာ ၁၉၈၈ ခုနှစ်တွင် ဆိုနီနှင့် နစ်တန်းဒိုးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ဆူပါနစ်တန်းဒိုး ဖျော်ဖြေရေး စနစ် (Super Nintendo Entertainment System "Super Famicom") မှ အစပြုခဲ့သည်။[၁၃] ၁၉၉၁ မတ်လ နောက်ပိုင်းတွင် နစ်တန်းဒိုးမှ ဆိုနီနှင့် ပူးပေါင်းမှုမရှိဟု ငြင်းဆိုခဲ့သော်လည်း ၁၉၉၁ ခုနှစ် ဇွန်လတွင် ပြုလုပ်သည့် အီလက်ထရွန်းနစ် သုံးစွဲသူ ပြပွဲ (Consumer Electronics Show) တွင် CD-ROM စနစ် တပါတည်းပါဝင်သော Super Famicom ကို ဆိုနီမှ ထုတ်ဖော်ပြသခဲ့သည်။ သို့သော်လည်း ယင်းနောက်နေ့တွင် နစ်တန်းဒိုးမှ ဆိုနီနှင့် လမ်းခွဲပြီး ဖီးလစ် (Philips)နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၁၄] ထိုသို့ပြိုကွဲပြီးနောက် ထိုစဉ်က ဆိုနီ၏ နာယကဖြစ်သည့် နိုရီယို အိုဂါ (Norio Ohga|大賀典雄) မှ နစ်တန်းဒိုးကို အနိုင်ယူနိုင်မည့် ပလေးစတေရှင် ပရောဂျက် အတွက် ကူတာနာဂီ ကို တာဝန်ပေးခဲ့သည်။[၁၄]

နစ်တန်းဒိုးမှ ၎င်းတို့နှင့် ဖီးလစ်ပူးပေါင်းမှုတို့တွင် ဆိုနီအား ဂိမ်းနှင့်မသက်ဆိုင်သော ကဏ္ဍမှ ပါဝင်ရန် ကမ်းလှမ်းခဲ့သော်လည်း ကူတာနာဂီ က မြန်ဆန်စွာ ပယ်ချခဲ့သည်။ ၁၉၉၂ မေလတွင် ဆွေးနွေးညှိနှိုင်းမှုများ တရားဝင် အဆုံးသတ်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဇွန်လတွင် ပလေးစတေရှင် ပရောဂျက်၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည့် စည်းဝေးပွဲတစ်ခုကို ဆိုနီထိပ်သီးခေါင်းဆောင်များနှင့် ပြုလုပ်ခဲ့သည်။ ယင်းစည်းဝေးပွဲတွင် ကူတာနာဂီ မှ စီဒီရွမ်အခြေပြု ဗီဒီယိုဂိမ်း စနစ်ကို ထုတ်ပြပြောဆိုခဲ့သည်။ ယင်းနောက်တွင် ကူတာနာဂီ နှင့် သူ၏ ဝန်ထမ်းအဖွဲ့ဝင်များသည် ဆိုနီဌာနချုပ်မှ ဆိုနီ၏ သီးသန့်ဘဏ္ဍဖြင့် လည်ပတ်သော ဆိုနီ မြူးဇစ် (Sony Music) သို့ ပြောင်းရွှေ့ခဲ့သည်။

ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး ဖွဲ့စည်းခြင်း

၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကူတာနာဂီသည် ဆိုနီမြူးဇစ် ၏ အမှုဆောင်အရာရှိ ရှီဂီအို မာရူယာမာ (Shigeo Maruyama|丸山 茂雄)နှင့် အာကီရာဆာတို တို့ဖြင့် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment, Inc. "SCEI") ကို တည်ထောင်ခဲ့သည်။[၁၅]

၁၉၉၄ ခုနှစ်တွင် တိုကျိုမြို့ရှိ ဟိုတယ်တစ်ခုတွင် ပြုလုပ်သည့် ဆိုနီ၏ ဖြန့်ဖြူးရေး အစီအစဉ်များ ပြသသည့်ပွဲတွင် ဂိမ်းထုတ်ဝေသူများနှင့် ဂိမ်းရေးဆွဲဖန်တီးသူများအား ဂိမ်းစက်အသစ်ကို ပြသခဲ့ရာမှ များစွာသော ဂိမ်းရေးဆွဲဖန်တီးသူတို့၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ၁၉၉၄ အောက်တိုဘာတွင် ပလေးစတေရှင် ကို ဂျပန်တွင် ရောင်းချခဲ့ရာ ယင်းပြိုင်ဖက် ဆီဂါစေတန် (Sega Saturn) ထက် ဈေးသက်သာမှုကြောင့် အလုံးရေများစွာ ရောင်းချနိုင်ခဲ့သည်။ မြောက်အမေရိကနှင့် ဥရောပဈေးကွက်တွင် ဖြန့်ချိရာတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။[၁၄]

အိမ်သုံးဂိမ်းစက်များ

ပလေးစတေရှင်

မူလ ပလေးစတေရှင် ဂိမ်းစက်
ဒီဇိုင်းပြုပြင်ထားသော PSone

၁၉၉၄ ဒီဇင်ဘာ တွင် စတင်ဖြန့်ချိခဲ့သည်။ ပဉ္စမမြောက် ဂိမ်းစက်မျိုးဆက်အဖြစ် Nintendo 64 နှင့် Sega Saturn တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဒီဇိုင်းပြန်လည်ပြင်ဆင်ထားသည့် ပိုမိုကျစ်လျစ်သေးငယ်သည့် ပလေးစတေရှင် မော်ဒယ် "PSOne" ကို ဖြန့်ချိခဲ့သည်။ ၂၀၀၃ ဒီဇင်ဘာတွင် ပလေးစတေရှင်နှင့် ပီအက်စ်ဝမ်း ဂိမ်းစက်ပေါင်း ၁၀၂.၄၉ သန်းခန့် ရောင်းချနိုင်ခဲ့ပြီး[၁၆] သန်း ၁၂၀ ကျော်ရောင်းချနိုင်ခဲ့သော ပထမဆုံးဂိမ်းစက်ဖြစ်သည်။[၂]

ပီအက်စ်ဝမ်း

၂၀၀၀ ပြည့်နှစ် ဇူလိုင် ၇ ရက်တွင် နောက်ထွက်မျိုးဆက်ဖြစ်သော ပလေးစတေရှင် ၂နှင့် အပြိုင် ယခင် ပလေးစတေရှင် ကို ပြန်လည်ဒီဇိုင်းပြုပြင်ထားသော ပီအက်စ်ဝမ်း "PSOne" စက်ကို ဖြန့်ချိခဲ့သည်။

ပလေးစတေရှင် ၂

မူလ ပလေးစတေရှင် ၂ ဂိမ်းစက် (ဘယ်ဖက်) နှင့် slimline ပလေးစတေရှင် ၂ ဂိမ်းစက်၊ 8 MB မန်မိုရီကဒ် နှင့် DualShock 2 လက်ကိုင် ဂိမ်းခလုတ် (ညာဘက်)

ဆဋ္ဌမမြောက် ဂိမ်းစက်မျိုးဆက်ဖြစ်သော ပလေးစတေရှင် ၂ ကို ၂၀၀၀ ပြည့်နှစ်တွင် ဖြန့်ချိခဲ့သည်။ ပြိုင်ဖက်ဂိမ်းစက်များဖြစ်သော ဒရင်းကပ်စ် (Dreamcast) ထွက်ရှိပြီး ၁၅လ အကြာနှင့် အိပ်စ်ဘောက်စ် (Xbox)နှင့် နစ်တန်းဒိုး ဂိမ်းကျူ့ (Nintendo GameCube)တို့ မထွက်ခင် တစ်နှစ်အလိုတွင် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ ယခင်ဂိမ်းစက်ကဲ့သို့ပင် ပိုမိုပါးလွှာကျစ်လျစ်သော ဒီဇိုင်းပြောင်းထားသည့် Slimline ပလေးစတေရှင် ၂ ကိုလည်း ဖြန့်ချိခဲ့ရာ ယင်းစက်သည် အအောင်မြင်ဆုံး အိမ်သုံးဂိမ်းစက် ဖြစ်ခဲ့သည်။[၁၇] ၂၀၁၂ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ စက်အလုံးရေ ၁၅၅ သန်းကျော် ရောင်းချနိုင်ခဲ့သည်။[၃] ဖြန့်ချိပြီး ငါးနှစ်နှင့် ကိုးလခန့်အကြာ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဂိမ်းစက်ပေါင်း သန်း ၁၀၀ ကျော် အမြန်ဆုံးတင်ပို့ရောင်းချနိုင်သည့် ဂိမ်းစက်ဖြစ်လာခဲ့သည်။[၂] ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဂျပန်နိုင်ငံမှ ပလေးစတေရှင် ၂ ဂိမ်းစက် တင်ပို့ရောင်းချမှုကို ရပ်နားခဲ့သည်။[၁၈]

Slimline မော်ဒယ်

မူလ ပလေးစတေရှင် ၂ ကို ဖြန့်ချိပြီး ၄ နှစ်အကြာ ၂၀၀၄ ခုနှစ်တွင် ဖြန့်ချိခဲ့သော Slimline ပလေးစတေရှင် ၂ သည် မူလဂိမ်းစက်ထက် ပိုမိုပါးလွှာ ကျစ်လျစ်ပြီး ပေါ့ပါးသည်။

ပလေးစတေရှင် ၃

မူလ ပလေးစတေရှင် ၃ ဂိမ်းစက် (ဘယ်ဖက်)နှင့် slim ပလေးစတေရှင် ၃ ဂိမ်းစက် (ညာဘက်)၊ DualShock 3 လက်ကိုင်ဂိမ်းခလုတ်

၂၀၀၆ နိုဝင်ဘာလ ၁၇ ရက်တွင် မြောက်အမေရိကတွင် ဖြန့်ချိခဲ့သည့် ဆိုနီ၏ ပလေးစတေရှင် ၃ ဂိမ်းစက်သည် သတ္တမမြောက်ဂိမ်းစက် မျိုးဆက်စာရင်းဝင် ဖြစ်သည်။ မိုက်ခရိုဆော့ဖ်၏ အိပ်စ်ဘောက်စ် ၃၆၀ (Xbox 360)နှင့် နစ်တန်းဒိုး၏ ဒဗလျူတူး(Wii) ဂိမ်းစက်များနှင့် ခေတ်ပြိုင်ဖြစ်ခဲ့သည်။ ဂိမ်းစက်၏ ကြိုးမဲ့လက်ကိုင်ခလုတ်တွင် ထည့်သွင်းထားသော လှုပ်ရှားမှုအာရုံခံစနစ်ကြောင့် ပလေးစတေရှင် ၃ သည် လှုပ်ရှားမှုအာရုံခံစနစ်သုံး ပထမဆုံးသော ဂိမ်းစက်ဖြစ်သည်။ ၂၀၁၃ နိုဝင်ဘာလအထိ ဂိမ်းစက်ပေါင်း သန်း ၈၀ ကျော် ရောင်းချရခဲ့သည်။[၄]

Slim မော်ဒယ်

ယခင်မျိုးဆက်ဂိမ်းစက်များကဲ့သို့ပင် ပါးလွှာသော Slim မော်ဒယ် ပလေးစတေရှင် ၃ ကို ၂၀၀၉ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။ ယင်းမော်ဒယ်သည် ယခင်မော်ဒယ်ထက် ၃၃% ပိုမိုသေးငယ်ပြီး ၃၆% ပိုမိုပေါ့ပါးကာ ၃၄% မှ ၄၅% အထိ ပါဝါစားသုံးမှုနှုန်း ပိုမို သက်သာသည်။[၁၉][၂၀] Slim မော်ဒယ် ပလေးစတေရှင် ၃ ဂိမ်းစက်သည် စတင်ရောင်းချပြီး ၃ ပါတ်အတွင်း အလုံးရေ ၁ သန်းကျော်အထိ ရောင်းချနိုင်ခဲ့သည်။ မြောက်အမေရိကနှင့် ဥရောပတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့နှင့် ဂျပန်နိုင်ငံ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့တွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့များတွင် စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။[၁၉][၂၁][၂၂]

Super Slim မော်ဒယ်

၂၀၁၂ ခုနှစ်တွင် ဆိုနီမှ Super Slim မော်ဒယ် ပလေးစတေရှင် ၃ ဂိမ်းစက်ကို ထုတ်ဖော်ပြသခဲ့သည်။ ဒီဇိုင်းအသစ်ဖြင့် ယင်းဂိမ်းစက်သည် ၄.၃ ပေါင်သာလေးကာ ယခင် Slim မော်ဒယ်ထက် ၃ ပေါင်နီးပါး ပိုမိုပေါ့ပါးသည်။

ပလေးစတေရှင် ၄

ပလေးစတေရှင် ၄ ဂိမ်းစက်နှင့် DualShock 4 လက်ကိုင်ဂိမ်းခလုတ်

၂၀၁၃ ဖေဖော်ဝါရီ ၂၀ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုနီ၏ နောက်ဆုံးမျိုးဆက် ဂိမ်းစက်ဖြစ်သည့် ပလေးစတေရှင် ၄ ကို ပြသခဲ့သည်။ ၂၀၁၃ ခုနှစ် စတုတ္ထလေးလပတ်တွင် ထွက်ရှိခဲ့သော အဋ္ဌမမြောက် ဂိမ်းစက်မျိုးဆက်စာရင်းဝင် ပလေးစတေရှင် ၄ ဂိမ်းစက်သည် ပလေးစတေရှင်ဂိမ်းစက်မျိုးဆက်များအနက် x86 architecture ကိုစတင် မိတ်ဆက်ခဲ့သော ဂိမ်းစက် ဖြစ်သည်။ ယင်းအပြင် ပလေးစတေရှင် ၄ ဂိမ်းစက်ပိုင်ဆိုင်သူများ၏ စမတ်ဖုန်းနှင့် တက်ဘလက် များကို ဂိမ်းကစားရာတွင် ဒုတိယဖန်သားပြင်အဖြစ် ပြောင်းလဲပေးနိုင်မည့် PlayStation App ဝန်ဆောင်မှုကို လည်း မိတ်ဆက်ပေးခဲ့သည်။[၂၃] ပလေးစတေရှင် ၄ ဂိမ်းစက်အား ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ရောင်းချခဲ့သည်။

နှိုင်းယှဉ်မှု

ပလေးစတေရှင်ပလေးစတေရှင် ၂ပလေးစတေရှင် ၃ပလေးစတေရှင် ၄
ဂိမ်းစက်

[Not Pictured: SuperSlim model]

စတင်ရောင်းချသည့် ဈေးနှုန်းဂျပန်ယန်း ၃၉,၈၀၀[၁]
အမေရိကန်ဒေါ်လာ ၂၉၉[၂၄]
ပေါင်စတာလင် ၂၉၉[၂၅]
ဂျပန်ယန်း ၃၉,၈၀၀[၁]
အမေရိကန်ဒေါ်လာ ၂၉၉[၂၄]
ပေါင်စတာလင် ၂၉၉[၂၅]
ဂျပန်ယန်း ၄၉,၉၈၀ (20 GB)[၁]
အမေရိကန်ဒေါ်လာ ၄၉၉ (20 GB), အမေရိကန်ဒေါ်လာ ၅၉၉ (60 GB)[၂၄]
ပေါင်စတာလင် ၄၂၅ (60 GB)[၂၆]
ယူရို ၅၉၉ (60 GB)[၂၅]
ဂျပန်ယန်း ၃၈,၉၈၀
အမေရိကန်ဒေါ်လာ ၃၉၉
ယူရို ၃၉၉
ပေါင်စတာလင် ၃၄၉
ဖြန့်ချိသည့်နေ့JPN ဒီဇင်ဘာ ၃, ၁၉၉၄[၂၇]
NA စက်တင်ဘာ ၉, ၁၉၉၅[၂၄]
EU September 29, 1995[၂၅]
AUS နိုဝင်ဘာ ၁၅, ၁၉၉၅[၂၈]

PSone Model
EU ၂၀၀၀၀၄၂၅ဧပြီ ၂၅, ၂၀၀၀
JPN ၂၀၀၀၀၇၀၇ဇူလိုင် ၇, ၂၀၀၀
NA ၂၀၀၀၀၉၁၉စက်တင်ဘာ ၁၉, ၂၀၀၀
JPN မတ် ၄, ၂၀၀၀[၁]
NA အောက်တိုဘာ ၂၆, ၂၀၀၀[၂၄]
[၂၉]EU နိုဝင်ဘာ ၂၄, ၂၀၀၀[၂၅]
AUS ၂၀၀၀၁၁၃၀နိုဝင်ဘာ ၃၀, ၂၀၀၀

Slimline Model
EU ၂၀၀၄၁၀၂၉အောက်တိုဘာ ၂၉, ၂၀၀၄
JPN ၂၀၀၄၁၁၀၃နိုဝင်ဘာ ၃, ၂၀၀၄
NA ၂၀၀၄၁၁နိုဝင်ဘာ ၂၀၀၄
AUS ၂၀၀၄၁၁နိုဝင်ဘာ ၂၀၀၄
JPN နိုဝင်ဘာ ၁၁, ၂၀၀၆[၁]
NA နိုဝင်ဘာ ၁၇, ၂၀၀၆[၂၄]
EU မတ် ၂၃, ၂၀၀၇[၂၅]

Slim Model
JPN ဩဂုတ် ၂၇, ၂၀၀၉[၁]
NA စက်တင်ဘာ ၁, ၂၀၀၉[၂၄]
EU စက်တင်ဘာ ၁, ၂၀၀၉[၂၅]

Super Slim Model
NA စက်တင်ဘာ ၂၅, ၂၀၁၂[၂၄]
EU စက်တင်ဘာ ၂၈, ၂၀၁၂[၂၅]
JPN အောက်တိုဘာ ၄, ၂၀၁၂[၁]
NA နိုဝင်ဘာ ၁၅, ၂၀၁၃[၃၀]
EU နိုဝင်ဘာ ၂၉, ၂၀၁၃[၃၁]
AUS နိုဝင်ဘာ ၂၉, ၂၀၁၃[၃၁]
JPN ဖေဖော်ဝါရီ ၂၂, ၂၀၁၄[၃၂]
ရောင်းရသော အရေအတွက်၁၀၂.၄၉ သန်း၊ PSone အလုံးရေ ၂၈.၁၅ သန်းအပါအဝင် (၃၁ မတ် ၂၀၀၇ အထိ)[၁၆]>၁၅၅ သန်း (၂၀၁၂ ဒီဇင်ဘာ ၂၈ အထိ)[၃]>၈၀ သန်း (၂၀၁၃ နိုဝင်ဘာ အထိ)[၄]၁၀ သန်း (၂၀၁၄ ဩဂုတ် ၁၂ အထိ)[၃၃]
အရောင်းရဆုံး ဗီဒီယိုဂိမ်းGran Turismo; ၁၀.၈၅ သန်း(၃၀ ဧပြီ ၂၀၀၈ အထိ)[၃၄][၃၅]Grand Theft Auto: San Andreas; ၁၇.၃၃ သန်း(၂၆ မတ် ၂၀၀၈ အထိ)[၃၄]Grand Theft Auto V; ၁၅ သန်းကျော်(၇ ဒီဇင်ဘာ ၂၀၁၃ အထိ)Killzone Shadow Fall"; ၂.၁ သန်း (၂ မတ် ၂၀၁၄ အထိ)
မီဒီယာCD-ROM-based mediaDVD-ROM/CD-ROMBD-ROM, DVD-ROM, CD-ROM, Super Audio CD (1st and 2nd Gen Only)Blu-ray, DVD
Blu-ray 6x CAV, DVD 8x CAV
ပါဝင်သော ပစ္စည်းများ
  • RFU Adapter
  • Controller (PlayStation Controller or DualShock, depending on production date)
  • DualShock 2 Controller
  • Composite AV cable
  • Internal hard drive (20, 40, 60, 80, 120, 160, 250, 320 or 500 GB, depending on model)
  • Wireless DualShock 3 / Sixaxis Controller
  • Composite AV cable
  • Ethernet ကြိုး
  • USB ကြိုး
  • Internal hard drive (500GB)[၃၆]
  • Wireless DualShock 4 Controller
  • Mono Headset
  • Power ကြိုး
  • HDMI ကြိုး
  • USB ကြိုး
ရောင်းချသော ဆက်စပ်ပစ္စည်းများ
  • PlayStation Controller
  • Dual Analog Controller
  • DualShock
  • Multitap (up to 4 players)
  • Fishing reel controllers (Bass Landing and Reel Fishing)
  • GunCon
  • Jogcon
  • Konami Justifier
  • NeGcon
  • PocketStation
  • Flightstick
  • Memory Card
  • S-Video ကြိုး
  • Euro-AV ကြိုး (RGB-SCART)
  • DualShock 2
  • PlayStation 2 HDD
    Internal hard drive supported by PlayStation 2 Expansion Bay (model 30000 and 50000 only)
  • PlayStation 2 Headset
  • EyeToy
  • Driving Force Steering Wheels with Force Feedback
  • 'Onimusha 3 katana controller
  • Resident Evil 4 chainsaw controller
  • PlayStation 2 DVD remote control
  • Network adapter
    Built-in for slim case model (PSTwo, model 70000)
  • Memory Card (8 MB, 16 MB, 32 MB, 64 MB, 128 MB) (for PlayStation 2)
  • Guitar Hero SG Controller
  • 'Buzz' Controllers
  • Light gun (GunCon 2)
  • Multitap (multi-controller adaptor)
  • Component AV cable
  • S-Video ကြိုး
  • Euro-AV ကြိုး (RGB-SCART)
  • Microphones (with Karaoke Revolution and SingStar games)
  • USB Mouse & Keyboard
  • PlayStation Move
  • PlayStation Eye
  • DualShock 3 Wireless Controller
  • Blu-ray Remote Control
  • S-Video Cable
  • Component AV ကြိုး
  • D-Terminal AV ကြိုး
  • HDMI ကြိုး
  • PlayTV
  • Torne
  • Various rhythm game controllers for Guitar Hero, DJ Hero, Band Hero, Rock Band and Singstar games
    • Microphones
    • Guitar and Bass Guitar controllers
    • Drum controllers
    • Turntable controllers (DJ Hero/DJ Hero 2)
    • Keyboard controller (Rock Band 3)
  • Light Gun (GunCon 3)
  • DualShock 4 Wireless controller
  • ပလေးစတေရှင် ကင်မရာ
  • HDMI ကြိုး
CPUR3000A 32bit RISC chip @ 33.7 MHz - Manufactured by LSI Corporation300 MHz MIPS "Emotion Engine"Cell Broadband Engine (3.2 GHz Power Architecture-based PPE with eight 3.2 GHz SPE8-Core AMD "Jaguar"
GPU16.47 million colors

Resolution: 256x224 - 640x480Sprite/BG drawingAdjustable frame bufferNo line restrictionUnlimited CLUTs (Color Look-Up Tables)4,000 8x8 pixel sprites with individual scaling and rotationSimultaneous backgrounds (Parallax scrolling)620,000 polygons/sec

147 MHz "Graphics Synthesizer"; fill rate 2.352 gigapixel/sec; 1.1 gigapixel w. 1 texture(diffuse); 588 megapixel/sec w. 2 textures (2 diffuse maps or 1 diffuse map and 1 other(0 around 74 mill, 1 around 40 mill, 2 around 20 mill); 2 textures per pass

Capable of multi-pass rendering;

Connected to VU1 on CPU (a vector only for visual style coding things with 3.2Gflops) to deliver enhanced shader graphics and other enhanced graphics

550 MHz RSX "Reality Synthesizer" (based on Nvidia G70 architecture)Custom AMD Radeon
18 Compute Units (1152 shaders) @ 800 MHz[၃၇]
အွန်လိုင်းဝန်ဆောင်မှုမရှိNon-unified serviceပလေးစတေရှင် နက်ဝက်ခ်
ပလေးစတေရှင် စတိုး
Internet browser
A/V chat via PlayStation Eye or PS2[၃၈] EyeToy, voice chat via headset
ပလေးစတေရှင် ဟုမ်း
ပလေးစတေရှင် နက်ဝက်ခ်
Backward compatibilityမရှိPlayStation20GB & 60GB: All PlayStation and PlayStation 2 titles

Original 80GB: All PS1 titles, most PS2 titles.[၃၉]All other models(model code CECHGxx(40GB model in Europe) and later): Support for PS1 titles only.

No native backwards compatibility. Cloud based backwards compatibility via PlayStation Now[၄၀]
System softwareproprietary OSproprietary OS, Linux
DVD Playback Kit
XrossMediaBar (XMB)Orbis OS[၄၁]
System software
features
Audio CD playbackAudio CD playback

DVD Playback

Operating Systems can be installed and run via a hypervisor (feature unavailable with Slim Model[၄၂])

Audio CD playbackAudio file playback (ATRAC3, AAC, MP3, WAV, WMA)
Video file playback (MPEG1, MPEG2, MPEG4, H.264-AVC, DivX )
DVD PlaybackImage editing and slideshows (JPEG, GIF, PNG, TIFF, BMP)
Mouse and keyboard support
Folding@Home client with visualizations from the RSX

Blu-ray playback

DVD playback

Consumer programmabilityRequires the Net Yaroze kitYabasic software, Linux for PlayStation 2Development on console via free Linux platform or PC.TBA

လက်ကိုင်ဂိမ်းစက်များ

ပလေးစတေရှင် ပေါ့တေးဘဲလ်

မူလ ပလေးစတေရှင် ပေါ့တေးဘဲလ်

၂၀၀၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၀၅ ခုနှစ် မတ်လတို့တွင် ဖြန့်ချိခဲ့သော ပလေးစတေရှင် ပေါ့တေးဘဲလ် (PlayStation Portable|PSP)သည် နစ်တန်းဒိုး ဒီအက်စ် ဂိမ်းစက်ကို ယှဉ်ပြိုင်ရန် ထုတ်လုပ်ခဲသော ဆိုနီ၏ ပထမဆုံး လက်ကိုင်ဂိမ်းစက် ဖြစ်သည်။ ဂိမ်းနှင့် ရုပ်ရှင်ဇာတ်လမ်းများ နှစ်မျိုးလုံး သိမ်းဆည်းနိုင်သည့် Universal Media Disc (UMD) ဟုခေါ်သော မှတ်ဉာဏ်မီဒီယာ ကို အသုံးပြုထားသော ပထမဆုံး ဂိမ်းစက်လည်း ဖြစ်သည်။[၄၃] ၃၂ မီဂါဘိုက် ပမာဏရှိသော မန်မိုရီတပါတည်းပါရှိကာ Memory Stick PRO Duo ကဒ်များနှင့်လည်း တွဲဖက် အသုံးပြုနိုင်မည်ဖြစ်သည်။[၄၄] ယင်းဂိမ်းစက်သည် PS3 ၏လက်ကိုင်ခလုတ်ပုံစံနှင့် ဆင်တူပြီး ပလေးစတေရှင် လိုဂိုနှင့် ပလေးစတေရှင် ခလုတ်များဖြစ်သည့် ('တြိဂံ')၊ ('အဝိုင်း/O')၊ ('ကြက်ခြေ/X') နှင့် ('လေးထောင့်') ခလုတ်များအား အဖြူရောင်ဖြင့် ထည့်သွင်းထားသည်။

2000 နှင့် 3000 မော်ဒယ်များ

PSP-2000 ဂိမ်းစက်

၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ထုတ်လုပ်ခဲ့သည့် PSP-2000 မော်ဒယ်ဂိမ်းစက်သည် မူလ ပလေးစတေရှင် ပေါ့တေးဘဲလ်ကို ဟက်ဒ်ဝဲလ်များ အကြီးစားပြင်ဆင်ထားသည့် ဂိမ်းစက်ဖြစ်သည်။ ယင်းမော်ဒယ်သည် မူလ ပလေးစတေရှင် ပေါ့တေးဘဲလ်ထက် ၃၃% ပိုမိုပေါ့ပါးကာ ၁၉% ပိုမိုပါးလွှာသည်။[၄၅][၄၆] ဘက်ထရီသိုလှောင်နိုင်မှုကို သုံးပုံတစ်ပုံခန့် လျော့ချထားသော်လည်း ပါဝါစားသုံးမှုလျော့နည်းခြင်းကြောင့် အသုံးပြုနိုင်သည့်အချိန်မှာ မူလ ပလေးစတေရှင် ပေါ့တေးဘဲလ်နှင့် အတူတူပင် ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဒုတိယမြောက် ဟက်ဒ်ဝဲလ်များပြင်ဆင်ထားသည့် PSP-3000 မော်ဒယ်ကို ဆိုနီမှ ဖြန့်ချိခဲ့သည်။ ယင်းမော်ဒယ်တွင် ယခင် PSP-2000 တွင် မပါဝင်သည့် အရာများဖြစ်သော အသံဖမ်းမိုက္ကရိုဖုန်းနှင့် အဆင့်မြှင့်ထားသော ဖန်သားပြင်တို့ ပါဝင်သည်။

ပီအက်စ်ပီ ဂိုး မော်ဒယ်

အနက်ရောင် ပီအက်စ်ပီ ဂိုး

၂၀၀၉ အောက်တိုဘာတွင် ခေတ်နှင့်အညီ ကြီးကြီးမားမား ပြုပြင်ထားသည့် ပီအက်စ်ပီ ဂိုး (PSP Go) ကိုဖြန့်ချိခဲ့သည်။ ယခင်ပီအက်စ်ပီများနှင့် မတူသည့်အချက်မှာ ဂိမ်း၊ရုပ်သံဖိုင်နှင့် အခြားမီဒီယာဖိုင်များ သိမ်းဆည်းရန်အတွက် UDM အစား ၁၆ ဂီဂါဘိုက် ဝင်ဆံ့သည့် flash memory ကို အသုံးပြုထားခြင်းဖြစ်သည်။ Memory Stick Micro (M2) ကဒ်ကို အသုံးပြု၍ ၃၂ ဂီဂါဘိုက်အထိ အဆင့်မြှင့်နိုင်သေးသည်။ နောက်ထပ် မတူသည့်အချက်မှာ ပီအက်စ်ပီ ဂိုး ၏ ဘက်ထရီကို အသုံးပြုသူမှ ဖြုတ်ခြင်း၊ လဲလှယ်ခြင်း မလုပ်နိုင်သည့် အချက်ဖြစ်သည်။ PSP-1000 မော်ဒယ်ထက် ၄၃% ပိုမိုပေါ့ပါးကာ ၅၆% ပိုမိုသေးငယ်ပြီး[၄၇] PSP-3000 ထက် ၁၆% ပိုမိုပေါ့ပါးကာ ၃၅% ပိုမိုသေးငယ်သည်။[၄၈] ၃.၈ လက်မရှိ ဖန်သားပြင်ပါသည့် ပီအက်စ်ပီ ဂိုး တွင် ကစားနိုင်မည့် ဂိမ်းများကို ပလေးစတေရှင် စတိုးမှတဆင့် ဝယ်ယူရမည်ဖြစ်သည်။ ဘလူးတုဒ် ကိုအသုံးပြု၍ ပလေးစတေရှင် ၃၏ လက်ကိုင် ခလုတ်များနှင့် ချိတ်ဆက်နိုင်မည့် နည်းပညာတစ်ခုလည်း ပါဝင်လေသည်။[၄၈]

E1000 မော်ဒယ်

E1000 မော်ဒယ် ပလေးစတေရှင် ပေါ့တေးဘဲလ်သည် ဈေးသက်သာအောင် ဖန်တီးထားသည့် အမျိုးအစားဖြစ်သည်။ ဝိုင်ဖိုင်ချိတ်ဆက်မှု မပါဝင်သလို စတူဒီယို စပီကာများအစား မိုနိုစနစ် စပီကာ တစ်ခုသာ ပါဝင်သည်။[၄၉]

ပလေးစတေရှင် ဗီတာ

ပလေးစတေရှင် ဗီတာ ဂိမ်းစက်

ပလေးစတေရှင် ဗီတာ ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ဂျပန်နိုင်ငံနှင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြောက်အမေရိကတွင် ဖြန့်ချိခဲ့သည်။[၅၀] မူလမော်ဒယ် PCH-1000 နှင့် မော်ဒယ်သစ် PCH-2000 ဟူ၍ နှစ်မျိုးဖြန့်ချိခဲ့သည်။ PCH-2000 မော်ဒယ်သည် မူလမော်ဒယ်ထက် ၂၀% ပိုမိုပါးလွှာကာ ၁၅% ပိုမိုပေါ့ပါးသည်။ PCH-1000 တွင် အိုအယ်လ်အီးဒီ ဖန်သားပြင်ကို အသုံးပြုထားသော်လည်း PCH-2000 တွင်မူ အယ်လ်စီဒီ ဖန်သားပြင်ကိုသာ အသုံးပြုထားသည်။ PCH-2000 မော်ဒယ်ဂိမ်းစက်အား အရောင်ခြောက်မျိုး (အဖြူ၊ အနက်၊ ပန်းရောင်၊ အဝါ၊ အပြာနှင့် သံလွင်စမ်းရောင်) ဖြင့် ဂျပန်နိုင်ငံတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့တွင်လည်းကောင်း၊ မြောက်အမေရိကတွင် ၂၀၁၄ ခုနှစ် မေလ ၆ ရက်နေ့တွင်လည်းကောင်း အသီးသီး ရောင်းချခဲ့သည်။[၅၁]

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ