ပေါင်းတင်း

အရှေ့တောင်အာရှ ကောက်ညှင်းကျည်တောက်

ပေါင်းတင်းဆိုသည်မှာ ၂ လက်မခွဲ ၃ လက်မ အချင်းရှိ သင်းဝါး ဝါးကျည်တောက် အစိုနုနုတွင် ကောက်ညှင်းကို ထည့်ပြီး မီးဖုတ်၍ ရသော ကောက်ညှင်းကျည်တောက်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း ရှမ်းနီလူမျိုးများ နေထိုင်ရာတွင် ဆောင်းတွင်းအခါ၌ ရနိုင်သော ရိုးရာ အစားအစာတစ်ခုဖြစ်သည်။ ထိုနယ်မြေများတွင် ပေါင်းတင်းဖုတ်သောဝါးလည်းပေါသည်။ ထိုပေါင်းတင်းဖုတ်သောဝါးမှာ ဝါးအသားပါးပြီ၊ အခေါင်းကျယ်သည်။ အချင်း ၂ လက်မခွဲ၊ ၃ လက်မလောက်ရှိသည်။ ဝါးတစ်ဆစ်လျှင် အရှည် ၂ ပေခွဲ၊ ၃ ပေ ခန့်ထိရှိသည်။ ထို့ကြောင့် ထိုပေါင်းတင်းဝါးဖြင့် ဖုတ်လျှင် ပေါင်းတင်ကျည်လှလှပပ ထွားထွားကြီးများရသည်။ ကောက်ညှင်းကလည်း ဒေသထွက်ဖြစ်သောကြောင့် အတော်စေးပြီး ချိုသည်။ အချို့က မြေထောက်ပဲစေ့များပါ ထည့်ပြီး ဖုတ်သောကြောင့် ပဲပေါင်းတင်း၊ အုန်းသီးဆံများ ထည့်ပေါင်းသောကြောင့် အုန်းပေါင်းတင်း စသဖြင့်လည်း စားနိုင်သေးသည်။

ပေါင်းတင်း ဖုတ်မည်ဆိုလျှင် ပေါင်းတင်းဝါးကို ဝယ်လိုက ဝယ်။ တောထဲမှ ခုတ်လိုက ခုတ်လာနိုင်သည်။ ဝါးက အဆစ်ရှည်၊ အခေါင်းကျယ် သင်းဝါး။ ဝါးမှာ ဝါးကျည်ထောက် တစ်ဖက်ပိတ်ဖြစ်သည်။ ခပ်နုနုဖြစ်သည်။ ထို့ကြောင့် ပေါင်းတင်းဖုတ်ပြီး နောက်ပိုင်းဝါးအခွံကို ခွှာလိုက်လျှင် ပေါင်းတင်းအကာ ထူထူလေးကိုရသည်။ ဝါးနံ့မွှေးမွှေးလေးက သင်းနေသည်။ ကောက်ညှင်ဆန်းကို ပေါင်းတင်းကျည်တောက်ထဲ ထည့်ပြီး ရေနှင့်စိမ်ထားရသည်။ ၆ နာရီလောက် စိမ်သည်ဟု ထင်သည်။

ထို့နောက် တစ်ဖက်ပွင့်နေသော အဝကို ငှက်ပျောဖက် သို့မဟုတ် အင်ဖတ်ဖြင့် ပိတ်ဆို့ပြီး မီးကောင်းကောင်းနှင့် ပေါင်းတင်းကျည် ဖုတ်တော့သည်။ ပေါင်းတင်းကျည်ကို တစ်ဖက်သတ် မီးမလောင်စေရန် ဂရုစိုက်ရသည်။ လှည့်လှည့်ပေးရသည်။ အရင်းအဖျားအကျက်ညီအောင် မျှပြီး ဖုတ်ရသည်။ ပေါင်းတင်း အတော်တင်းလာ ကျက်လာ ဆူလာလျှင် ပေါင်းတင်းဝါးကျည်ထောက်ထဲမှ ပိတ်မိနေသော ရေငွေ့များ ထွက်သွားစေရန် ဓားထက်ထက်ဖြင့် ပေါင်းတင်းကျည်ကို ဆတ်ခနဲ တစ်ချက် ခုတ်ဖောက်ပေးရသည်။

ထိုခုတ်ဖောက်လိုက်သော နေရာမှ ရေနွေးငွေ့များရှူးခနဲ ပန်းထွက်လာပြီး ပေါင်းတင်း အကျက်ညီစေရန်၊ ကောက်ညှင်းဆန်များ နှပ်သွားစေရန် မီးအေးအေးဖြင့် ဆက်ဖုတ်ကြသည်။ ရေနွေးငွေ့များ ပန်းထွက်ခြင်း နည်းသွားပြီး ပေါင်းတင်း အကျက်ညီသွားပြီဆိုပါက ပေါင်းတင်းဖုတ်တာ ရပ်လိုက်တော့သည်။ နောက်စားလိုသောအခါမှ ပေါင်းတင်းခေါင်းဖက်၊ အဆစ်ပိတ်နေသောဖက်ကို ပြောခြင်းဖြစ်သည်။ ထိုခေါင်းဖက်ကို အဆစ်ကြေသွား၊ ကွဲသွားအောင် ထုနှက် ရိုက်ခွဲပြီး၊ ဝါးကျည်တောက်တွင် ကပ်နေသော အကာများ ပေါင်းတင်း ကောက်ညှင်းသားတွင် ကပ်စေရန်အတွက် ပေါင်းတင်း တစ်ကျည်လုံးကို ခပ်ဆတ်ဆတ်လေး ထုထောင်းပြီး ဝါးအခွံကို ခွာလိုက်သည်။ အထဲတွင် ဝါးအကာဖွေးဖွေးလေး၊ ဝါးရနံ့သင်းသင်းဖြင့် စားချင့်စဖွယ် ပေါင်းတင်းကို ရတော့သည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ