ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ

မြန်မာနိုင်ငံ အဝေးရောက်အစိုးရ (၁၉၉၀–၂၀၁၂)

ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အင်္ဂလိပ်: National Coalition Government of the Union of Burma; အတိုကောက် NCGUB) ၏ ဝန်ကြီးချုပ်မှာ ဒေါက်တာစိန်ဝင်း ဖြစ်သည်။ ၎င်းအစိုးရအဖွဲ့ကို ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ အစိုးရအဖွဲ့၏ ရုံးခန်းကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီတွင် ဖွင့်လှစ်ထားပြီး အမေရိကန်အစိုးရက အသိအမှတ်ပြုသည်။ ထိုအစိုးရအဖွဲ့ကို အရှေ့တောင်အာရှတွင် အရှေ့တီမောနိုင်ငံက အသိအမှတ်ပြုသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
National Coalition Government of the Union of Burma
ညွန့်ပေါင်းအစိုးရ၏ အလံတော်
အလံတော်[၁]
နိုင်ငံတော် သီချင်း: ကမ္ဘာမကြေ
လက်ရှိအခြေအနေအဝေးရောက်
မြို့တော်ရန်ကုန်
ရော့ခ်ဗီးလ်၊ မေရီလန်းပြည်နယ်အမေရိကန်ပြည်ထောင်စု (အဝေးရောက်)
အစိုးရညွန့်ပေါင်းအစိုးရ
စိန်ဝင်း (၁၉၉၀–၂၀၁၂)
ဥပဒေပြုလွှတ်တော်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ
ဖြစ်ရပ်များ
• ဖွဲ့စည်း
၁၈ ဒီဇင်ဘာ ၁၉၉၀
• ဖျက်သိမ်း
၁၄ စက်တင်ဘာ ၂၀၁၂

အစိုးရဖွဲ့စည်းပုံ

နိုင်ငံရေးပါတီအညွှန်း

ပါတီအမည် အတိုကောက်ပါတီအမည်အရှည်
PNDParty for National Democracy
NLDအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
CNLDချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
DOKNUကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့
ALDရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်
Ind.တစ်သီးပုဂ္ဂလ

အစိုးရအဖွဲ့

ရာထူးအမည်နိုင်ငံရေးပါတီ
ဝန်ကြီးချုပ်ဒေါက်တာ စိန်ဝင်းPND
နိုင်ငံခြားရေးဒေါက်တာစိန်ဝင်းPND
ဘဏ္ဍာရေးဦးဘိုလှတင့်NLD
ဝန်ကြီးချုပ်ရုံးဦးတယ်ဒီဘူးရီNLD
ပြန်ကြားရေးဦးမောင်မောင်အေးNLD
ဖက်ဒရယ်ရေးရာခွန်မာကိုဘန်းDOKNU
တရားရေးရာဦးသိန်းဦးNLD
ကျန်းမာရေးနှင့် ပညာရေးဒေါက်တာစန်းအောင်Ind.
ဝန်ကြီးချုပ်ရုံးဒေါက်တာ တင့်ဆွေNLD
လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဒေါက်တာ ဇလှယ်ထန်CNLD
အလုပ်သမားဦးသာနို့ALD

အမျိုးသားညွန့်ပေါင်းအစိုးရ ဥက္ကဋ္ဌများ (၁၉၉၀-၂၀၁၂)

အမည်ဓာတ်ပုံName
(မွေးဖွား–ကွယ်လွန်)
ရာထူးသက်တမ်း
ရာထူးစတင်ရာထူးပြီးဆုံး
             ဒေါက်တာ စိန်ဝင်း၄ ဇူလိုင် ၁၉၉၀၇ အောက်တိုဘာ ၂၀၀၀
ဒေါက်တာ တင့်ဆွေ၂၀၀၀၁၂ ဩဂုတ် ၂၀၀၁
ဦးတယ်ဒီဘူးရီ[၂]၁၂ ဩဂုတ် ၂၀၀၁၁၈ စက်တင်ဘာ ၂၀၀၁
(၁)ဒေါက်တာစိန်ဝင်း[၃]၁၈ စက်တင်ဘာ ၂၀၀၁၁၈ စက်တင်ဘာ ၂၀၁၂

ပြည်နယ်ကိုယ်စားပြုများ

မဲဆန္ဒနယ်များ

ရွေးကောက်ခံ ကိုယ်စားလှယ်ရွေးကောက်သောပြည်နယ်
ဦးတယ်ဒီဘူးရီကရင်နီပြည်နယ်
ခွန်မာကိုဘန်းရှမ်းပြည်နယ်
ဒေါက်တာ ဇလှယ်ထန်ချင်းပြည်နယ်
ဦးသာနို့ရခိုင်ပြည်နယ်

သမိုင်းကြောင်း

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလာ ၁၈ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟို စည်းရုံးရေးကော်မတီအား မာနယ်ပလောတွင် ရောက်ရှိနေကြသည့် (NLD) ဗဟိုနှင့်တိုင်းအဆင့်တို့တွင် တာဝန်ယူ ခဲ့ကြသော (NLD) အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဥက္ကဋ္ဌ Dr.စိန်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းခက်၊ အဖွဲ့ဝင်များအဖြစ် ဦးမြင့် အောင်၊ ဦးမောင်မောင်အေး၊ ဦးသိန်းဦး တို့ ပါဝင်သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဗဟိုစည်းရုံးရေးကော်မတီအား တိုးချဲ့ဖွဲ့စည်းသည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်အာဏာရှင်တိုက်ဖျက်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ကော်မတီအား DAB မှ ကိုယ်စားလှယ်(၇)ဦး၊ (NLD-LA) မှ ကိုယ်စားလှယ် (၇)ဦး စုစုပေါင်း(၁၄)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

၁၉၉၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌ တတိယအကြိမ်မြောက် လူ့အခွင့် အရေးအခမ်းအနားကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ၁၉၉၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအား မာနယ်ပလောတွင် တိုးချဲ့ဖွဲ့စည်းသည်။ ၁၉၉၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီး ဌာနမှ ဦးစီး၍ ကျန်းမာရေးညီလာခံအား မာနယ်ပလောခန်းမတွင် ကျင်းပခဲ့သည်။

၁၉၉၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဥရောပပါလီမန်မှ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အရေးယူ ဆောင်ရွက်ချက်များနှင့် NCGUB အား ထောက်ခံ အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ချက်များ ချမှတ်သည်။ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) အား ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ညွန့်ပေါင်းအစိုးရသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ရန် တရားဝင်ဖျက်သိမ်းခဲ့သည်။[၄][၅]

ကိုးကား

ပြင်ပလင့်ခ်

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ