ဗဟန်းမြို့နယ်

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်

ဗဟန်းမြို့နယ်သည် ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးကမာရွတ်ခရိုင်အတွင်း ပါဝင်သည်။ ဗဟန်းသည် အဝါရောင်ရှိသောမြေကို ခေါ်ဆိုခြင်းဖြစ်သည်ဆို၏။ ရှေးအခါက ဗဟန်းအရပ်သည် ကန့်ထွက်ရာဒေသ ဖြစ်ဟန်တူသည်။ ဗဟန်းရပ်သည် ကိုလိုနီခေတ်ဦးကာလအထိ တောတောင်ထူထပ်ရာအရပ် ဖြစ်သည်။ စာဆိုတော် စလေဦးပုညကပင် "ဗဟန်းသွားတောလား" ဟူ၍ ရေးဖွဲ့ခဲ့ဖူးသည်။[၁]

ဗဟန်းမြို့နယ်
Skyline of ဗဟန်းမြို့နယ်
ကမာရွတ်ခရိုင်အတွင်း တည်နေရာ (အပြာ)
ကမာရွတ်ခရိုင်အတွင်း တည်နေရာ (အပြာ)
ရန်ကုန်မြို့အတွင်း တည်​နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ဗဟန်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဗဟန်းမြို့နယ်
ဗဟန်းမြို့နယ်
ဗဟန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°48′29″N 96°9′8″E / 16.80806°N 96.15222°E / 16.80806; 96.15222
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်ကမာရွတ်
စာပို့သင်္ကေတ၁၁၂၀၁

ဖွဲ့စည်းပုံ

စုစုပေါင်းရပ်ကွက် (၂၂)ခု ဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အနောက်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်၊ အရှေ့ဘက်တွင် တာမွေမြို့နယ်တို့ တည်ရှိပြီး တောင်အရပ်တွင် ဒဂုံမြို့နယ်နှင့် မင်္ဂလာ‌တောင်ညွန့်မြို့နယ် တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း (၂၁)ကျောင်းရှိသည်။

ထင်ရှားသော အဆောက်အဦးများ

ဖော်ပြပါဇယားမှာ ဗဟန်းမြို့နယ်၏ ထင်ရှားသော အဆောက်အဦးများဖြစ်သည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်ပြတိုက်၂၅ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်
ခြောက်ထပ်ကြီးဘုရားဘုရားရွှေဂုံတိုင်လမ်းမ
ငါးထပ်ကြီးဘုရားဘုရားရွှေဂုံတိုင်လမ်းမ
တိုင်းရင်းဆေးရုံဆေးရုံငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း)
ဓမ္မဇောတိတရားစခန်းငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း)
ဗဟန်းအမျိုးသမီးဆေးရုံဆေးရုံငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း)(ယခင်)ဒေါ်ခင်ကြည်ဆေးရုံ

အကိုးအကား




🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ